စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

စစ်တွေ ပါဒလိတ်ကျေးရွာအနီးရှိ အမှတ်(၂၃၂)တပ်ရင်းတွင် လက်နက်ငယ်များ စမ်းသပ်ပစ်ခတ်မည်ဟုဆိုလာပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 3k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ မေ ၁၉/ ၂၀၂၁

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ပါဒလိတ်ကျေးရွာအနီး အမှတ် (၂၃၂) တပ်ရင်းတွင် ယနေ့ (မေ ၁၉ ရက်မှ မေလ ၂၁ ရက်အတွင်း) လက်နက်ငယ်များစမ်းသပ်ပစ်ခတ်မည်ဖြစ်ကြောင်း နီးစပ်ရာ ကျေးရွာများသို့ အကြောင်းကြား လာသည်ဟု ကျေးရွာလူကြီးများက ပြောကြားသည်။

 

ကြွီဲကျေးရွာစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်မြသိန်းက ကျနော်တို့ကို မနေ့ညက မြို့နယ်ရုံးက ဆက်သွယ်လာတာကတော့ ဒီနေ့မနက် ၈ နာရီကနေ ၃ ရက်အတွင်း စမ်းသပ် ပစ်ခတ်မယ်ဆိုပြီးတော့ြောတယ်။ သူတို့ကတော့ ရွာကလူတွေကို သတိပေးထားလိုက် ရွာသားတွေ မကြောက်ရအောင်ဆိုပြီးတော့ ပြောတယ် ဟုပြောသည်။

 

လက်နက်ငယ် ပစ်ခတ်သံများကြောင့် ရွာသားများစိုးရိမ်ကြောက်လန့်မသွားစေရန်အတွက် နီးစပ်ရာ ကျေးရွာများသို့ အကြောင်းကြားထားသည်ဟု ၎င်းက ပြောဆိုသည်။

 

ပါဒလိတ်ကျေးရွာ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်လှိုင်အေးကလည်း အမှတ် (၂၃၂ ) တပ်ထဲတွင် လက်နက်ငယ်များ စမ်းသပ်ပစ်ခတ်မည်ဖြစ်၍ တပ်ဧရိယာထဲသို့ ကျွဲ၊ နွား၊ တိရစ္ဆာန်များနှင့်  လူများဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် သတိပေးထားသည်ဟု  ပြောသည်။

 

 ကျနော်တို့ကို ၂၃၂ တပ်က ဗိုလ်မှူးတစ်ယောက်က သတင်းပို့ပါတယ်။ ကျနော်တို့တပ်မှာ လက်နက်ငယ်တွေ စမ်းသပ်ပစ်ခတ်ဖို့ရှိတယ်ဆိုပြီးတော့ ပြောတယ်။ ကျနော်တို့ရွာနဲ့ နီးစပ်တဲ့ အတွက်ကြောင့် စစ်တပ်ဧရိယာထဲကို ကျွဲ၊ နွား၊ တိရစ္ဆာန်တွေနဲ့ လူတွေဖြတ်သန်းမသွားဖို့ ကျနော်တို့ကို အကြောင်းကြားတယ် ဟုပြောသည်။

 

အမှတ် (၂၃၂)  တပ်ရင်းတွင် လက်နက်ငယ်များ ပစ်ခတ်မည်ဟုဆိုသော်လည်း ယခုအချိန်ထိ ပစ်ခတ်သံများ မကြားမိသေးကြောင်း နီးစပ်ရာ ဒေသခံကျေးရွာသားများက ယနေ့နံနက် ၉ နာရီအချိန်က ပြောကြသည်။

 

ရခိုင်စီမံအုပ်ချုပ်ရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးလှသိန်းကို သတင်း အတည်ပြုနိုင်ရန်အတွက် မေးမြန်းရာ အမှတ် (၂၃၂) တပ်ရင်းတွင် လက်နက်ငယ်များ စမ်းသပ်ပစ်ခတ်မည်ကို သူအနေဖြင့် မသိရှိကြောင်း ပြောသည်။


ပစ်တယ်ဆိုရင်လည်း သူတို့တပ်ရင်းထဲမှာ စက်ပစ်ကွင်းရှိတယ်။ စက်ပစ်ကွင်းမှာ G3G4 သေနတ်တွေကို စမ်းကြည့်ဖို့ဖြစ်တယ်။ အရင်တုန်းက စစ်တပ်မှာ ကိုင်ခဲ့တဲ့ G3G4 သေနတ်တွေဟာ တပ်ထဲမှာ ကျန်နေသေးတယ်။ အဲဒီသေနတ်တွေကို စက်ပစ်ကွင်းမှာ စမ်းသပ်ပစ်ခတ်ဖို့ဟာဖြစ်တယ်။ ဒါပေမဲ့ ပါတလိတ်အနားက တပ်မှာ ပစ်ဖို့၊ မပစ်ဖို့ဆိုတာကိုတော့ ငါမသိဘူးဟုပြောသည်။

 

 အမှတ် (၂၃၂)  တပ်ရင်းသည် ပါဒလိတ်ကျေးရွာနှင့် အမြင့်ကျွန်းကျေးရွာအကြား ရန်ကုန်- စစ်တွေ ကားလမ်းမပေါ်တွင်တည်ရှိသည်။

 

ဆက်စပ် သတင်းများ