တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

မောင်တောမြို့နယ် ခမောင်းဆိပ်ကျေးရွာတွင် ၅တန်းကျောင်းသားတစ်ဦး စစ်ကျန်ဗုံးသီးပေါက်ကွဲ၍ သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 9.6k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၃/၂၀၂၃

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာတွင် လူငယ်တစ်ဦး ယမန်နေ့ ဖေဖော်ဝါရီလ ၂ ရက်၊ နေ့လယ်က ငှက်ကိုင်းထောင်ရန်သွားရာမှ မြေတွင်မြုပ်နေသည့် စစ်ကျန် ဗုံးသီးဟောင်းတစ်လုံး ပေါက်ကွဲ၍သေဆုံးသွားကြောင်း သိရသည်။

 

သေဆုံးသွားသူမှာ ခမောင်းဆိပ်ကျေးရွာနေ ငါးတန်းကျောင်းသား မောင်ကျော်စိုး (၁၃နှစ်)ဖြစ်သည်။

 

မည်သို့ မည်ပုံ ဗုံးသီးပေါက်ကွဲသွားသည်ကို သေချာမသိရသော်လည်း မြေတွင်မြုပ်နေသည့် ဗုံးသီးဖြစ်ကြောင်း ကျေးရွာသားများကပြောသည်။

 

ဗုံးသီကို ကိုင်ပြီးဆွဲနုတ်သလား။ ပါလာတဲ့ ဓားနဲ့ ဗုံးသီးကို ခေါက်ကြည့်လို့ ဗုံးသီးကွဲတာလား။ ဘယ်သူမှ မမြင်လိုက်တော့ တပ်အပ်မပြောနိုင်ဘူး။ လာစစ်ဆေးတဲ့ ရဲနဲ့ စစ်တပ်ကတော့ ဗုံးသီးကွဲတာလို့ ပြောတယ်။ ဗုံးသီးပေါက်ကွဲတဲ့ အဲဒီတွင်းက တစ်ပေ တ်လည် အကျယ်လောက်ရှိပါတယ်။ အဲဒီအနားမှာဘဲ သူက ပက်လက်လန်ပြီး သေနေပါတယ်။ ဦးခေါင်၊ မျက်နာ၊ လက် အကုန်လုံးမှာ ဒဏ်ရာတွေ ပြည့်နေပါတယ်  ဟု ပြောကြားသည်။

 

၎င်းလူငယ်သည်  ဖခင်ဖြစ်သူနှင့် မိသားစုများ မောင်တောသို့ သွားနေစဉ် အဘွားဖြစ်သူနှင့် အိမ်တွင်ကျန်နေခဲ့ပြီး  လေးမြို့ ကေသီ မြောင်တွင် ငှက်ကိုင်းထောင်ရန်သွားစဉ် ၎င်းဖြစ်ရပ်ဆိုးနှင့် ကြုံခဲ့ရသည်ဟု ဖခင်ဖြစ်သူက ပြောသည်။

 

" ကျွန်တော့်သားက အသက် ၁၃ နှစ်ပဲ ရှိပါသေးတယ်။ ၅ တန်းတက်နေပါတယ်။ အခုလို သားုံးသွားတော့ ကျွန်တော် မခံစားနိုင်အောင် နာကျင်ရပါတယ်။ ကျွန်တော် မ်းနည်းလို့လည်းမဆုံးတော့ပါဘူး" ဟုပြောသည်။

 

အဆိုပါလူငယ်အား ယနေ့နေ့လယ်ပိုင်းတွင် ခမောင်းဆိပ်သုသာန်တွင် သဂြိုလ်သွားမည်ဖြစ်ကြောင်းသိရသည်။

 

(NN-8)

ဆက်စပ် သတင်းများ