- Web Master
- ၃၀ မေ ၂၀၂၃
ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၄/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဟာရပိုင် မူဆလင်ကျေးရွာအနီးတွင် ယမေန်န့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်က ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းနှင်းရီ၏ကား မတော်တဆ ဖြစ်မှုကြောင့် သူမမှာ ဒဏ်ရာရရှိသွားပြီး သူမ၏ ယောကျာ်းဖြစ်သူမျာ သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသွားသူမှာ ဒေါ်နှင်းနှင်းရီ၏ ယောကျာ်းဖြစ်သူမှာ ဦးတင်ဇော်မိုးဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ လက်ထောက်အင်ဂျင်နီယာမှူး ဒေါ်နှင်းနှင်းရီနှင့် မောင်သန်းဝင်း တို့တွင် ကျိုးပဲ့ဒဏ်ရာများ ရရှိသွားကြသည်ဟု မင်းပြားမြို့နယ်၊ စည်ပင်သာယာရေး ဥက္ကဋ္ဌ ဦးကျော်ဝင်းခိုင်က ပြောသည်။
“ သူတို့က ဟာရပိုင်ရွာနားမှာဖြစ်တာ အဲဒီနားမှာ လမ်းကလည်း သိပ်မညီမညာဘူး။ ကားဘီးက နည်းနည်း ချော်သွားပြီး ကားလမ်းဘေးက အပင်ကို တိုက်မိသွားတယ်။ ကားရဲ့ရှေ့မျက်နှာတစ်ခုလုံးက ပျက်စီးသွားတယ်။ ဒေါ်နှင်းနှင်းရီရဲ့ ယောကျာ်းကတော့ အဲဒီနေရာမှာပဲ ပွဲချင်းပြီးသေသွားတယ်။ ဒေါ်နှင်းနှင်းရီနဲ့ တခြား တစ်ယောက်ကတော့ ကျိုးပဲ့ဒဏ်ရာတွေ ရရှိသွားကြတယ်” ဟုပြောသည်။
၄င်းတို့သည် မင်းပြားမြို့နယ်၊ ဖလောင်းပြင်ဆည်မှ ရေပေးရေးအတွက် မင်းပြားမြို့သို့ လာရောက်ခြင်းဖြစ်ပြီး စစ်တွေသို့ အပြန်တွင် မတော်တဆဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
သေဆုံးသွားသူအပါအဝင် ထိခိုက်ဒဏ်ရရှိထားသူ နှစ်ဦးအားလည်း မြောက်ဦးဆေးရုံသို့ ပို့ဆောင် ထားရကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ဟုတ်မှန်ကြောင်း မင်းပြားမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကလည်း နိရဥ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။