တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာကို ဧည့်စာရင်းစစ်ရာတွင် လူဂုဏ်သိက္ခာထိခိုက်မှုများရှိခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 2k

နိရဉ္စရာ၊ မေ ၂/၂၀၂၂

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာအုပ်စုကို မေလ ၂၂ ရက် ညဉ့်အချိန် ဧည့်စာရင်း ဝင်စစ်ရာတွင် လူ့ဂုဏ်သိက္ခာထိခိုက်မှုရှိခဲ့သည်ဟု အမည်မဖော်လိုသူ ကျေးရွာလူကြီးတစ်ဦးက ပြောသည်။

 

ရွာကို ဝင်လာတာနဲ့ လျှပ်စစ်မီးမှိတ်လိုက်တယ်။ ပြီးရင်ပြန်ဖွင့်တယ်။ စစ်ကားကြီး ၃ စီးဝင်လာတော့ လူတိုင်း တုန်လှုပ်အံ့ဩသင့်သွားခဲ့ကြတယ်။ ပီးရင် အိမ်ထောင်စုစာရင်းကိုင်ပြီး အိမ်ရှေ့မှာ မတ်တပ်ရပ်ခိုင်းတယ်။ လူတွေကို ဒီလို ညဉ့်အချိန်ကြီးမှာ ရပ်ခိုင်းတာက ကျွန်တော်တို့ ကို ဂုဏ်သိက္ခာကို ထိခိုက်မှုရှိတယ်လို့ ပြောချင်ပါတယ်ဟု ပြောဆိုသည်။

 

မေလ ၂၂ ရက် ည ၈ နာရီခန့်က စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာများပါဝင်သည့်အဖွဲ့သည် ဗျိုင်းဖြူရွာထဲကို စစ်ကားသုံးစီးဖြင့် ရုတ်တရက် မီးမှိတ် ဝင်ရောက်လာပြီး  ၅ နာရီခန့်ကြာအောင် ဧည့်စာရင်း စစ်ဆေးမှုရှိခဲ့သည်ဟု ဆိုသည်။

 

"အိမ်ထောင်စုစာရင်းတွေကိုင်ပြီး အိမ်ရှေ့မှာ မတ်တပ်ရပ်ဖို့ခိုင်းတယ်။ တစ်အိမ်မှာ ဘယ်နှယောက် ရှိလ မေးတယ်။ အိမ်မှာလူပိုတွေရှိနေလားမေးတယ်။  သတင်းတစ်ခုရလို့ လာစစ်တယ်လို့ ပြောကြတယ်  သေချာတော့မသိဘူး။ တစ်ရွာလုံးတိတ်ဆိတ်သွားတယ်။ ရွာအဝင် ရွာအထွက် တွေမှာလည်း ယောကျ်ားလေးတွေကို ပိုစစ်တယ်။ အခုလို တင်းမာနေကြတဲ့ အချိန်မှာတော့ အရမ်းသတိထားပြီးနေရတယ်" ဟုပြောသည်။

 

အဆိုပါဧည့်စာရင်းစစ်ဆေးမှုများပြုလုပ်ခဲ့သည့် စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာများသည် မနက် ၂ နာရီကျော်ခန့်တွင် ဗျိုင်းဖြူရွာမှ ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။ 

 

အဆိုပါဗျိုင်းဖြူရွာသည် စစ်တွေနှင့်မနီးမကမ်းတွင်တည်ရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး အိမ်ခြေတစ်ထောင်ကျော်ခန့်ရှိကြောင်းသိရသည်။

 

ပြီးခဲ့သည့်မေလ ၇ ရက်နေ့၊ ညအချိန်ကလည်း စစ်တွေမြို့နယ် ကံ့ကော်ကျွန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ဧည့်စာရင်းဝင်ရောက်စစ်ဆေးမှုများရှိခဲ့ကြောင်း သိရသည်။

 

ဆက်စပ် သတင်းများ