ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်စစ်ပွဲတွင် သေဆုံးခဲ့ရသည့်အပြစ်မဲ့အရပ်သားများအတွက် ဝမ်းနည်းကြောင်းအဆိိုုတင်သွင်းမှု ရခိုင်လွှတ်တော်အတည်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.9k

နီမင်းထွန်း
နိရဥ္စရာ၊ စက်တင်ဘာ ၁၇ / ၂ဝ၁၉

ရခိုင်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများအကြားသေဆုံးသွားသည့် အပြစ်မဲ့အရပ်သားပြည်သူအတွက် ဝမ်းနည်းကြောင်းအဆိုတစ်ရပ်ကို ယနေ့တင်သွင်းရာ ရခိုင်ပြည်နယ်လွှတ်တော်က ၎င်းအဆိုကို အတည်ပြုခဲ့သည်ဟု သတင်းရရှိသည်။

အဆိုကို စက်တင်ဘာလ ၁၇ ရက် ယနေ့ ကျင်းပခဲ့သော  ရခိုင်ပြည်နယ်လွှတ်တော်တွင် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဘူသီးတောင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက တင်သွင်းခဲ့ခြင်းဖြစ်သည်။

ဦးထွန်းအောင်သိန်းက “ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြားမှာသေဆုံးခဲ့ရသူ မိသားစုများရဲ့ ပူဆွေးသောကကို မိသားစုများနှင့်အတူ ထပ်တူဝမ်းနည်း ကြေကွဲကြကြောင်း ရခိုင်ပြည်နယ် လွှတ်တော်အနေနှင့် ဝမ်းနည်းမှတ်တမ်းတင်သင့်တယ်လို့ ယူဆတဲ့အတွက်တင်သွင်းတာပါ” ဟု သတင်းဌာနများကို ပြောသည်။

တိုက်ပွဲများကြားတွင် အပြစ်မဲ့အရပ်သား ပြည်သူများပြည်သူများ သေဆုံးမှုများသည်လည်း ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလမှ ယနေ့အထိ သေဆုံးသူပေါင်း ၈ဝ ကျော်ရှိနေပြီဟုလည်း ဦးထွန်းအောင်သိန်းက ဆက်ပြောခဲ့သည်။

အဆိုတင်သွင်းမှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်သူမရှိ လက်ခံ အတည်ပြုခဲ့ကြသည်ဟုလည်း သိရသည်။

ရခိုင်ပြည်နယ်တွင် စစ်ပွဲများ အရှိန်မြင့်လာနေပြီး ဘူးသီးတောင်၊ ကျောက်တော် ၊ ရသေ့တောင် ၊ မြောက်ဦး ၊ ပုဏ္ဏားကျွန်း ၊ မင်းပြား နှင့် မြေပုံအထိကျယ်ပြန့်လာနေကြောင်းသိရှိရသည်။

ဆက်စပ် သတင်းများ