တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ်၊ ကျောက်ဆိပ်ရွာတွင် သုံးဘီးတိုက်၍ (၅)နှစ် အရွယ်ကလေးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.8k

နိရဥ္စရာ၊ ဖေဖော်ဝါရီ /၂၀၂၃

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ကျောက်ဆိပ်ကျေးရွာတွင် သုံးဘီးယာဉ်ဖြင့်တိုက်မိ၍  အသက်() နှစ်အရွယ် ကလေးငယ်တစ်ဦး ပွဲချင်းပြီး  သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသည့်ကလေးငယ်မှာ ဦးကျော်ဇောလှနှင့် ဒေါ်ဝါဝါနိုင်တို့၏သား မောင်ကျော်နိုင်လင်း ( နှစ်) ဖြစ်ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၉ရက်၊ နံနက် ၁၁ နာရီခွဲတွင် ပေါက်တောမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာ အတွင်းလမ်းမတွင် ကစားနေသည့် ကလေးငယ်အား အုတ်သယ်လာသည့် ပေါက်တောမြို့နယ် အဝကန်ရွာမှဦးမောင်လှမြင့်၏ သုံးဘီးဖြင့်တိုက်မိ၍ ပွဲချင်းပြီးသေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။

"အဲ့ကလေးရဲ့အိမ်နားမှာ မင်္ဂလာဆောင်ရှိတယ်။ ကလေးတွေက က နေကြတာ။ အဲ့ဒီ သုံးဘီးက ကျောက်ဆိပ်ကို အုတ်လာပို့တာ။ သူ့မှာ ဘရိတ်မပါဘူးပြောတယ်။ ဂီယာနဲ့ ထိန်းတာ ထိန်းမရလိုက်ဘူးထင်တယ်။ တိုက်ပြီးတော့မှတခါ လည်ပင်းကို နင်းသွားသေးတယ်။ တခါတည်းပွဲချင်းပြီး ဆုံးသွားတာ။ ကျောက်ဆိပ်က ဆေးရုံကိုယူသွားကတည်းက သေနေပြီ။ တိုက်တဲ့ကောင်လေးလည်း မပြေးဘူး။ ဝန်ခံတယ်။ အခု တပ်တော်က ခေါ်သွားပြီ" ဟု ပြောသည်။

သုံးဘီးသမား ဦးမောင်လှမြင့်ကို လက်ရှိမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA) အုပ်ချုပ်ရေးတာဝန်ရှိသူများက ဖမ်းဆီးသွားပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ကားဆိုင်ကယ် မတော်တဆ တိုက်မှု မကြာခဏဖြစ်ပွားနေသဖြင့် ကား၊ သုံးဘီး၊ ဆိုင်ကယ်များ မောင်းသူများအနေဖြင့် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းကို အထူး လိုက်နာကြရန်လိုသလို  ကား၊ သုံးဘီးနှင့် ဆိုင်ကယ်မောင်းသူများကိုလည်း အမောင်းလိုင်စင်ရှိသူများကိုသာ မောင်းနှင်ခွင့်ပြုသင့်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ (NN-7)

ဆက်စပ် သတင်းများ