အင်္ဂါ၊ မေလ ၂၈ရက်၊ ၂၀၂၄

မြန်မာနယ်စပ်မှဝင်လာသည့် စိတ်ကြွဆေးပြား ၁၄ သန်းကျော်ကို ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်တွင် ဖမ်းဆီးရမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 571

အိမ်စိုးဖြူ/ နိရဉ္စရာ၊ဧပြီ၂၂/၂ဝ၂၄

မြန်မာနိုင်ငံနယ်စပ်မှ ဝင်လာသည့် စိတ်ကြွဆေးပြား ၁၄ သန်းကျော်ကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ မဲ့တိုင်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါစိတ်ကြွေးဆေးပြားများကို  ဧပြီလ ၂ဝ ရက်နေ့တွင် မြန်မာနယ်စပ်မှ မူးယစ်ဆေးဝါးများ သယ်ဆောင်လာကြောင်း သတင်းအရ ထိုင်းအာဏာပိုင်များက ချင်းဒေါင်းမြို့နယ်၊ ကဲန်ပန်းတောဝ်း ကျေးရွာအုပ်စုထဲတွင် ဂိတ်ချ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းမီဒီယာများ၌ ဖော်ပြကြသည်။

အဆိုပါ စိတ်ကြွဆေးပြားများကို လမ်းပြကားတစ်စီးက ဦးဆောင်၍ နောက်က ကားနှစ်စီးတွင် အပြည့်တင်ဆောင်လာခြင်းဖြစ်ကြောင်း ၊ယာဉ်မောင်းတစ်ဦးကို ဖမ်းဆီးရမိပြီး ကျန်နှစ်ဦးမှာ ထွက်ပြေးသွားကြောင်း ထိုင်းအာဏာပိုင်များက မီဒီယာများကို ပြောသည်။

မူးယစ်ဆေးသယ်ဆောင်လာသူတို့မှာ ကား စီးတွင် ဆာလာအိတ် စုစုပေါင်း ၇၃ အိတ်ကို သယ်ဆောင်လာပြီး တစ်အိတ်တွင် ဆေးပြား သိန်းခန့်ပါဝင်သဖြင့် စုစုပေါင်းဆေးပြားအရေအတွက် ၁၄,၆ဝဝ,ဝဝဝ ခန့်ရှိကြောင်းသိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား ထိုင်းနိုင်ငံရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့လက်သို့ လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်ကြောင်းသိရသည်။

ဆက်စပ် သတင်းများ