အင်္ဂါ၊ ဧပြီလ ၃၀ရက်၊ ၂၀၂၄

စစ်ကောင်စီက နိုင်ငံအာဏာကိုဆက်ယူရန် နောက်ထပ်သက်တမ်း ၆ လ ထပ်မံတိုးလိုက်တာနဲ့ ပတ်သက်ပြီး ဦးကြီးမြင့် (တရားလွှတ်တော် ရှေ့နေ) နဲ့ ဆက်သွယ်မေးမြန်းချက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 8.9k

နိရဉ္စရာသတင်းဌာနမှ မေမြန်းတင်ပြသည်။

၂၀၂၃ ဖေဖော်ဝါရီ ရက်

 စစ်ကောင်စီက နိင်ငံအာဏာကိုနောက်ထပ်သက်တမ်း ထပ်မံတိုးလိုက်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ နဲ့အညီ လုပ်ဆောင်တာဖြစ်တယ်လို့ပြောဆိုပေမယ့် ဥပဒေနဲ့ လုံးဝမကိုက်ညီဘူးလို့လည်း ဥပဒေကျွမ်း ကျင်သူတွေက ဝေဖန်ထောက်ပြကြပါတယ်။

ဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကို နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

--------------------

မေး-စစ်ကောင်စီကတော့ အရေးပေါ်ကာလသက်တမ်း နောက်ထပ် သက်တမ်း တိုးအုပ်ချုပ်မယ်ဆို ပြီး ကာ/လုံ အစည်းအဝေးကနေ နိုင်ငံ့အာဏာကိုထပ်ပြီးယူလိုက်ပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လုပ်နေပါတယ်ဆိုပြီး တိုင်းသိပြည်သိ ကမ္ဘာသိအောင် ထုတ်ပြန်နေပေမယ့်လည်း စစ်အာဏာရှင်ဆန့်ကျင် သူတွေကတော့ ဥပဒေနဲ့လုံးဝမညီဘူးလို့ ဝေဖန်ပြောနေကြပါတယ်။ ဥပဒေကြောင်းပိုင်းဆိုင်ရာအရ ဆရာ ဦးကြီးမြင့် ဘယ်လို သုံးသပ်ပြောချင်ပါလဲဗျ။

ဖြေ-စကစ က တက်လာကတည်းက ၂၀၀၈ ဥပဒေနဲ့မညီဘဲနဲ့တက်လာတာ၊ သူ့အခွင့်အာဏာမရှိဘဲနဲ့ အမိန့်တွေထုတ်တာကလည်း တရားမဝင်ဘူး။ သူတို့ကဘာမဆိုလုပ်ဖို့ဝန်မလေးဘူး၊ လိမ်ဖို့လည်းဝန် မလေးကြတဲ့ပုဂ္ဂိုလ်တွေဖြစ်သွားပြီဗျ။ အဲလိုလူတွေနဲ့ဖက်ပြီးစကားပြောရတာ တစ်ဖက်လူကသိက္ခါကျ တယ်။ အခုသက်တမ်းတိုးလိုက်တဲ့ကိစ္စဟာ ဥပဒေနဲ့မညီဘူး၊ မညီတာကိုလိမ်လည်လှည့်ဖျားပြီးတော့ မညီညီအောင်လုပ်ယူတယ်ပေါ့၊ မညီညီအောင်လုပ်လည်း မညီဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ မှာ ပြဌာန်းထားတာကို အဓိပ္ပါယ်ဖွင့်ဆိုရင် သူတို့ ဇန်နဝါရီလ ၃၁ ရက်နေ့ကမှ ကာ/လုံ အစည်း အဝေး လုပ်တာဗျ။ အဲဒီအစည်းအဝေးမှာ ဦးတီခွန်မြတ်က ပြောတယ်။ ၄၂၅ ကိစ္စကို အခြေခံဥပဒေခုံရုံး ကိုတင်ပြသင့်တယ်၊ အဲဒါမှခိုင်လုံမယ်လို့ သူကအကြံပြုဆွေးနွေးတယ်။ အဲဒီမှာပဲ ကျွန်တော်တို့မှာ အခြေ ခံဥပဒေခုံရုံးက ပြန်ကျလာတဲ့စာရှိနေပါပြီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီကြောင်း ဖေဖော်ဝါရီလ ရက်နေ့ မှုဖြည့်စွက်ပြီးတော့ကြေညာတယ်ပေါ့ဗျာ။ အဲတော့ သမ္မတ ဦးမြင့်ဆွေက အစီရင်ခံစာကို ဇန်နဝါရီ ၃၁ ရက်နေ့ကမှသိတာ၊ ဦးတီခွန်မြတ်ကလည်း အဲဒီနေ့မှာပဲဆွေးနွေးတာ၊ အဲဒီနေ့မှာပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးကစာက ဘယ်လိုလုပ်ရောက်နေလဲ၊ အဲဒါရက်စွဲတွေလိမ်ထားတာပဲ။ သူတို့သဘောနဲ့သူတို့ လုပ်တာမဟုတ်ပါဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကလည်း သဘောတူထားပါတယ်ဆိုပြီးပြောချင်လို့၊ ၄၂၅ မှာ ဖွင့်ဆိုထားတာက သာမန်အားဖြင့် ၆လလျှင် တစ်ကြိမ် နှစ်ကြိမ်တိုးပေးနိုင်သည်တဲ့၊ အတိအကျပဲ ရေး ထားတယ်။ ပြည်တွင်းပြည်ပဥပဒေတွေကို မကိုးကားနိုင်ဘဲနဲ့ ပညာရှိဆန်ဆန်မလုပ်ဘဲနဲ့ မအလ ခိုင်းတဲ့ အတိုင်းပဲ လမ်းဘေးလက်ဖက်ရည်ဆိုင်မှာ ပြောသလို ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၂၅ အရ တိုးမြှင့်နိုင်ပါ တယ်လို့ သူ့မှာအဲလိုပြောခွင့်မရှိဘူး။ ရွေး/ကော်ရော အစိုးရအဖွဲ့တွေရောက မအလက ခန့်ထားတဲ့သူ တွေ၊ မအလခိုင်းတာတွေ လုပ်မယ့်သူတွေချည်းပဲလေ။ တစ်ကယ်က ဥပဒေအတိုင်းပဲထားရမှာ။ ထပ်ဖွင့် ဆိုစရာမလိုဘူး။ ဖွင့်ဆိုဖို့လည်းအာဏာမရှိဘူး သူတို့မှာ။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကလည်း ပြည်သူ တွေက ရွေးချယ်တင်မြှောက်ထားတာမဟုတ်ဘူး၊ လွှတ်တော်ကအတည်ပြုခန့်အပ်ထားတာမဟုတ်ဘူး။ မင်အောင်လှိုင်က သူခိုင်းတာလုပ်ဖို့ သူ့စိတ်ကြိုက်ခန့်ထားတဲ့ရုံးလေ၊ အဲဒီရုံးကဆုံးဖြတ်ချက်က ဘာလေး စားစရာရှိလဲဗျာ။

 

မေး-ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ဥပဒေမှာပြဌာန်းထားချက်အရ အလွန်ဆုံး ၂နှစ်ပေါ့လေ။ အဲဒီ ၂နှစ် တာကာလအတွင်း တစ်ပြည်လုံးမှာ အများအားဖြင့်တည်ငြိမ်မှုမရှိတဲ့အခြေအနေမှာဖြစ်နေတယ်။ သာမန် အခြေအနေမရောက်သေးလို့ဆိုတဲ့အကြောင်းပြချက်၊ ရွေးကောက်ပွဲမကျင်းပနိုင်အောင်နယ်မြေ မတည်ငြိမ်အောင် NUG နဲ့ CRPH တို့က ဖျက်နေတယ်။ လုပ်နေတဲ့အတွက်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အာဏာဆက်ယူတာပေါ့လေ၊ အဲဒီ အခြေအနေအပေါ်မှာရော ဘယ်လိုပြောချင်ပါလဲဗျ။

ဖြေ- သူက ဒီလိုဗျာ။ တစ်ကြိမ်လိမ် မရှက်၊ နှစ်ကြိမ်လိမ်မရှက်တဲ့ လူကတော့ သူကတော့ မရှက်တော့ဘူး။ သူက ပြောပြီးတော့။ တိုင်းပြည် အခြေအနေက ထိန်းထားနိုင်ပါပြီ။ စီးပွားရေးတွေ တိုးတက်နေပြီ။  သူ့မိန့်ခွန်းတွေမှာ တိုင်းပြည်တည်ငြိမ်နေပါပြီ၊ စီးပွားရေးတွေဖွံ့ဖြိုးတိုးတက်နေပါပြီ၊ လွတ်လပ်ရေးနေ့ ၇၅ နှစ်မြောက်စိန်ရတုကိုလည်း အကြီးအကျယ်လုပ်တယ် ပွဲလမ်းသဘင်တွေ လုပ်တယ်။ တစ်ခါတည်းခင်ဗျား။  ပုံမှန်ဖြစ်နေ တဲ့အနေအထားအတိုင်းပဲ၊ သူကအကုန်လုံးကို ထိန်းထားနိုင်ပြီဆိုပြီးတော့ တောက်လျှောက်ပြောလာတာ၊ ရွေးကောက်ပွဲကိုလည်း အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ လုပ်ပေးမယ်။ လုပ်ပြီးတော့ မရရင်တော့ ၆ လတိုးပြီး နှစ်ကြိမ်တိုးပြီး ရွေးကောက်ပွဲကို မဖြစ်မနေလုပ်ပေးမယ်။ သူတို့က ဒီလို  ကမ္ဘာသိမြန်မာသိ အထပ်ထပ် အခါခါ ပြောထားတာ။ ကတိလည်း ပေးထားတာ။ ပြောလိုက်တာ။ အခုဘဲ ဗြုန်းတိုင်းကြီး  ပြောလိုက်တာမှ ၇၅ နှစ်မြောက်    လွတ်လပ်ရေးနေ့စိန်ရတုလုပ်တဲ့ ဇန်နဝါရီလထဲ ဘာမှ မကြာသေးဘူး။  အဲဒါတွေပြောထားတာ၊ ဒီလထဲမှာပဲ ဖြုန်း တိုင်းကြီး ရုတ်တရက်ကြီး အခြေအနေမကောင်းဘူး သက်တမ်းတိုးရမယ် ဆိုပြီးတင်ပြလာတာတွေဟာ လိမ်တာပဲ။ သူတို့ကတော့ လိမ်တာမဆန်းတော့ဘူးပေါ့ဗျာ။ ဒါတွေကို ပြည်သူလူထုသိအောင်၊ ကမ္ဘာကသိအောင် မပြောပြရင် မသိမှာစိုးလို့ ပြောပြနေတာပါ။ ပြီးတော့ အဖက်လုပ်ပြီးတော့လည်း ပြောနေတာ မဟုတ်ဘူးဗျာ။ ပြည်တွင်းပြည်ပ သိဖို့လိုတယ်ဆိုပြီး ပြောနေရတာဖြစ်ပါတယ်။  

 

မေး-ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကတည်းက အာဏာသိမ်းတယ်၊ စစ်တပ်ဆန့်ကျင်သူတွေကို ဖမ်း ဆီးထောင်ချသတ်ဖြတ်တာတွေအထိ လုပ်ခဲ့တယ်၊ နှစ်ကြာလာတော့လည်း သူ့လုပ်ငန်းစဉ် မပြီးသေး လို့ဆိုပြီး အာဏာကိုဆက်ပြီးယူထားတယ်၊ ဒါတွေကနိုင်ငံတကာကလည်းသိနေပြီ၊ တောက်လျှောက် တော့ ထုတ်ပြန်ချက်တွေဘဲ လုပ်နေပါတယ်။ ဒီလိုအခင်းအကျင်း ရောက်လာပြီဆို တော့ နိုင်ငံတကာအနေနဲ့ အရေးယူမှုတွေက ထပ်တိုးလာနိုင်သလား၊ အထူးသဖြင့် အာဆီယံအနေနဲ့ဆို ရင်ရော ဘယ်လိုလုပ်သင့်တယ်လို့ ထင်ပါလဲ။

ဖြေ- ကျွန်တော်တို့ကတော့ ၁၉၆၂ ခုနှစ်အာဏာသိမ်းပြီးကတည်းက ခံလာရတာဆိုတော့။  အသက်ကလည်း ၈၀ နား နီးနေပြီ။ ဒီစစ်တပ်ရဲ့လိမ်တာတွေကတော့ ၁၉၅၈ ကနေစပြီးတော့ ကျွန်တော်တို့သိလာလိုက်တာ အခုထိပဲ၊ နောက်ကလေးတွေ သဘောပေါက်ကုန်ပြီ။ ဒေါ်အောင်ဆန်းစုကြည် ၁၉၈၈ ဝင်လာတော့ စစ်တပ်ကိုသူစေ့စပ်ချင်တဲ့သဘောနဲ့ ရွေး ကောက်ပွဲဝင်လိုက်တာပဲ။ အမှန်က အဲဒီ ၈၈ ကတည်းက တော်လှန်ရေးကဆက်သွားရမှာ။ သို့သော် ခေါင်းဆောင်လုပ်တဲ့သူတွေကလည်း သဘောပေါကရဦးမှပဲလေ။ အခုကျတော့ စစ်တပ်က အရမ်းလိမ်အခါကျတော့ လူငယ်တွေလုံးဝမခံနိုင်တော့ဘူး။ မခံနိုင်တော့ ဘယ်လောက်ထိတောင် ဖြစ်နေလည်းဆိုတော့ ဒီအခြေအနေကြီးကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံဘူးဆိုရင်လည်း ဒေါ်အောင်ဆန်းစုကို လက်မခံဘူး။ အဲသလောက်တောင်ဖြစ်နေတယ်။ ဒေါ်စုကလည်း ဒီလိုတော့ အဖြစ်မခံပါဘူး။  အာဆီယံနိုင်ငံတွေက ကျွန်တော်တို့လောက် မသိဘူး၊ သူတို့မှာ လည်း အစိုးရတွေက ခဏခဏတက်နေတာ၊ သူတို့မှာလည်း ဒီမိုကရေစီ နိုင်ငံတွေချည်း မဟုတ်ဘူး၊ ဘုရင် တွေ တစ်ပါတီအာဏာရှင်စနစ်တွေ၊ အာစီယံထဲမှာ ရှိနေတယ်။ ရွေးကောက်ပွဲသာလုပ်ရင် အာဆီယံလည်း နှစ်ခြမ်းကွဲမှာ။ ပြည်တွင်းမှာလည်း နှစ်ခြမ်းကွဲမှာ၊ ရွေးကောက်ပွဲပြီးမှ တော်လှန်ရေးက အကြီးအကျယ် အရှိန်အဟုန်ကြီးမှာ။  အာဆီယံ တစ်ခြမ်းက အသိအမှတ်ပြုမှာ၊ သူတို့ အကျိုးစီးပွားအတွက်ပဲ။ သူတို့သဘောပေါက်တာ မပေါက်တာထား ကျွန်တော်တို့ ကိုယ့်အလုပ် ကိုယ်လုပ်ရမယ်။ အမေရိကန်၊ ဥရောပ၊ ဂျပန်၊ ကိုရီးယားတို့ကိုတော့ သူတို့ အမြင်ရှင်းအောင် ပြောပြရမယ်။


မေး- ဆရာကြီးက ရှေ့မီနောက်မီခဲ့သူဆိုတော့ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးနောက် မဆလ တစ်ပါတီစနစ်နဲ့ဆက်ပြီး အုပ်ချုပ်ခဲ့တယ်၊ ၁၉၈၈ ခုနှစ် ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ်ကြီး သန်းရွှေတို့ကလည်း အာဏာသိမ်းပြီး အုပ်ချုပ်ခဲ့တာတွေရှိတယ်။ အခု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ထပ်ပြီး အာဏာသိမ်းတယ်။ အခုအခြေအနေကရော အရင်စစ်ခေါင်းဆောင်တွေအတိုင်း ဆက်ပြီးတော့ပဲ အုပ်ချုပ်နိုင်မလား၊ လက်နက်ကိုင်တော်လှန်ရေးက ထိရောက်အောင်ဘယ်လိုလုပ် မလဲ။ အဲဒါရှေ့ရေး အလားအလာတွေကိုလည်း ဆရာကြီးအနေနဲ့ ပြောပြပေးပါအုံး

ဖြေ- စစ်တပ်ဆိုတာ ဘယ်တော့မှ ကတိမတည်ဘူး။ လူလိမ်တွေ၊ လူလိမ်တွေဖွဲ့ထားတာ။  အဲဒီ လူလိမ်တွေက အာဏာကို တစ်သက်လုံး အုပ်ချုပ်ချင်တာ။ ဗိုလ်ချုပ်မင်းအောင်လှိုင်ကတော့ သူကအသက်လည်းငယ်သေးတော့ သူက ပိုဆိုးတာပေါ့။ သူကတော့ ဘာလုပ်မလဲဆိုတော့ တစ်ပါတီ စနစ်ဖြစ်အောင်လုပ်လိုက်မှာ။ ဗိုလ်နေဝင်းက မဆလ လုပ် သလို၊ ဗိုလ်နေဝင်းကတော့ ကျန်တဲ့ပါတီတွေဖျက်ပြီး တစ်ပါတီ မဆလ လုပ်တာ၊ မင်းအောင်လှိုင်က တော့ ကျန်တဲ့ပါတီတွေ ရွေးကောက်ပွဲ မဝင်နိုင်အောင်လုပ်ပြီး တစ်ပါတီစနစ်ထောင်ပြီး သူကသမ္မတလုပ်ပြီး တစ်သက် လုံးအုပ်ချုပ်မှာ ဒီအတိုင်းသွားရင်။ သူတို့စောင့်ကြည့်နေလို့ကတော့ နတ်ကရာ ကျီးမော့လုပ် ကျွန်တော်တို့ အချိန်တွေကုန်လိမ့် မယ်။ ကျွန်တော်တို့က NUG လမ်းစဉ်အတိုင်း EAO တွေရဲ့ လမ်းစဉ်အတိုင်း အကုန်  PDF တွေနဲ့ ပူးပေါင်းပြီးတော့ စစ်အာဏာရှင်ဖြုတ်ချပြီး အဆုံးသတ်မှရမယ်။ အဲသစိ ဟိုပြော ဒီပြော၊ နောက်တခါကျတော့ တွေဝေနေတာတို့၊  ကြားတာတို့ လုပ်နေလို့ကတော့ တော်လှန်ရေးအောင်မြင် နိုင်ဘူး။ တော်လှန်ရေးအောင်မြင်အောင်လုပ်ဖို့ NUG က ဒီထက်ပိုပြီးတော့ သဘောထားကြီး ဒီထက်ပိုစည်းရုံးဖို့လိုတယ်၊ ဖြစ်နိုင်ရင်ပြည်တွင်းဝင်ပြီး ခေါင်းဆောင်ပိုင်းတွေက PDF တွေ EAO တွေနဲ့ တွေ့ပြီးတော့ သေသေချာချာထိထိရောက်ရောက် လုပ်ဖို့လိုတယ်ပေါ့။ ဆိုလိုတာကတော့  NUG ဟာ နိုင်ငံရဲ့ ဦးဆောင်ပဲ့ကိုင် အဖွဲ့ကြီးဖြစ်သွားပြီ။ NUCC တို့ NUG တို့ကပေါ့။ အဲဒီအဖွဲ့ကြီးက အားကြိုးမာန်တက်လုပ်ကြဖို့၊ လုပ်နေရင်လည်း ပိုလုပ်ဖို့ လိုတယ်။  စည်းရုံးရေး အမြင်နဲ့ ကြည့်ဖို့လိုတယ်။  NLD အာဏာပြန်ရရေးလုပ်တဲ့ အဖွဲ့ မဖြစ်သင့်ဘူး။ NLD အာဏာ ပြန်ရရေးအတွက် ကျွန်တော်တို့ အပါအဝင် EAO တွေ ပြည်သူတစ်ရပ်လုံးက လုပ်နေတာမဟုတ်ဘူး။ စစ်အာဏာရှင် ပြုတ်ကျရေးကို လုပ်နေတာ။ အဲဒီ ဦးတည်ချက်ကို NUG ကလည်းသေချာ သဘောပေါက်ပြီး သဘောထားကြီးကြီး အမြင်ကြီးကြီးနဲ့ စည်းရုံးပါ။ လူတွေကိုလည်း ခေါင်းဆောင်တင်သင့်သူကိုတင်၊  နေရာပေးသင့်သူပေး၊ သူတို့ကိုယ်တိုင်လက်တွေ့ တကယ် စည်းရုံး၊ အဲဒီလိုမျိုးလုပ်ဖို့လိုတယ်။ ကျွန်တော်ဆိုရင် က NUG ကို လုပ်အားပေးချင်တယ်။ဝင်ချင်တယ်။  ဘယ်သူမှ မကမ်းလှမ်းဘူး။ မကမ်းလှမ်းတော့ ကိုယ်ကသွားပြီးတော့ခလေးတွေလို ကိုယ့်အသက်အရွယ်နဲ့  ကျွန်တော်ကို အလုပ်ကလေးပေးပါဗျာလို့ သွား ဖမ်းတောင်းရမယ် အဆင့်လည်း မဟုတ်ဘူး။  ကျွန်တော်ကို ဘယ်သူမှ ဘယ်သူမှ မစည်းရုံးဘူး။ ကျွန်တော်ဒီလောက်ပြောနေတာကို  ဘာအကြံအဥာဏ်လည်း မတောင်းဘူး။ အဲဒါကတော့ အပြစ်တင်တယ်ဆိုတာထက် ကျွန်တော်တို့ နေရာလိုချင်လို့ မဟုတ်ပါဘူး။  NUGဟာ ဒီထက် ပိုပြီး စည်းရုံးရေး အမြင် ရှိသင့်တယ်။ တော်လှန်ရေး အမြင်ကိုလည်းဘဲ လုပ်ငန်းတွေ ဒီထပ်ပိုပြီး လုပ်ငန်းတွေ လုပ်သင့်တယ်။ ပြောချင်တယ်။ ဒါပေမယ့်လို့ အဆုံးတစ်နေ့မှာတော့ ကျွန်တော်တို့ နိုင်ကိုနိုင်မယ်။ ဘာလို့ဆိုတော့ ပြည်သူတစ်ရပ်လုံးပါလို့။ နိုင်ကိုနိုင်မယ်။ လူငယ်တွေကလည်း ဘယ်သူ ဘာပြောပြော ပြောချင်တာပြော၊ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖြုတ်ချမယ်။ သဓိဌာန်ချတိုက်နေတာမို့လို့၊  EAO တွေကလည်း အဲဒီအတိုင်းဘဲ။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ တော်လှန်ရေးက မလွှဲမသွေအောင်မယ်။ သို့သော်   မြန်တာနဲ့ နှေးတာ ဖြစ်မှာစိုးလို့ မြန်အောင်သာ ပြောနေရတာ ဖြစ်ပါတယ်။ အဲသလို တင်ပြချင်ပါတယ် ခင်ဗျား။

မေး-နောက်ထပ်ကာလုံကနေပြီး သက်တမ်း (၆) လတိုးခွင့်ပြုလိုက်တာနဲ့ပတ်သက်ကြီး ဖြည့်စွက်ပြီးပြောစရာများရှိရင် ပြောပြပေးပါအုံး ခင်ဗျား။
ဖြေ- (၆) လက (၆) လပြီးရင် နောက် (၆)လ၊ နောက်(၆)လနဲ့အနှစ် (၆၀) လောက်များ တိုးအုံးမလားမသိဘူး။ ဘာလို့ဆို ဖွဲ့စည်းပုံခုံရုံးဆိုတဲ့ သူ့တပည့် သူခန့်တဲ့လူတွေက ဆုံးဖြတ်လိုက်တာ။ ကာလကန့်သတ်ချက်မပါဘူး။ ကာလဘယ်လောက်ထိ တိုးချဲ့နိုင်ခွင့်ရှိတယ်။ ဘယ်လောက်တော့ သင့်တော်တယ် အစရှိသဖြင့်ပေါ့ဗျာ။ ပြည်တွင်း၊ ပြည်ပ ဥပဒေတွေ မြန်မာနိုင်ငံထဲမှာရှိတဲ့ စာပေ၊ ပိဋကတ်တွေကို ကိုးကားပြီးတော့ ဆုံးဖြတ်တာမဟုတ်ဘူး။ ခိုင်းတဲ့အတိုင်းလုပ်တာ။ လက္ဘက်ရည်ဆိုင်မှာ လူစုပြီးဆုံးဖြတ်လိုက်သလို ဆုံးဖြတ်လိုက်တာ။ အဲ့ဒီတော့ ပြည်သူလူထု လေးစားတဲ့ခုံရုံး၊ ကမ္ဘာက လေးစားတဲ့ခုံရုံးလည်း မဟုတ်ဘူးလေ။ ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကနေခန့်ထားတဲ့ လွှတ်တော်က ခန့်ထားတဲ့ရုံးမဟုတ်ဘူး။ အဲ့ဒီတော့ အဲ့ဒီခုံရုံးက သက်တမ်းတိုးခွင့်ပေးလိုက်တဲ့အပေါ်မှာ ယုံစားပြီး စောင့်နေရင်တော့ နောက်အနှစ် (၆)လ တစ်ကြိမ်စီ (၁၀)ကြိမ်လောက်တိုးလိုက်ရင် နှစ်(၆၀)ဆို ခင်ဗျားတို့လည်း မရှိတော့ဘူး။ ကျနော်တို့လည်း မရှိတော့ဘူး။ အဲ့ဒါကို စောင့်မနေတော့ဘဲ ကျနော်တို့ နွေဦးတော်လှန်ရေးအောင်မြင်အောင်လုပ်ကြရမယ်လို့  ဒီလို တင်ပြချင်ပါတယ်ဗျာ။

မေး- သူတို့က  ဥပဒေကို လိုသလိုလက်တစ်လုံးခြားသုံးသွားတဲ့သဘောမျိုး ဆရာကြီးက ဆိုလိုချင်တာလားခင်ဗျား။
ဖြေ-  ဥပဒေကို လက်တစ်လုံးခြားတင်မဟုတ်ဘူးဗျာ။ ဗြောင်လိမ်တာ။ ဘာမှလက်တစ်လုံးခြား မဟုတ်ဘူး။ ဗြောင်လိမ်တာ။ ရက်စွဲတွေပြင်၊ အစည်းအဝေးမှာ မပြောတာတွေကို ပြော။ ဖွဲ့စည်းပုံခုံရုံးက စာမတောင်းသေးဘဲနဲ့ တောင်းပြီးပြီပြော။ ပြီးရင် အဲ့ဒီနေ့ကျ အစည်းအဝေး ဆုံးဖြတ်ခဲ့တာတွေကို အဲ့ဒီနေ့မှာ မကြေညာနိုင်ဘူး။ ဘာလို့လဲဆိုတော့ လိမ်ရအုံးမှာကိုး ဗျ။ လိမ်ရအုံးမှာဆိုတော့ အဲ့ဒီနေ့ကြေညာနိုင်ဘူး။ တကယ်ဆိုရင် ကျနော်တို့ တွေ့ဖူးသမျှ ကမ္ဘာ့အစည်းအဝေး၊ မြန်မာ့အစည်းအဝေး အဲ့ဒီနေ့အစည်းအဝေးလုပ်ရင် အဲ့ဒီနေ့မှာပဲ ကြေညာလိုက်တာပဲ။ အဲ့ဒီလိုမျိုးမကြေညာရဲဘူး။ မိတ်ကပ်လုပ်နေရသေးတယ်။ မိတ်ကပ် လုပ်နေရသေးတယ်။ အဲ့ဒါကြောင့် လိမ်ဆင်လို့ပြောတာ။
နိရဉ္စရ- ရာကြီး ဦးကြီးမြင့် အခုလိုဖြေကြားပေးလို့ နိရဉ္စရာက ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျ။
ဦးကြီးမြင့်- ကောင်းပါပြီ ခင်ဗျ 

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး