တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

တရုတ်နိုင်ငံသားတစ်ဦးသေဆုံးမှု ဘင်္ဂလာဒေ့ရှ် ၅ဝဝ ကို တရားစွဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 390

နိရဥ္စရာ၊ ၂၂  ဇွန် ၂ဝ၁၉

တရုတ်အင်ဂျင်နီယာ တစ်ဦး သေဆုံးမှုနှင့် လုယက်ဖျက်ဆီးမှု၊ အမှု ၂ ခုဖြင့် လူပေါင်း ၁ဝဝဝ ကျော်ကို ဘင်္ဂလာဒေ့ရှ်နိုင်ငံ ပါတွာခါလီ ခရိုင် ကာလာပါရာ ရဲစခန်းတွင် အမှုဖွင့်လိုက်သည်။


ဘင်္ဂလာဒေ့ရှ် အနောက်တောင်ပိုင်း ပါတွာခါလီ ခရိုင်တွင် တည်ဆောက်နေသည့် Payra ဓာတ်အားပေး စက်ရုံ လုံခြုံရေးမှူး  Wang Le Jhing မှ ကြာသပတေးနေ့ ညအချိန်တွင် အမှုဖွင့် တရားစွဲဆိုခြင်းကို ပြုလုပ်ခဲ့ပြီး အမည်မသိ လူပေါင်း ၅ဝဝ ကနေ ၆ဝဝ ထိကို အမှုဖွင်ခဲ့ကြောင်း ကာလာပါရာ ရဲစခန်းမှူး Monirul Islam က အတည်ပြု ပြောကြားသည်။


Payra ဓာတ်အားပေးစက်ရုံ စီမံကိန်းတွင် ဘင်္ဂလာဒေ့ရှ် အလုပ်သမား Swabindra Das (၃၂) နှစ် စီမံကိန်းလှေကားမှ နေ ပြုတ်ကျ သေဆုံးပြီးနောက် ဘင်္ဂလာဒေ့ရှ် အလုပ်သမားများနှင့် တရုတ် အလုပ်သမားများ အကြား တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။


ဘင်္ဂလာဒေ့ရှ် အလုပ်သမားများသည် တရုတ် အလုပ်သမားများကို တိုက်ခိုက်ခဲ့သည်။ ဓာတ်အားပေး စီမံကိန်းကိုလည်း ဖျက်ဆီးခဲ့ကြသည်။ အကြောင်းမှာ တရုတ်အလုပ်သမားများက ဘင်္ဂလာဒေ့ရှ် အလုပ်သမား Swabindra Das ကို သတ်ပစ်ပြီး အလောင်းဖျောက်ဖျက်ရန် ကြိုးစားနေကြောင်း ကောလဟလ သတင်းများ ပျံ့နှံ့လာ၍ ဖြစ်သည်။


တိုက်ခိုက်မှုအတွင်း အလုပ်သမား ခုနှစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ပြီး ထိုအထဲတွင် တရုတ် အလုပ်သမား ၅ ဦးပါဝင်သည်။


ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် တရုတ် အလုပ်သမား ၅ အထဲမှ လျှပ်စစ်အင်ဂျင်နီယာ  Zang Jon Seng (၂၆) နှစ် မှာ Barishal Sher-E-Bangla ဆေးကောလိပ် ဆေးရုံတွင် ကြာသပတေးနေ့က ကွယ်လွန်သွားခဲ့သည်။


၎င်းအချိန်အတောအတွင်း ဘင်္ဂလာဒေ့ရှ်ရဲတပ်ဖွဲ့က အဆိုပါ အမှုနှစ်ခုနှင့် ဆက်စပ်ပြီး ဘင်္ဂလာဒေ့ရှ် အလုပ်သမား ၁၆ ဦးကို ဖမ်းဆီးလိုက်ပြီး ၎င်းတို့၏ လက်ပ်တော့များကိုလည်း သိမ်းဆည်းလိုက်သည်။

၎င်းဓာတ်အားပေးစက်ရုံ စီမံကိန်း လုပ်ငန်းခွင်တွင် ဘင်္ဂလာဒေ့ရှ် အလုပ်သမား ၆ဝဝဝ နှင့် တရုတ်အလုပ်သမား ၂ဝဝဝ ခန့် အလုပ် လုပ်နေသည်ဟု သိရသည်။

(ဓာတ်ပုံ- ၎င်းဓာတ်အားပေးစက်ရုံတွင် အလုပ် လုပ်နေကြသည့် တရုတ်အလုပ်သမားများကို တိုက်ခိုက်ခံရပြီးတွေ့ရစဉ်)

Payra Power Plant: 500 sued for killing Chinese national



ဆက်စပ် သတင်းများ