- Web Master
- ၃၀ စက်တင်ဘာ ၂၀၂၄
ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၆/၂၀၂၄
ဘရာဇီးနိုင်ငံ တောင်ပိုင်းတွင် ရေကြီးမှုကြောင့် လူ (၅၇)ဦး သေဆုံးပြီး(၆၇) ဦး ပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။
ဘရာဇီးနိုင်ငံတောင်ပိုင်းတွင် ရေကြီးမှုနှင့် ရွှံ့မြေများပြိုကျမှုကြောင့် အနည်းဆုံး လူ ၅၇ ဦး သေဆုံးပြီး လူ ၇၀,၀၀၀ နီးပါး အိုးအိမ်စွန့်ခွာခဲ့ရကြောင်း၊ အနည်းဆုံး လူ ၇၄ ဦး ဒဏ်ရာရခဲ့ပြီးနောက်ထပ်လူ ၆၇ ဦး လည်းပျောက်ဆုံးနေကြောင်း အရပ်ဘက် ကာကွယ်ရေးဌာနက မေလ ၄ရက်က ပြောကြားသည်။
လူ (၅၇)ဦး သေဆုံး ခဲ့သည့်စာရင်းတွင်ရေလျှံမှုကြောင့် ဓာတ်ဆီဆိုင်တစ်ဆိုင်ပေါက်ကွဲခဲ့မှုအတွင်း သေဆုံးခဲ့သူ နှစ်ဦး မပါဝင်ကြောင်းအရပ်ဘက် ကာကွယ်ရေးဌာနက ပြောကြားသည်။
ပေါ်တိုအယ်လီဂရီ မြို့ကိုဖြတ်သန်းစီးဆင်းသည့် ဂွိုက်ဘာမြစ်သည် ၁၉၄၁ ခုနှစ်က ရေကြီးမှု စံချိန်တင်ခဲ့သည့် ၄.၇၆ မီတာထက်မြင့်ကာ ၅.၀၄ မီတာ ဖြင့် သမိုင်း၀င် စံချိန်သစ်ဖြစ်လာခဲ့သည်။
ဒေသခံ ၆၉၂၀၀ သည် နေအိမ်များမှ ရွှေ့ပြောင်းခံခဲ့ရပြီး လူတစ်သန်းကျော်သည်လည်း သောက်သုံး ရေများ ပြတ်လပ်လျက်ရှိ သည်။ ပေါ်တိုအလီဂရီအပြည်ပြည်ဆိုင်ရာလေဆိပ်လည်း လေယာဉ်ခရီးစဉ် အားလုံးကို ရပ်ဆိုင်းထားရသည်။
ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုမှာ မရေမတွက်နိုင်အောင် ဖြစ်နေသည်ဟု အရပ်ဘက်ကာကွယ်ရေးဌာနက ပြောသည်။ Source/Dhaka Tribune