သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မြန်မာ MPT ဆင်းကဒ်များ ဘင်္ဂလာဒေ့ရှ်ရှိ ဒုက္ခသည် စခန်းများတွင် ဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 8.8k

နိရဥ္စရာ၊ ဇွန် ၁၆/၂ဝ၂ဝ

ဘင်္ဂလာဒေ့ရှ် နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်ရှိ မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် မူဆလင်များ နေထိုင်သည့် ဒုက္ခသည်စခန်းတွင် မြန်မာနိုင်ငံမှ MPT ဆင်းကဒ်များ ဖမ်းဆီးရမိကြောင်း Ukhiya News တွင် သတင်းဖော်ပြသည်။

ဇွန်လ ၁၄ ရက်နေ့က ဒုက္ခသည်စခန်းကို ရဲအရာရှိ Nihad Adnan Taiyan ဦးဆောင်သော ရဲတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းရှာဖွေရာမှာ MPT (Myanmar Post and Telecommunication) ဆင်းကဒ် ၄ဝ ခုကို ဖမ်းမိသည်ဟု သတင်းတွင် ရေးသားထားသည်။

ယင်းမတိုင်မီကလည်း ဒုက္ခသည်စခန်းများမှ မြန်မာဆင်းကဒ်အများအပြားကို သိမ်းဆည်းရမိခဲ့သည်ဟု သတင်းက ဆိုသည်။

ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များ အနေဖြင့် တက်ကနက် (Teknaf) မြို့နယ်နှင့် အိုကီးယား( Ukhiya) မြို့နယ်များရှိ မူဆလင်ဒုက္ခသည်များစခန်းတွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံဆင်းကဒ်များဖြင့် အင်တာနက် သုံးစွဲခွင့် ပိတ်ပင်ထားပြီးနောက် မြန်မာနိုင်ငံမှ 3G၊ 4G အင်တာနက်ကွန်ရက်များကို တရားမဝင် တင်သွင်းပြီး အသုံးပြုနေကြကြောင်း ဖော်ပြသည်။ 

စခန်းတွင်းမှ လူများကို ကိုးကားပြီး သတင်းများဖော်ပြရာတွင် ထောင်ပေါင်းများစွာသော မြန်မာဆင်းကဒ်များကို တက်ကနက်နှင့် အိုကီးယားမြို့နယ်ရှိ ဒုက္ခသည်စခန်းများတွင် အသုံးပြုနေကြပြီး ၎င်းဆင်းကဒ်များကို အသုံးပြုပြီး မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုများကို ကျူးလွန်နေကြောင်း ရေးသား ဖော်ပြသည်။

နယ်စပ်တစ်လျှောက်တွင် ဘင်္ဂလာဒေ့ရှ် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ဖုန်းနံပတ်များကို လွယ်လွယ်ကူကူ ကိုင်တွယ် ထန်းသိမ်းရန် မလွယ်ကူဟုဆိုသည်။   

(Photo by Ukhiya News) 


ဆက်စပ် သတင်းများ