စနေ၊ မေလ ၄ရက်၊ ၂၀၂၄

မင်းပြားမြို့နယ်တွင် အရက်ဆိုင်ဓားထိုးမှုဖြစ်၍ တစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 7.5k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၆/ ၂၀၂၃

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရန်တိုင်ကျေးရွာရှိ အရက်ဆိုင်တစ်ခုတွင် ဓါးထိုးမှုဖြစ်ပွား၍ အသက် ၃၀ ကျော်အရွယ် လူတစ်ဦးသေဆုံးသွားကြောင်း တင်းရရှိသည်။


သေဆုံးသွားသူမှာ ဦးမောင်ခင်စော နှင့် ဒေါ်ဦးမြခင်တို့၏ သားဖြစ်သူ ကိုမောင်မောင်ညွှန့် အသက် (၃၆နှစ်)ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၄ရက်နေ့ ညနေ နာရီကျော်ခန့်တွင် ဦးခင်မောင်သန်းအရက်ဆိုင်၌ အရက်ဝိုင်းဖွဲ့သောက်ရာက စကားအခြေအတင်ဖြစ်ကြပြီး၊ ဓါးဖြင့်အထိုးခံရ၍  သေဆုံးသွားခြင်းဖြစ်ကြောင်း ရွာသားတစ်ဦးက ပြောသည်။

 အရက်ဆိုင်မှာဖြစ်ကြတာပါ။ အရက်ဝိုင်းလည်းမတူဘူး။ တစ်ယောက်နဲ့ တစ်ယောက် ခိုက်ရန်ဖြစ် စကားများကြရာကနေ ဓါးထိုးခံရတာပါ။ ကိုမောင်မောင်ညွှန့်ရဲ့ ရင်ဝကိုတစ်ချက်နဲ့  ဘယ်လက်မောင်းကိုပါ ဓါးနဲ့ထိုးလိုက်တော့ တစ်ခါတည်း နေရာတင်ပွဲချင်းပြီးသေသွားတာပါ ဟုပြောသည်။

ဓါးဖြင့်ထိုးသတ်ခဲ့သူမှာ မင်ပြားမြို့နယ်၊ စအင်းရွာသစ်မှ မောင်မျိုးသိန်းစိုး (ကင်းချေ) အသက် ၁၈နှစ် ဖြစ်သည် ဟုသိရသည်။

လက်ရှိတွင်သူ့ကို ရက္ခိုင့်တပ်တော် (AA) ဖမ်းဆီးထားသည်ဟု သိရသည်။

ဆက်စပ် သတင်းများ