တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

အမြန်လမ်း ခရီးသည်တင်ယာဥ် တိမ်းမှောက်မှု လက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံအပါအဝင် ၃ ဦးသေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 5.6k

နိရဥ္စရာ၊ မတ် ၄/ ၂၀၂၃

 ရန်ကုန်- မန္တလေး အမြန်လမ်း ၁၆၇ မိုင်တွင် ယနေ့ မတ်လ ၄ ရက်နေ့ မနက်ပိုင်း ၄ ခွဲကျော်ခန့်တွင် ခရီးသည်ယာဥ် ၁ စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ကားပေါ်ပါလာသူ ရိုးရာလက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံ အပါအဝင် ၃ ဦးသေဆုံးခဲ့ပြီး ခရီးသည် ၂၀ ကျော် ထိခိုက် ဒဏ်ရာရရှိကြောင်း လူမှုကူညီရေး အသင်းထံမှ သိရှိရသည်။

တိမ်းမှောက်ခဲ့သည့် ခရီးသည်တင်ယာဥ်သည် "ဒို့ညီနောင်" ယာဥ်လိုင်းကဖြစ်ပြီး တောင်ကြီး- မြဝတီပြေးဆွဲသည့် ယာဥ်ဖြစ်ကြောင်း သိရှိရသည်။

"မြ၀တီသွားမယ့်ကား လိုသိရတယ်။ သေဆုံးတာ လေး ငါးဦးပေါ့"ဟု ဒေသလူမှုကူညီရေး အသင်းတာ၀န်ရှိသူ တစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိမှုအနေဖြင့် အမျိုးသား ၂၁ ဦး အမျိုးသမီး ၉ ဦး ထိခိုက်ခဲ့ပြီး နီးစပ်ရာ ဆွာ ဆေးရုံများသို့ ပို့ဆောင် ဆေးဝါးကုသစေခဲ့ကြောင်း ထိုအထဲက အမျိုးသား ၃ ဦး သေဆုံးကြောင်း သိရှိရသည်။

ပြင်းထန် ဒဏ်ရာရရှိသူများအား နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ လွဲပြောင်းရန် စီစဥ်နေကြောင်း သိရှိရသည်။

ယာဉ်တိမ်းမှောက်ရာသို့ တောင်ငူပရဟိတအသင်း၊ သာဂရမီးသတ်နှင့် အခြားသက်ဆိုင်ရာတို့ မှကူညီ ကယ်ဆယ်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိသည်။

(NN - 25) ဓါတ်ပုံ- တိမ်းမှောက်ခဲ့သည့် ခရီးသည်တင်ယာဥ်

ဆက်စပ် သတင်းများ