သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်ကောင်စီက အမ်းမြို့တွင် နေအိမ် ၁၁ လုံးကို အတင်းအဓမ္မဖယ်ရှားခိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 4.8k

 

နိရဉ္စရာ၊ ဇွန် ၁၀/ ၂၀၂၂

 

စစ်ကောင်စီက ရခိုင်ပြည်နယ်၊ အမ်းမြို့၊ လေယာဉ်ကွင်းရပ်ကွက်ရှိ နေအိမ် ၁၁ လုံးကို မိုးရာသီအတွင်း အတင်းဓမ္မ ဖယ်ရှားခိုင်းထားသည်ဟု သတင်းရရှိသည်။ မိုးရာသီတွင် သုံးရက်အတွင်း အိမ်များကို ပြောင်းရွှေ့ခိုင်း၍ အထူးအခက်အခဲကျရောက်နေသည်ဟု ပြောင်းရွှေ့ခံရသူ မိသားစုများက ပြောသည်။

 

 ၎င်းနေအိမ် ၁၁ လုံးကို ဆက်သွယ်ရေးရုံးဟောင်းမြေနေရာဖြစ်သည်ဟုဆိုကာ ဇွန်လ ၁၂ရက်နေ့ကို နောက်ဆုံးထား၍ ဖယ်ရှားခိုင်ထားကြောင်း၊ ၎င်းမိသားစု ၁၁ စုအနေဖြင့် ပြောင်းရွှေ့ရန် ြေနေရာအစားထိုးမရ၍ အခက်ကြုံနေရကြောင်း ကာယကံရှင်များက ပြောသည်။

 

နေအိမ်ဖယ်ရှားခံနေရသည့် အမျိုးသမီးတစ်ဦးက "ဒီ ၃ ရက်တည်းနဲ့ အပြီးသတ် ကျွန်မတို့က ဘယ်လိုဖယ်ရှားပေးရမလဲ  ကျွန်မတို့က နေစရာမရှိလို့ နေနေကြတာ။ အခုလိုမိုးတွင်းကြီး ဖယ်ပေးရမယ်ဆိုတော့ ကျွန်မတို့အနေနဲ့ အတော့်ကိုဒုက္ခရောက်ပါတယ်" ဟု ပြောသည်။

 

နေအိမ်ဖယ်ရှားခံရသူများသည် ယခုမြေနေရာတွင်နေထိုင်လာသည်မှာ ၁၆ နှစ်ခန့်ရှိပြီဟု ပြောကြသည်။

 

အမ်းမြို့က လူမှုရေး လှုပ်ရှားသူ ကိုမျိုးလွင်က  "အဲ့ဒီအိမ်တွေကဆိုရင် ဒီဆက်သွယ်ရေးရုံးက အမ်းမြို့သစ်ကိုပြောင်းသွားလို့ လွတ်ကျန်ခဲ့တဲ့မြေနေရာတွေမှာဆောက်ထားတဲ့ အိမ်တွေကို ဖယ်ရှား ခိုင်းနေတာဖြစ်ပါတယ်။ အခုက မိုးရာသီဆိုတော့ ဖယ်ရှားပေးရမယ့် နေအိမ်ပိုင်ရှင်တွေအနေနဲ့ အခက်အခဲတွေရှိတယ်" ဟု ပြောသည်။

 

ထိုသို့ဖယ်ရှားပေးရန်အမိန့်စာကို  ဇွန်လ ၆ ရက်နေ့ ကတည်း ထုတ်ပြန်ခဲ့သော်လည်း နေအိမ်ပိုင်ရှင်များအနေဖြင့် ဇွန်လ ၉ ရက်မှ လက်ခံရရှိသည်ဟု သိရသည်၊၊

 

ထိုသို့ ရုတ်တရက်ဆိုသလို ၃ ရက်အတွင်းအပြီးသတ်ဖယ်ရှားခြင်းခံရ၍ မိုးရာသီအတွင်း ချက်ချင်းဖယ်ပေးရန် အခက်တွေ့နေရသည်ဟုလည်း နေအိမ်ပိုင်ရှင်များက ပြောသည်။

 

၂၀၁၈ ခုနှစ်အတွင်းကလည်း အဆိုပါမြေနေရာသည် မယကရုံးပိုင် မြေနေရာဟုဆို၍ ယခုနေထိုင်သူများကို မယကရုံးကခေါ်၍ စစ်တွေမြို့အထိလာပြီး မယကဌာနနှင့် တရားရင်ဆိုင်ခဲ့ရသည်ဟု သိရသည်။

 

အိမ်ပိုင်ရှင်များဘက်က အနိုင်ရရှိခဲ့သည့်အတွက် ဆက်လက် နေထိုင်နေစဥ် မြန်မာ့ဆက်သွယ်ရေး ရာဌာနက ဆက်သွယ်ရေးပိုင်မြေဟုဆိုကာ ထပ်မံဖယ်ရှားခိုင်းနေခြင်းဖြစ်သည်ဟု အိမ်ပိုင်ရှင်များက ပြောသည်။

 

နေအိမ်ဖယ်ရှားခံနေရသည့် အမျိုးသမီးတစ်ဦးက "သူတို့ကပြောတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာမှာရှိတဲ့ အိမ်တွေက ဖယ်ကိုဖယ်ရှားပေးရမှာတဲ့။ ဒုတပ်မှူးရဲ့အမိန့်နဲ့ဖယ်ခိုင်းနေတာလို့ပြောတော့ ကျွန်မတို့ကလည်း ဖယ်ပေးရမှာပေါ့"ဟုပြောသည်။

 

ယင်းသို့ဖယ်ပေးရမည်ဖြစ်သော်လည်း နေရာမရှိသေး၍ မည်သည့်နေရာသို့သွားရမည်ကို စဥ်းစား၍ မရသေးဟု ဆိုသည်။

 

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းတည်ရှိရာ အမ်းမြို့တွင် ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့ကလည်း အောက်ရွာကျေးရွာအုပ်စု ကျော်ဇံဆီဆိုင်ကုန်းလမ်းဆုံရှိ ဆိုင်ခန်းများနှင့် ခမရ ၃၇၁ တပ်အနီးစာသင်ကျောင်းတစ်ကျောင်းအပါအဝင် ဈေးဆိုင်ခန်းနှင့် လူနေအိမ်စုစုပေါင်း ၂၀၀ ကျော်ကို ဖြိုဖျက်၊ ဖယ်ရှား ပေးလိုက်ရသည်ဟုလည်း သိရသည်။ (NN - 12)

 

ဆက်စပ် သတင်းများ