သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

အစ္စရေးဝန်ကြီးချုပ်နှင့် အမေရိကန်သမ္မတတို့ဖုန်းဖြင့် စကားပြောဆိုအပြီး အီရန်ကိုလက်စားချေသွားမည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီး သတိပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 447

ဂျွန်နသန်၊ အောက်တိုဘာ ၁၁/၂၀၂၄ (နိုင်ငံတကာ)

အစ္စရေးကို အီရန်က ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့မှုအပေါ် လက်စားချေသွားမည်ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallantက အီရန်ကိုသတိပေးပြောဆိုလိုက်သည်။

အဆိုပါ သတိပေး ပြောကြားချက်သည် အစ္စရေးဝန်ကြီးချုပ်ဘင်ဂျာမင် နေသန်ရာဟု နှင့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် တို့သည် ဖုန်းဖြင့်စကားပြောဆိုခဲ့ကြပြီးနောက် မကြာမီအချိန်အတွင်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အစ္စရေး ကာကွယ်ရေးဝန်ကြီးက “ အစ္စရေးကို အီရန်က ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့မှုအပေါ် လက်စားချေသွားမယ်”ဟု အီရန်ကို သတိပေးပြောဆိုခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ(၉)ရက်ကအစ္စရေးဝန်ကြီးချုပ်ဘင်ဂျာမင် နေသန်ရာဟု နှင့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် တို့သည် ဖုန်းဖြင့်စကားပြောဆိုခဲ့ကြသည်။

အမေရိကန်အစိုးရသည် အစ္စရေး၏အစီအမံများကို ထည့်သွင်းစဉ်းစားရန် ကြိုးပမ်းနေစဉ် ခေါင်းဆောင်များသည် ခုနစ်ပတ်တာကာလ အတွင်း ပထမဆုံးအကြိမ်အဖြစ်ဖုန်းဖြင့် ဆက်သွယ်စကားပြောဆိုခဲ့ကြခြင်းဖြစ်သည်။

“ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့တဲ့သူဟာ ပြန်လည် ပေးဆပ်ရပါ လိမ့်မယ်။ ကျွန်တော်တို့ရဲ့ တိုက်ခိုက်မှုတွေဟာ သေစေတတ်ပါတယ်။ တိလည်းတိကျပြီး၊ အံ့အားသင့် စရာလည်းကောင်းပါတယ် ” ဟုအစ္စရေး ကာကွယ်ရေးဝန်ကြီးက ပြောသည်။


သူသည် ဝါရှင်တန်သို့ သွားရောက်ရန် စီစဉ်ထားသော ခရီးစဉ်ကို ရွှေ့ဆိုင်းပြီးနောက် အောက်တိုဘာ (၉)ရက်ညပိုင်းတွင် အစ္စရေးမီဒီယာမှ ထုတ်လွှင့်သည့် ဗီဒီယိုမက်ဆေ့ချ်တွင် အဆိုပါ သတိပေး ပြောဆိုချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အစ္စရေး ကာကွယ်ရေးဝန်ကြီး Gallant ၏ ဗီဒီယိုမက်ဆေ့ချ်သည် ခုနစ်ပတ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အစ္စရေးဝန်ကြီးချုပ်ဘင်ဂျာမင် နေသန်ရာဟု နှင့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် တို့ စကားပြောဆိုမှုအပြီး နာရီအနည်းငယ်အကြာတွင် ထုတ်လွှင့်ခဲ့ခြင်းလည်းဖြစ်သည်။

အောက်တိုဘာ (၁)ရက်က အီရန် က အစ္စရေးကို ဒါဇင်နှင့်ချီသော ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက်တွင်နှစ်နိုင်ငံကြား ပဋိပက္ခများ ပိုမိုပြင်းထန်လာခဲ့သည်။

အီရန်၏ တိုက်ခိုက်မှုကို ကူညီကာကွယ်ပေးခဲ့သည့် အမေရိကန်က အစ္စရေးတို့ အီရန်အပေါ် မည်သို့လက်တုန့်ပြန်မည်ကို ဆွေးနွေးခဲ့ကြသည်။

အီရန်၏နျူကလီးယားအစီအစဉ်နှင့်ပတ်သက်သည့် နေရာများကို အစ္စရေးတို့က လက်တုံ့ပြန် တိုက်ခိုက်မည့်အပေါ် ထောက်ခံသွားမည်မဟုတ်ကြောင်း ဘိုင်ဒန်က ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ်ဘင်ဂျာမင် နေသန်ရာဟုနှင့် အမေရိကန် သမ္မတဂျိုးဘိုင်ဒန် တို့ ပထမဆုံး အကြိမ်အဖြစ် ဖုန်းဖြင့် ဆက်သွယ်စကားပြောဆိုခဲ့ရာတွင် ဘိုင်ဒန်နှင့်အတူ ဒုတိယသမ္မတ Kamala Harris လည်းအတူရှိနေခဲ့ပြီး ၀င်ရောက် ပြောဆိုခဲ့သည်။ Source/The Guardian and Photo/ Internet

ဆက်စပ် သတင်းများ