- Web Master
- ၀၄ သြဂုတ် ၂၀၂၂
ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၂၅/၂ဝ၁၉
ရခိုင်ပြည်နယ် ၊ မင်းပြားမြို့နယ်မှ သူရင်းငှားလုပ်နေသည့် လူငယ်နှစ်ဦးကို နိုဝင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းက ကျွဲချည်ပြီး အိမ်သို့ ပြန်လာစဉ် စစ်ကြောင်း တစ်ခုမှ ခေါ်ယူသွားသဖြင့် မိသားစုများ စိုးရိမ်နေကြသည်ဟု သတင်းရရှိသည်။
၎င်းတို့နှစ်ဦးမှာ မင်းပြားမြို့နယ် ဖုန်းသာ မင်းတပ်အုပ်စု၊ မင်းတပ်ရွာမှ ဦးအောင်ကျော်(ခ) ဖြူသာထွန်း၏သား အောင်ကျော်ဝင်း အသက် (၂ဝ) ခန့်၊ ပြိန်းချောင်းရွာမှ ဦးသိန်းချေနှင့် ဒေါ်မစောပု တို့၏သား သိန်းထွန်းအေး အသက် (၂ဝ) ခန့်တို့ ဖြစ်ကြောင်း မင်းပြားဗလိပေါက်ဆရာတော်က မိန့်ကြားသည်။
“ သူတို့က မင်းပြားမြို့နယ် ပြိ်န်းချောင်းရွာက ဦးအောင်ထွန်းလှဆီမှာ သူရင်းငှားလုပ်နေကြတာပါ။ နိုဝင်ဘာ ၂၄ ရက် ညနေ ၄ နာရီလောက်မှာ လယ်တဲက ကျွဲချည်ပြီး ပြန်အလာမှာ ဗိုလ်မှူးဗဟိန်း ဦးဆောင်တဲ့ ၃၇၃ တပ်ရင်း စစ်ကြောင်းကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ခေါ်ယူသွားတာ တစ်ရက်ကျော် ရှိနေပြီဖြစ်တဲ့ အတွက် မိသားစုများက အထူးစိုးရိမ်နေကြပါတယ်” ဟု ဗလိပေါက်ဆရာတော်က မိန့်ကြားသည်။
မိဖဖြစ်သူများက ဆရာတော်ထံ အကူအညီတောင်းသဖြင့် မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ ဆက်သွယ်ရာ ၎င်းလူငယ် နှစ်ဦးမှာ စစ်တပ်လက်ထဲတွင် ရှိနေသည်ဟု ပြောကြောင်း၊ ပြိန်းချောင်းအုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ဗိုလ်ကြီးအောင်မြတ်သူက မကြာခင် ပြန်ရောက်လာလိမ့်မည်ဟု ပြောကြောင်း ဆရာတော်က မိန့်ကြားသည်။
-------------------------
Unicode:
နိရဉ်စရာ၊ နိုဝငျဘာ ၂၅/၂ဝ၁၉