ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

ယူကရိန်း​၏ တန်ပြန်ထိုးစစ်ကို တုန့်ပြန်သည့်အနေဖြင့် ဇီလန်းစကီး​၏ ဇာတိမြို့အပါအဝင် မြို့ ခုနစ်မြို့ရှိ အရပ်သားအဆောက်အဦးများအား ရုရှားက ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 618

ယူကရိန်းသမ္မတ ဇီလန်းစကီး​၏ ဇာတိ ကရီဗီ ရစ် အပါအဝင် မြို့ပေါင်း ခုနစ်မြို့ရှိ အရပ်သားများနေထိုင်သည့်အဆောက်အဦးများကို ရုရှားက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သား သုံးဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသအုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

 သတင်းဓါတ်ပုံများအရ ငါးထပ် လူနေအဆောက်အအုံတစ်ခု ဒုံးကျည်ထိမှန်သဖြင့် မှန်များကွဲကာ မီးခိုးများထွက်နေသည်ကို မြင်တွေ့ရသည်။

 

အလားတူ ခါကိဗ်မြို့ကိုလည်း ရုရှားက ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပြီး ယူကရိန်းလေကြောင်း ကာကွယ်ရေးတပ်က ဒရုန်းများကို ကြားဖြတ်ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့သည်ဟု ယူကရိန်းအရာရှိများက ဆိုသည်။

 

ယခုနောက်ဆုံး တိုက်ခိုက်မှုနှင့်ပတ်သက်၍ ရုရှားဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။

 

ရုရှား​၏ ယခုတိုက်ခိုက်မှုမှာ ယူကရိန်းက ရုရှားတပ်များအား တန်ပြန်ထိုးစစ်ဆင်နွှဲနေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ယူကရိန်းတာဝန်ရှိသူများ​၏ အဆိုအရ ယူကရိန်းတပ်ဖွဲ့များသည် ရုရှားခြေကုပ်စခန်းအများအပြားကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ဘက်ခ်မွတ်မြို့သို့ ဦးတည်နေသည်ဟု သိရှိရသည်။

 

တနင်္လာနေ့က ယူကရိန်းတောင်ပိုင်း နှင့် အရှေ့ပိုင်းရှိ ရုရှားထိန်းချုပ်မှုအောက်ရှိ ရွာ ခုနစ်ရွာကို ယူကရိန်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်ဟု ကြေညာခဲ့သည်။ ရုရှားကမူ မိမိတို့ လက်လွှတ်လိုက်ရသည့် နယ်မြေ မရှိသေးဟု ဆိုသည်။

 

NN-27

Ref: AFP

ဆက်စပ် သတင်းများ