- Web Master
- ၀၃ အောက်တိုဘာ ၂၀၂၄
စစ်တွေမြို့ပေါ်တွင် ယနေ့မွန်းလွဲပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသူမှာ ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ တပ်ရင်းမှူးအဆင့်ရှိသူ ဗိုလ်မှူးခိုင်စိုးလွင် ဖြစ်သည်ဟု သိရသည်။
အသက် ၄ဝ
ကျော်အရွယ်ရှိ ALP ဗိုလ်မှူး
ခိုင်စိုးလွင်သည် ယနေ့ စက်တင်ဘာလ ၁၅ ရက်၊ မွန်းလွဲ ၁၂
နာရီကျော်တွင် စစ်တွေမြို့ရှိ ပြည်နယ်ဆက်သွယ်ရေးရုံးအနီး ကွမ်းယာဆိုင်တစ်ဆိုင်ရှေ့၌
သေနတ်ဖြင့် ပစ်ခတ်ခံလိုက်ရသလို ချွန်ထက်သော အရာတစ်ခုဖြင့် အထိုးခံခဲ့ရသည်ဟု မျက်မြင်ဒေသခံများက
ပြောသည်။
သူ၏ နဖူးတွင်
ကျည်ဖောက်ဝင်ဒဏ်ရာနှင့်အတူ ညာဖက်ရင်အုံ၊
ညာဖက် လက်မောင်းတို့တွင်လည်း
ထိုးသွင်းဒဏ်ရာများရရှိကာ ပွဲချင်းပြီးသေဆုံးသွားခြင်းဖြ
အဆိုပါအသတ်ခံရသူကို အမည်မသိလူ ၄ ဦးက ဆိုင်ကယ် နှစ်စီးဖြင့် လာရောက်ကာ အနီးကပ် သေနတ်ဖြင့်ပစ်ခတ်ကာ ဓား(သို့မဟုတ်) စူးဖြင့်ထိုးသတ်သွားခဲ့ခြင်းဖြစ်ပြီး မည်သည့်အဖွဲ့၊ မည်သည့်အုပ်စု၏ လက်ချက်ဖြစ်သည်ကို မသိရသေးဟု ဆိုသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး
ALP ဥက္ကဋ္ဌ
ဒေါ်စောမြရာဇာလင်းကို နိရဥ္စရာက ဆက်သွယ်ရာ အမျိုးသမီးတစ်ဦးက ဆရာမကြီး
မည်သူနှင့်မျှ စကားမပြောလိုဟု တုံ့ပြန်ဖြေဆိုခဲ့သည်။
ဆက်လက်ပြီး ALP
အတွင်းရေးမှူး
ဗိုလ်မှူးခိုင်သူရိန်ကို ဆက်လက်ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည် ဖြေကြားခြင်းမရှိခဲ့
ပြီးခဲ့သည့် ဇွန်လ
၁ ရက်၊ နေ့လယ် ၁ နာရီခန့်ကလည်း စစ်တွေတွင် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ALP မှ ပါတီဒုတိယဥက္ကဋ္ဌ ခိုင်နီရောင်၊ တပ်ရင်းမှူး
ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်မင်းနှင့် ယာဉ်မောင်း ခိုင်ကျော်နိုင်တို့သည်လည်း
စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ALP ဥက္ကဋ္ဌ စောမြရာဇာလင်း၏နေအိမ်မှ
အိမ်စီးကားအနက်ရောင်တစ်စီးဖြင့် ပြန်လာစဉ် စစ်တွေတက္ကသိုလ်နှင့်
မင်းဂံရထားသံလမ်းအနီးသို့အရောက် ဆိုင်ကယ်ဖြင့်လိုက်လာသည့်
လက်နက်ကိုင်တစ်စု၏ သေနတ်ဖြင့်ပစ်သတ်ခြင်းကို ခံခဲ့ရ၍ ပွဲချင်းပြီး
သေဆုံးသွားခဲ့သည်ဟု သိရသည်။
ယင်းအပြင်
ကားတွင်လိုက်ပါလာသည့် တပ်ဖွဲ့ဝင် ၃ ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
အလားတူ အဆိုပါ
ALP ပါတီမှ
စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြနှင့် နောက်ထပ် တပ်မှူး ၂
ဦးတို့သည်လည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်၊ မွန်းတည့်ပိုင်းတွင် စစ်တွေရှိ
ဝေသာလီ အားကစားကွင်း၌
စစ်ကောင်စီကပြုလုပ်ခဲ့သည့် လွတ်လပ်ရေးနေ့အခမ်းအနားသို့တက်