ဗုဒ္ဓဟူး၊ မေလ ၁ရက်၊ ၂၀၂၄

စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၍ ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ်တွင် ကျောင်းဆရာမ ၃ ဦးအပါအဝင် ၅ ဦးသေဆုံး


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၇ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

စစ်ပွဲတိုင်းတွင် အရှုံးနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရှမ်းပြည်နယ် တအာင်းဒေသ နမ့်ဆန်မြို့နယ်တွင် ကျောင်းဆရာမ ၃ ဦးအပါအဝင် ၅ ဦးသေဆုံးကြောင်း သတင်းရရှိသည်။

ယနေ့ ဇန်နဝါရီလ ၇ ရက် နေ့လယ် ၂ နာရီကျော် အချိန်တွင် တအာင်းဒေသ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် နှစ်ကြိမ် ဗုံး (၅)လုံး လာရောက် ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု တအာင်းတပ်မတော်( TNLA) က သတင်းထုတ်ပြန်သည်။


စစ်ကောင်စီတပ်မှ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် တအာင်းအမျိုးသားပညာရေး ကော်မတီ (TNEC) ကျောင်းဆရာမ ၃ ဦး အပါအဝင် ပြည်သူ ၅ ဦး သေဆုံးခဲ့ရပြီး၊ ကျေးရွာဒေသခံ ၆ဦးလည်း  ကျည်စထိမှန် ဒဏ်ရာ ပြင်းထန်ရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်

လူနေအိမ် (၇)လုံး ကျည်ထိမှန် ပျက်စီးဆုံးရှုံးခဲ့သည်။

ဇန်နဝါရီ ၅ရက်နေ့  ညနေ  ၃ နာရီ ကျော်ခန့်ကလည်း  နမ္မတူမြို့နယ် ကုန်းဆာကျေးရွာသစ်တွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် နှစ်ကြိမ်၊ Y12 ဖြင့် တစ် ကြိမ် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် မန်ဆာကျေးရွာဒေသခံ (၁)ဦး၊ တအာင်းတပ်မတော် TNLA ရဲဘော် (၁)ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး၊ လူနေအိမ် (၅)လုံး ကျည်စထိမှန် ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ-TSTV

ဆက်စပ် သတင်းများ