ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

အီရန်အပေါ် မည်သို့လက်တုံ့ပြန်မည်ကို အစ္စရေးဆုံးဖြတ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 158

ဂျွန်နသန်၊ နိရဉ္စရာ၊ ဧပြီ ၁၈/၂၀၂၄

အစ္စရေးမဟာမိတ်များထံမှ တောင်းဆိုမှုများကို ဖယ်ရှားပြီး အီရန်အပေါ်  မည်ကဲ့သို့ တုံ့ပြန်တိုက်ခိုက်မည်ဆိုသည်ကို အစ္စရေး ဆုံးဖြတ်မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေန်ယာဟုက ပြောကြားလိုက်သည်။

ယခုရက်သတ္တပတ်အစောပိုင်းက အီရန်၏ အဓိကလေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ် မည်သို့ မည်ပုံ တုံ့ပြန်မည်ကို အစ္စရေးကသာ ဆုံးဖြတ်မည်ဖြစ်ပြီး မဟာမိတ်များထံမှ တောင်းဆိုမှုများကို ဖယ်ရှားပစ်မည် ဟု အစ္စရေးဝန်ကြီးချုပ် နေ
န်ယာဟုက ပြောဆိုကြောင်း အေပီသတင်းက ဆိုသည်။

ဂါဇာကမ်းမြောင်ဒေသတွင် လအတန်ကြာဖြစ်ပွားခဲ့သော တိုက်ပွဲများအပြီးတွင် အီရန်၏ မကြုံစဖူး တိုက်ခိုက်မှုကို အစ္စရေးက လက်တုံ့ပြန်သွားမည်ဟု ကတိက၀တ်ပြုထားသည်။ 

အစ္စရေး-အီရန်ပဋိပက္ခ ပိုဆိုးမသွားစေရန်အတွက် အစ္စရေး၏ မဟာမိတ်များက ထိန်းထိန်းသိမ်းသိမ်း လုပ
်​ဆောင်ရန် အစ္စရေးအား တိုက်တွန်းထားသည်။

 

ပြီးခဲ့သည့် သီတင်းပတ်ကုန်က အီရန်ဗိုလ်ချုပ် နှစ်ဦး သေဆုံးခဲ့သည်ဟု ယူဆရသော အစ္စရေး၏ တိုက်ခိုက်မှုတစ်ခုအပြီးတွင် အီရန်သည် ရာနှင့်ချီသော ဒုံးကျည်များနှင့် ဒရုန်းများကို အစ္စရေးသို့ ပစ်လွှတ်ခဲ့သည်။



 

အစ္စရေးနှင့် အီရန်တို့သည် ကာလရှည်ကြာ အရိပ်ထိုးစစ်ပွဲကို ဆင်နွှဲခဲ့ကြသော်လည်း ယင်းတိုက်ခိုက်မှုသည် အစ္စရေးနိုင်ငံအပေါ် အီရန်၏ ထမဆုံးသော သူ့မြေပေါ်မှ တိုက်ရိုက် တိုက်ခိုက်မှု ဖြစ်သည်။

 

အစ္စရေးနှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်နိုင်ငံများက ဒုံးကျည်များနှင့် ဒရုန်းများအားလုံးကို ကြားဖြတ် ဟန့်တားခဲ့ကြောင်း အစ္စရေးက ပြောကြားခဲ့သည်။

 

လူအသေအပျောက်များခဲ့သည့် ဆီးရီးယားရှိ အီရန်သံရုံးကို ဧပြီ ၁ ရက်နေ့က အစ္စရေးက တိုက်ခိုက်ခဲ့မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံက ဒရုန်းများ၊အတွဲလိုက်ဒုံးများဖြင့် အစ္စရေး နိုင်ငံသို့ ယခုလ ၁၄ ရက်နေ့က ပစ်လွှတ်တိုက်ခိုက်ခဲ့သည်။

 

အီရန်သမ္မတက ၎င်း၏ပိုင်နက်နယ်မြေကို အသေးဆုံးကျူးကျော်ဝင်ရောက်ခြင်းသည်ပင် ကြီးမားပြီး ကြမ်းတမ်းသောတုံ့ပြန်မှုကို ဆောင်ကြဉ်းလာမည်ဟု သတိပေးထားချိန်တွင် အစ္စရေးအား စစ်ပွဲများ မကျယ်ပြန့်လာစေရန် သံတမန်ရေးရာ ဖိအားများ ထွက်ပေါ်လာခဲ့သည်။

Ref: AP/ The Latest | Netanyahu says Israel will decide how to respond as Iran warns against retaliation

ဆက်စပ် သတင်းများ