တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

အမေရိကန် မောင်းသူမဲ့ လေယာဉ် အီရန်ပစ်ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 7.4k

နိရဥ္စရာ၊ ၂ဝ ဇွန် ၂ဝ၁၉

အမေရိကန်မောင်းသူမဲ့ အဝေးထိန်း ဒုံးယာဉ်တစင်းကို ဇွန်လ ၂ဝ ရက် ကြာသပတေးနေ့က နိုင်ငံတကာ လေကြောင်းပိုင်နက်မှာ အီရန်နို်င်ငံက ပစ်ချလိုက်ကြောင်း အမေရိကန်က ပြောကြားသည်။


၎င်းဒုံးယာဉ်မှာ  MQ-4C Triton အမျိုးအစားဖြစ်ပြီး Hormuz ရေလက်ကြားပေါ်တွင်  ပျံသန်းနေစဉ် ပစ်ချခံလိုက်ရခြင်း ဖြစ်သည်ဟု  အမေရိကန်စစ်ဘက်တာဝန်ရှိသူများက ပြောကြောင်း သတင်းများတွင် ဖော်ပြသည်။


အီရန်နိုင်ငံကမူ သူတို၏ ပိုင်နက်ထဲဝင်လာခဲ့သည့် အမေရိကန်၏ မောင်းသူမဲ့ အဝေးထိန်း ဒုံးယာဉ်တခုကို ပစ်ချလိုက်မိကြောင်း၊ သို့သော် မတော်တဆ ပစ်ချလိုက်မိခြင်း ဖြစ်ကြောင်း ပြောသည်။


သို့သော် အမေရိကန် ဒုံးယာဉ်သည် အီရန်နိုင်ငံ၏ ဝေဟင်ပိုင်နက်ကို ချိုးဖောက်ဝင်ရောက်လာခဲ့ကြောင်း အီရန်မှ ပြောဆိုသည်။ အမေရိကန်တို့က ငြင်းဆိုသည်။


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန် ဟော်မုဇ်ရေလက်ကြားအပေါ်မှ စောင့်ကြည့်နေသာ ဒုံးယာဉ်အား အီရန်တို့ ပစ်ချလိုက်မှုမှာ အလွန်ကြီးမားတဲ့ အမှားလုပ်ရပ် အဖြစ် ပြောဆိုလိုက်သည်။ ၎င်းက ယခု ဖြစ်ရပ်မှာ လူသားတို့၏ အမှားလုပ်ရပ်ဖြစ်နိုင်ကြောင်း သတင်းထောက်များအား ပြောကြားလိုက်ပြီး သို့သော် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ခိုင်ခိုင်မာမာ ယုံကြည်ဖို့ခက်ခဲကြောင်း ပြောသည်။


အမေရိကန် အဝေးထိန်း ဒုံးယာဉ်ကို အီရန်က ပစ်ချရန် လွန်ခဲ့သည့် သီတင်းပတ်အတွင်းကပင် ကြိုးစားခဲ့သည်ဟု အမေရိကန် စစ်တပ်က ပြောကြားသည်။


Hormuz ရေလက်ကြားအတွင်း ရေနံတင်သင်္ဘော ၂ စီးကို အီရန်က တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စွပ်စွဲ ပြောဆိုပြီး နောက် နှစ်နိုင်ငံအကြား တင်းမာမှုတွေ ဖြစ်ပေါ်လာခဲ့သည်။ 


အီရန်က ၎င်းတိုက်ခိုက်မှုကို သူတို့ ပြုလုပ်ခဲ့ခြင်း မဟုတ်ကြောင်း ပြောကြားသည်။


အီရန်နှင့် အင်အားကြီးနိုင်ငံများ အကြား ၂ဝ၁၅ ခုနှစ်မှာ ရရှိခဲ့သည့် နျူကလီးယား သဘောတူညီချက်ကနေ သမ္မတ Donald Trump က နုတ်ထွက်လိုက်ပြီးသည့် နောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေးမှာ  တင်းမာလာခဲ့သည်ဟု ဆိုသည်။


ယခုဖြစ်ရပ်သည် အမေရိကန်နှင့် အီရန် အကြား တင်းမာနေမှုကို ပိုမို မြင့်တက်စေခဲ့သည်ဟု ဆိုသည်။


အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် ကြာသပတေးနေ့က အိမ်ဖြူတော်သို့ အမေရိကန် လုံခြုံရေးဆိုင်ရာ အရာရှိများကို ဖိတ်ခေါ်ပြီး ၎င်းကိစ္စအပေါ် ဆွေးနွေးခဲ့သည်ဟု သိရသည်။


အီရန်မှ အမေရိကန်ဒရုန်းအား ပစ်ချလိုက်ပြီးနောက် အီရန်ထောက်ခံထားသည့် ယီမင်ဟူသီ သူပုန်များက ဒုံးကျည်များဖြင့် အမေရိကန်၏ အဓိက မဟာမိတ် ဆော်ဒီအရေဗီးယားနယ်စပ်သို့ ပစ်လွှတ်ခဲ့သည်ဟု အမေရိကန်က ပြောကြားသည်။


Ref: Iran shoots down American drone

ဆက်စပ် သတင်းများ