- Web Master
- ၁၇ စက်တင်ဘာ ၂၀၂၄
ဆလိုင်းမိုးအောင်၊
နိရဉ္စရာ၊
ဇူလိုင် ၂၅/ ၂၀၂၄
လျှပ်စစ်မီး ပြတ်တောက်နေသည့် ရခိုင်က ဒေသအများအပြားမှာဖုန်းဘက်ထရီအားသွင်းခြင်းက စီးပွားရေးလုပ်ငန်း တစ်ခုလို ဖြစ်လာပြီး ပြည်သူများအတွက်လည်း ဖုန်းဘက်ထရီ အားသွင်းခြင်းက နေ့စဉ် အခြေခံကုန်ကျမှု တစ်ခု ဖြစ်လာသည်ဟု ဆိုသည်။
ဖုန်းအားသွင်းရာတွင် ဖုန်းတစ်လုံးလျှင် ၂၀၀၀ ကျပ်၊
ပါဝါဘန့်တစ်လုံးလျင် ၂၀၀၀
ကျပ်၊ မီးသီးတစ်လုံးကို ၂၀၀၀ ကျပ်အထိ အခကြေးငွေပေးကာ မီးစက်ပိုင်ရှင်များထံတွင် အားသွင်းအသုံးပြုနေရသည်ဟုလည်း မင်းပြားမြို့နယ်မှ
မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
"နေ့တိုင်းပဲ ဖုန်းတစ်လုံးကို
နှစ်ထောင်ပေးပြီးအားသွင်းနေရတာ
ယင်းအပြင်
လက်ရှိတွင် စက်သုံးဆီ ၁ လီတာလျှင် ၁၅၀၀၀ ကျပ်အထိ ဈေးမြင့်တက်နေ၍ ထိုသို့ ဖုန်းတစ်လုံးကို အားသွင်းခ ကျပ် ၂၀၀၀ မယူလျှင်လည်း အဆင်မပြေ
တွက်ခြေမကိုက်ဟု ဘက်ထရီ ဖုန်းအားသွင်း ပေးသူများကလည်း ပြောသည်။
“ ဖုန်းဘက်ထရီသွင်းခ မြင့်တက်လာရတဲ့ အကြောင်းအရင်းကတော့ စက်သုံးဆီ စျေးတက်လို့ ဖြစ်ပါတယ်။ ဆီစျေးကလည်း တက်တဲ့အပြင် ဝယ်ရတာလည်း အလွယ်တကူ မရဘူး”ဟု ဖုန်းအားသွင်း လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။
လက်ရှိကာလသည် မိုးရာသီဖြစ်သည့်အတွက် ဆိုလာမီးများဖြင့်လည်း ဖုန်းဘက်ထရီ သွင်းရန် အဆင်မပြေ၍ ဖုန်းတစ်လုံး ကျပ် ၂၀၀၀ ဖြင့် အားသွင်းနေကြရသည်ဟု ပြောဆိုကြသည်။
လျှပ်စစ်မီးပြတ်တောက်နေ၍ လျှပ်စစ်ကို မှီခိုပြီး အသက်မွေး ဝမ်းကျောင်း ပြုနေကြသူများအနေဖြင့်လည်း များစွာအခက်အခဲဖြစ်နေကြသည်ဟု ပြောဆိုသည်။
မြောက်ဦးမြို့ခံတစ်ဦးက "ကျွန်တော်တို့က လျှပ်စစ်မီးကို မှီခိုပြီးအလုပ်လုပ်နေရတာလေ။ အခုက
မီးပြတ်တောက်နေတော့ အလုပ်တွေအဆင်မပြေဘူး။ ဝရိန်တောက်ဂဟေဆက် မယ်ဆိုရင်လည်း
မီးစက်မောင်းရတယ်။ ရလာတဲ့အခကြေးငွေနဲ့
ဆီဖိုးနဲ့
မကာမိဘူး။ အိမ်ရှင်မတွေ ထမင်းချက်ရတာလည်း အဆင်မပြေဘူး။ ညဘက်ဆိုလည်း မီးမရှိဘဲ
မှောင်မှောင်မဲမဲနေရတယ်" ဟု ပြောသည်။
လက်ရှိ ရခိုင်တွင် စစ်တွေ၊ ပေါက်တော၊
ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော၊
ဘူးသီးတောင်၊
ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲ မြို့နယ်များတွင် လျှပ်စစ်မီး
လုံးဝပြတ်တောက်နေသည်ဟု သိရသည်။
အမ်း၊
ဂွ၊ ကျောက်ဖြူမြို့နယ်တွင် မြို့တွင်း၌သာရပြီး ကျေးရွာများတွင် လျှပ်စစ်မီး ပြတ်တောက်နေကြောင်း
ဒေသခံများထံမှ သိရသည်။
ရခိုင်ဒေသအတွင်း
တောင်ကုတ်၊ သံတွဲမြို့နယ်များကို
တောင်ကုတ်ပင်မဓာတ်အားခွဲရုံက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားပြီး
ကျောက်ဖြူပင်မဓာတ်အားခွဲရုံက ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်ကို ဖြန့်ဖြူးပေးကာ
အမ်းပင်မဓာတ်အားခွဲရုံက အမ်းမြို့နယ်ကို ဖြန့်ဖြူး ပေးထားသည်။
စစ်တွေအပါအဝင်
ရခိုင်မြောက်ပိုင်းတစ်ခုလုံးကို ပုဏ္ဏားကျွန်းပင်မဓာတ်အားခွဲရုံ
ရခိုင်တွင်
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ
၁၃ ရက်မှစတင်ကာ ပြင်းထန်နေသော စစ်ရေးပဋိပက္ခများကြောင့် ရခိုင်ရှိ မြို့နယ်အားလုံးနီးပါး၌
လျှပ်စစ်မီးပြတ်တောက်နေခြင်း ဖြ
ဓာတ်ပုံ
- လျှပ်စစ်မီးပြတ်တောက်နေသည့် ရခိုင်လွတ်မြောက်နယ်မြေတွင်
ဖုန်းအားသွင်းလုပ်ငန်း တစ်ခုကို တွေ့ရစဥ်။