ဗုဒ္ဓဟူး၊ မေလ ၂၂ရက်၊ ၂၀၂၄

ရိက္ခာပြတ်တောက်၍ တောင်ငူ ခရိုင်က စစ်ကောင်စီ တပ်စခန်း ၂ ခု စခန်းစွန့်ခွာထွက်ပြေး


  • ရေးသူ: Web Master (NN 25)
  • | ရက်စွဲ: ၀၄ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 650

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဖလေးဆာလို ကျေးရွာ သချိုင်းမြေတွင် တပ်စွဲထားသည့် ခမရ- ၅၈၁ နှင့် ကလောမီဒဲ ကျေးရွာတွင် တပ်စွဲထားသည့် ခမရ -၅၈၁ တို့သည် ယမန်နေ့ ညက စခန်းစွန့်ခွာ ထွက်ပြေးသွားသည်ဟု KNU(ဗဟို) မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ၎င်းစခန်း ၂ ခု၏ ရိက္ခာလမ်းကြောင်းကို ၆ လခန့် ဖြတ်တောက်ထားပြီးနောက် ရိက္ခာပြတ်တောက်၍ စစ်ကောင်စီ တပ်သားများ ဒုက္ခရောက်ပြီး ထွက်ပြေးသွားခြင်းဖြစ်သည်။


ထိုစခန်းများကို KNLA တပ်ရင်း ၆ မှ တက်ရောက်ရှင်းလင်းမီးရှို့ ဖျက်ဆီးခဲ့ပြီး  လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါစခန်းများကို ၁၉၇၅ ခုနှစ်ကနေ ၁၉၇၉ ခုနှစ်ထိ ၄ နှစ်ကြာ ပထမ အကြိမ် တပ်စွဲခဲ့ကြပြီး ၂၀၀၆ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် စစ်ကောင်စီ တပ်မ ၆၆ မှ မြေလှန်စနစ်ဖြင့် ကရင်လူမျိုးများအား လူမျိုးတုန်းရှင်းလင်းရေး စစ်ဆင်ရေးအချိန်ကာလတွင်  ဝင်ရောက်တပ်စွဲခဲ့သည့် စခန်းများဖြစ်သည်ဟု ဖော်ပြထားသည်။



ပုံစာ- KNU (ဗဟို)

ဆက်စပ် သတင်းများ