ကြာသပတေး၊ အောက်တိုဘာလ ၁၇ရက်၊ ၂၀၂၄

ရေပိုင်နက်ကျူးကျော်မှုဖြင့် အိန္ဒိယငါးဖမ်းသင်္ဘော ၂စင်းနှင့် ငါးဖမ်းသမား ၃၁ ဦးကို ဘင်္ဂလားဒေ့ရှ်ရေတပ်က ဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 149

 နိရဉ္စရာ၊ အောက်တိုဘာ ၁၆/ ၂၀၂၄

 

ရေပိုင်နက်ကျူးကျော်ဝင်ရောက်မှုဖြင့် အိန္ဒိယငါးဖမ်းသင်္ဘောနှစ်စင်းနှင့် ငါးဖမ်းသမား ၃၁ ဦးကို ဘင်္ဂလားဒေ့ရှ်ရေတပ်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

 

အောက်တိုဘာ ၁၅ ရက် အင်္ဂါနေ့ မွန်းလွဲပိုင်းတွင် ဘင်္ဂလားဒေ့ရှ်ရေတပ်၏ စစ်သင်္ဘော BNS Shaheed Akhtaruddin က Kuakata အနီးရှိ ဘင်္ဂလားပင်လယ်အော်တွင် ပုံမှန်ကင်းလှည့်နေစဉ် အိန္ဒိယ ငါးဖမ်းသင်္ဘော နှစ်စီးကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ငါးဖမ်းခွင့် ပိတ်ပင်ထားစဉ်အတွင်း အိန္ဒိယငါးဖမ်းသမားများက တရားမဝင် ဝင်ရောက်မှုများနှင့် ပတ်သက်၍ ဒေသခံ ငါးဖမ်းသမားများက ကာလရှည်ကြာ စောဒကတက်ခဲ့ပြီး နောက် ယခု ဖမ်းဆီးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

၎င်းငါးဖမ်းသမားများသည် အိန္ဒိယနိုင်ငံ အမှတ်  24 Parganas ခရိုင်ရှိ ကျေးရွာအသီးသီးမှ ဖြစ်ကြသည်ဟု ဆိုသည်။

 

ဗုဒ္ဓဟူးနေ့ နံနက် ၁၀ နာရီတွင် BNS Shaheed Akhtaruddin ၏ကွပ်ကဲရေးမှူး ရေတပ်ဗိုလ် Mosiul Islam က Payra Port ဆိပ်ခံတံတားဧရိယာ၌ သတင်းစာရှင်းလင်းပွဲတစ်ခု၌ အဆိုပါ ဖမ်းဆီးမှု ဖြစ်စဉ်ကို အတည်ပြုခဲ့သည်။

 

 “ဖမ်းဆီးထားတဲ့ ရေလုပ်သားတွေကို ကလပ ရဲစခန်းကို လွှဲပြောင်းထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဆိုသည်။

 

သို့သော်လည်း ရေတပ်က ဖမ်းဆီးထားသော ငါးဖမ်းသမားများ၏ အမည် သို့မဟုတ် ဓာတ်ပုံများကို ထုတ်ပြန်ခြင်း မရှိပေ။

 

ဘင်္ဂလာဒေ့ရှ် အစိုးရက စက်တင်ဘာ ၁၃ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ၂၂ ရက်ကြာ ငါးသလောက် မျိုးပွားမှုကို ထိန်းသိမ်း ကာကွယ်ရန် ဘင်္ဂလာပင်လယ်ပြင်တွင် ငါးဖမ်းခွင့်ကို ပိတ်ပင်ထားသည်။ Ref and Photo: Dhaka Tribune

ဆက်စပ် သတင်းများ