သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

NLD ပါတီဝင် ဦးထွန်းလှိုင်နှင့် အဆက်အသွယ်မရသော်လည်း တပ်ထဲတွင်ထိန်းသိမ်းခံထားရဟု မိသားစုဝင်များဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 4k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဉ္စရာ၊ မေ ၆ / ၂၀၂၁

 

 ၂၀၂၀ ခုနှစ်နိုဝင်ဘာလ ရွေးကောက်ပွဲတွင် စစ်တွေမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့၍ ရှုံးနိမ့်ခဲ့သူ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းလှိုင်နှင့် ဖမ်းဆီးသည့်အချိန်မှစပြီး ယနေ့အချိန်ထိ အဆက်အသွယ်မရရှိသေးသော်လည်း စစ်တပ်ထဲတွင် ထိန်းသိမ်းထားသည်ဟု သတင်းရရှိကြောင်း ဇနီးဖြစ်သူ ဒေါ်ကြာလှဖြူက ပြောသည်။

 

သူ့အခြေအနေကိုတော့ ကျမတို့ တစ်ခုမှ မသိရသေးဘူး။ အဆက်အသွယ်လည်း မရဘူး။ ရဲစခန်းကိုလည်း မရောက်သေးဘူး။ သူကိုထားတာကတော့ စရဖမှာ ထားတယ်လို့ ရဲစခန်းမှာ အဝတ်အစားတွေသွားပို့တုန်းက သိခဲ့ရတယ်။ မိသားစုနဲ့လည်း မတွေ့ရသေးဘူး။ သူကို စစ်ဆေးစရာတွေရှိလို့ ထိန်းသိမ်းထားတယ်လို့ ပြောတယ်ဟုပြောသည်။

 

ဦးထွန်းလှိုင်သည် စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးတွင် နေထိုင်သူ တစ်ဦးဖြစ်ပြီး ၄င်းအား ဧပြီ ၂၉ ရက် ညနေ ၆ နာရီခန့်က ရဲတပ်ဖွဲ့မှ ခေါ်ဆောင်သွားခဲ့သည်။

 

 

သူကအစားအစာတွေ မှာတယ်ဆိုပြီးတော့ ရဲသားတွေပြောလို့ ကျမတို့ ရဲစခန်းကို သူ့ရဲ့ ပုဆိုး၊ အကျင်္ီ မျက်နှာသုတ်၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ အစားအစာတွေကို ပို့ခဲ့သေးတယ်။ အဲဒီမှာ သိခဲ့ရတာ။ ဘာကြောင့် ဖမ်းတယ်ဆိုတာလည်း အဒေါ်တို့ မသိရဘူး  ဟုပြောသည်။

 

 

၄င်းအား ဖမ်းဆီးထားသည်မှာ ရက်အထိ ကြာမြင့်နေပြီဖြစ်သော်လည်း မိသားစုဝင်များနှင့် အဆက်အသွယ်မရသည့်အတွက် စိုးရိမ်မိကြောင်း ဒေါ်ကြာလှဖြူက ဆက်ပြောသည်။

 

ဦးထွန်းလှိုင်မှာ ယခင်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ ကားဒရိုက်ပါအဖြစ် လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပြီး မကြာမီက ကျင်းပခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲတွင် စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ