- Web Master
- ၂၇ မေ ၂၀၂၄
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မစျေးထဲတွင် စစ်ကောင်စီက ပစ်ခတ်လိုက်သည့်
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ မီးအပြင်းအထန်လောင်နေသည်ဟု သိရသည်။
ယနေ့ နိုဝင်ဘာလ ၂၄ ရက်၊ နေ့လယ် ၂ နာရီခွဲခန့်တွင် စစ်ကောင်စီ၏နေဗီက ပစ်ခတ်လိုက်သည့်
လက်နက်ကြီးကျည်နှစ်လုံးသည် ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်ရှိ မြို့မစျေးဟောင်းထဲ
ကျရောက်ပေါက်ကွဲ၍ မီးလောင်နေခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။
"မီးက တော်တော်ပြင်းပါတယ်။ ခုထိလောင်နေတုန်းပါ"ဟု
ပြောသည်။
အဆိုပါစျေးထဲ စျေးဆိုင်ခန်းအများအပြားသို့ မီးကူးစက်လောင်ကျွမ်းနေခြင်းဖြစ်ပြီး
မီးသတ်ကား ၃ စီးနှင့် မီးငြှိမ်းသတ်၍ မနိုင်တော့ဟု ဒေသခံများက ပြောကြသည်။
၎င်းစျေးအနီးတွင် နေအိမ်များလည်း အများရှိနေပြီး
နေအိမ်များသို့လည်း ကူးစက်နေပြီဟု အဆိုပါမြို့ခံက ပြောသည်။
"မီးက တအားပြင်းတော့ အဲဒီဘက်ကို သွားလို့ကိုမရသေးဘူး"ဟု
ပြောသည်။
ပျက်စီးဆုံးမှုကိုလည်း လောလောဆယ် မသိရသေးပါ။
ပုဏ္ဏားကျွန်းမြို့၊ ဂူဝအနီးရှိမြစ်ပြင်တွင် ဆိုက်ကပ်နေသော
စစ်ကောင်စီနေဗီသည် ပုဏ္ဏားကျွန်းမြို့နှင့် အနီးဝန်းကျင်ကျေးရွာများကို
နေ့စဥ်ရက်ဆက် ရည်ရွယ်ချက်ရှိရှိပစ်ခတ်နေသည်ဟု သိရသည်။ (NN-16)
ဓာတ်ပုံ - လူမှုကွန်ရက်