သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေတွင်ဆေးဝါးနှင့်စားသုံးကုန်ပစ္စည်းတချို့စျေးတက်၊ ဆန်စျေးနှုန်းမှာတည်ငြိမ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 9.1k

ဇော်ဝင်းအောင်

နိရဉ္စရာ၊ဇူလိုင် ၁၇/၂ဝ၂၁

ကိုဗစ်တတိယလှိုင်းအတွင်း စစ်တွေမြို့တွင် ဆေးဝါးပစ္စည်းတစ်ချို့နှင့် စားသုံးကုန်းပစ္စည်းတစ်ချို့ကို ဝယ်ယူစုဆောင်းမူရှိလာ၍ ၎င်းကုန်ပစ္စည်းများမှာ စျေနူန်းမြင့်တက်လာသော်လည်း ဆန်စျေးနှုန်းမှာ ဆက်လက်တည်ငြိမ်နေကြောင်း စျေးဆိုင်ပိုင်ရှင်များက ပြောသည်။

စစ်တွေတွင် နှာခေါင်းစည်း(Mask)နှင့် Biogesic Decogen စသည့် အဖျားပျောက်ဆေး တစ်ချို့ အပါအဝင် စားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆီ၊ ဟင်းချိုမှုန့်၊ ငရုတ်သီးအခြောက် များမှာ ယခု ဇူလိုင်လအတွင်း စျေးနူန်းမြင့်မားလာသည်ဟု စျေးသည်များနှင့်ကုန်သည်များထံမှသိရသည်။

 ဆေးနှင့်ဆေးဝါးပစ္စည်းများ စျေးနူန်းမြင့်တက်လာကြောင်း စစ်တွေမြို့တော်ဝင်ဆေးဆိုင်ပိုင်ရှင် မအိချေက ဆေးရောင်းနေရင်းနဲ့ ပြတ်သွားတဲ့ ဆေးတွေရှိပါတယ်။ ပြတ်သွားတာကတော့ ကုမ္ပဏီကနေပြတ်သွားတာပါ။ ပြတ်သွားတဲ့ဆေးတွေကတော့ အားဆေးတစ်မျိုးဖြစ်တဲ့ Enervon-C အဖျားပျောက်ဆေးများဖြစ်တဲ့ DecogenBiogesic  စတဲ့ဆေးတွေ ပြတ်သွားပါတယ်။ Enervon-C ကတော့ပြန်ရောက်ပါပြီ။ Decogen နဲ့ Biogesic လည်းဒီတစ်ရက်နှစ်ရက် အတွင်းမှာ ပြန်ရောက်ဖို့တော့ ရှိပါတယ်။ ဆေးနဲ့ ဆေးဝါးပစ္စည်းတွေလည်းတော်တော်များများ စျေးတက်သွားပါတယ်။ ရင်က ၈၀၀ နဲ့ရောင်းတဲ့ပစ္စည်းတစ်ခုကို အခု ၁၀၀၀ ကျော်လောက်နဲ့ ရောင်းနေရပါတယ်။ နှာခေါင်းစည်း(Mask) ဆိုရင် ကျပ်တစ်ထောင်ကျော် လောက်နဲ့ရောင်းခဲ့တာ အခု ၃၀၀ လောက်နဲ့ ရောင်းနေရပါတယ်။ နောက်ပိုင်း ကုမ္ပဏီတွေက မှာလို့မရရင် ပစ္စည်းတွေ ပြတ်သွားနိုင်မယ့် အခြေအနေတွေရှိပါတယ်။ အခုလည်း  တစ်ချို့ကုမ္ပဏီတွေဆို အော်ဒါ ပိတ်ထားတာတွေရှိပါတယ် ဟုပြောသည်။

စားသောက်ကုန်ပစ္စည်းတစ်ချို့စျေးနူန်းမြင့်မားလာမူနှင့် ပတ်သက်ပြီး  စစ်တွေမြို့မစျေးကြီး၊ စားသောက် ကုန်စုံဆိုင်ပိုင်ရှင် မခင်ခင်လှိုင်က ယခုထက်ပိုပြိး စျေးနူန်းမြင့်တက်လာပါက ကိုဗစ်ကာမှာ စားသောက်သူများအနေဖြင့် အခက်အခဲဖြစ်လာနိုင်ကြောင်းပြောသည်။

ကုန်စျေးနူန်းကတော့ ဆီ၊ ဟင်းချိုမူန့်၊ ငရုတ်သီးအခြောက် တွေလည်းစျေးတက်သွားပါတယ်။ ဟင်းချိုမူန့်ဆိုရင် အရင်က လေးထောင်ကျော်လောက်ပဲရှိတာ။ အခု ငါးထောင်ကျော်လောက် ဖြစ်သွားပါတယ်။ စားဆီက ပိဿာလိုက်ဆိုရင် တစ်ပိဿာကို အရင် သုံးထောငငါးရာ လောက်နဲ့ ရောင်တယ်။ အခု လေးထောင်လောက်နဲ့ ရောင်းရပါတယ်။ ငရုတ်သီးအခြောက်က တစ်ပိဿ ကိုအရင်က လေးထောင့်ငါးရာ၊ အခု ငါးထောင် ဖြစ်သွားပါတယ်။တခြားကုန်တွေလည်း တက်လိုက်ကျလိုက်နဲ့ စျေးကစားနေတာကိုတွေ့ရပါတယ်။ ကုန်စျေးနူန်း တက်တာကတော့ ဒိုင်တွေမှာလည်းကုန်ပစ္စည်းတွေအလွယ်တကူ မှာယူလိုမရနိုင်တာကြောင့် စျေးနူန်းတွေ တက်တာလို့ပြောပါတယ်။ စျေးရောင်းရတဲ့သူတွေအနေနဲ့လည်း ဝယ်ထားပြီးမှ စျေးကျသွားတာလည်း ရှိတယ်။ စျေးဝယ်တဲ့သူတွေအနေနဲ့လည်း စျေးကြီးရင်ကြီးတဲ့ အလျောက်လျော့ပြီး ဝယ်ယူကြရပါတယ်ဟုသူမကပြောသည်။

လက်ရှိမှာ စားသုံးကုန်ပစ္စည်းတစ်ချို့စျေနူန်းမြင့်တက်လျက်ရှိပြီး အဓိက စားသုံးကုန်ပစ္စည်း တစ်မျိုးဖြစ်တဲ့ ဆန်စျေးနူန်းကတော့ ယခင်လများကဲ့သို့ စျေးနူန်းငြိမ်နေကြောင်း သိရသည်။

စစ်တွေမြို့ အကယ်ဒမီဆန်ဆိုင်တာဝန်ရှိသူက ဆန်စျေးနူန်းကတော့ ပြောင်းလဲသွားတာမျိုးမရှိပါဘူး။ စျေးနူန်း ငြိမ်နေတာ တစ်လကျော်လောက်ရှိပပြီး။ အနိမ့်ဆုံး ဆန်တွေကတော့ စျေးနူန်း  နှစ်သောင်းကိုးထောင်၊ သုံးသောင်းလောက်ရှိပါတယ်။ ဆန်ကြီး၊ ပေါ်ဆန်းမွှေး တွေကတော့ အမျိုးအစားအပေါ်မူတည်ပြီး လေးသောင်းဝန်းကျင်လောက်ရှိပါတယ်ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးမှုမြင့်မားလာသည့်အတွက် စျေးဝယ်သူများ အနေဖြင့် စားသောက်ကုန်နှင့် ဆေးဝါးတချို့ကို ဝယ်ယူမှုမြင့်မားခဲ့ကြောင်း၊ ယင်းကြောင်း နေ့စဉ် သုံးစားသောက်ကုန်နှင့် ဆေးဝါးတချို့တို့ ပြတ်တောက်မှုရှိလာကြောင်းသူမတို့၏ ပြောပြချက်အရ သိရသည်။

ဆက်စပ် သတင်းများ