စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

အသစ်တည်ဆောက်နေသော ရာမောင်တံတား ဧပြီလအကုန်တွင် ပြီးစီးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 1.2k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဉ္စရာ၊ မတ် ၂၂ / ၂၀၂၁

ရန်ကုန်- စစ်တွေအဝေးပြေးကားလမ်းပေါ်ရှိ လေးမြို့မြစ်ကိုဖြတ်ထိုးတည်ဆောက်နေသည့် မင်းပြားမြို့နယ်မှ ရာမောင်တံတားသစ်ကို လာမည့် ဧပြီလ အကုန်တွင် ပြီးစီးရန် လျာထားကြောင်း တံတားအထူးအဖွဲ့ (၇) မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးမင်းခိုင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

တံတားအပေါ်က ကွန်ကရစ်ကြမ်းခင်းလုပ်ငန်းတော့ ပြီးသွားပြီခင်ဗျ။ လူသွားလမ်း ပလပ်ဖောင်းတွေတော့ ခင်ဖို့ကျန်သေးတယ်။ ကျနော်တို့ ပြီးရင်တော့ လမ်းအဖွဲ့က  ကတ္တရာစေးခင်းရအုန်းမယ်။ နောက် ချဉ်းကပ်လမ်းတွေလည်းခင်းရအုးမယ်ဟု ၎င်းကပြောသည်။

၄င်းတံတားအား ယခုနှစ် မတ်လအကုန်တွင် ပြီးစီးရန် လျာထားသော်လည်း ဘိလပ်မြေ အခက်အခဲကြောင်း ကြန့်ကြားသွားခဲ့ခြင်း ဖြစ်သည်ဟု  သူကဆက်လက်ဖြေကြားခဲ့သည်။

ပထမတုန်းက မူလလျာထားမှုကတော့ တံတားအပိုင်းကို ကျနော်တို့ မတ်လအကုန်ပြီးမယ်လို့ မှန်းထားတယ်။ အခုကတော့ ဒီလအကုန်နဲ့တော့ မပြီးနိုင်ဘူး။ နောက် ကျနော်တို့ လမ်းအဖွဲ့ရှိသေးတယ်။ လမ်းအဖွဲ့တွေက တံတားပေါ်မှာ ကတ္တရာစေးခင်းတာရယ်။ ချည်းကပ်လမ်းတွေကို ကွန်ကရစ်ခင်းတာရယ် လုပ်ရအုန်းမယ်။ ဘိလပ်မြေမရောက်တာကြောင့် နည်းနည်း ကြန့်ကြာသွားတာတွေရှိတယ်။ အဲဒီ အခက်အခဲတွေကြောင့် နည်းနည်း ကျနော်တို့က ကြာသွားတာ။ ဒီလကုန်လောက်ဆိုရင်တော့ ကတ္တရာစေးတွေ စခင်းနိုင်မှာပါ။ဟုပြောသည်။

၄င်းအပြင် ဧပြီလကုန်လျှင် ကားများဖြတ်သန်းသွားလာနိုင်ရန် မှန်းထားသည်ဟု သူကဆက်ပြောသည်။

တံတားမှာ သံကူကွန်ကရစ်ကြမ်းခင်းအမျိုးအစားဖြစ်ပြီး တံတား၏ ရေလမ်းကင်းလွတ်အမြင့်ပေ ၂ဝ၊ ရေလမ်း ကင်းလွတ် အကျယ်ပေ ၁၈ဝ၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ လူသွားလမ်းအကျယ် တစ်ဘက်လျှင် ၃ ပေ ရှိပြီး စုစုပေါင်း တံတားအကျယ် ၃၄ ပေ၊ တံတား၏ ခွင့်ပြုယာဉ်အလေးချိန်မှာ တန်(၆ဝ)ဖြစ်သည်ဟု သိရသည်။

ရွှေပြည်သစ်ကား (မင်းပြားဂိတ်မှူး) ဦးမောင်ဟန်က အခုကတော့ ဇက်သဘောင်္တွေနဲ့ ကူးနေရတော့ အချိန်ကြန့်ကြာမှုတွေ ရှိတာပေါ့။ ဇက်သင်္ဘောက ပျက်တာတွေရှိတယ်။ အဲဒါကြောင့် စောင့်ဆိုင်းရတာတွေ ရှိတယ်။ ဒီတံတားပြီးသွားရင်တော့ အသွားအလာတွေက ပိုပြီးတော့ အဆင်ပြေမှာပါ ဟုပြောသည်။

ရာမောင်တံတားအသစ်ကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ တံတား၏ ခန့်မှန်းကုန်ကျငွေမှာ ကျပ်သန်းပေါင်း တစ်သောင်းနှစ်သောင်း၊ တံတားအရှည်ပေမှာ ၁၂၈၄.၃ ပေ (၃၉၁.၄၄ မီတာ) ဖြစ်ကြောင်း တံတားအထူးအဖွဲ့မှ တဆင့်သိရှိရသည်။

ဆက်စပ် သတင်းများ