တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ဧပြီ ၉ ရက်မှ ၁၇ ရက်နေ့အတွင်း ရခိုင်သို့ နိုင်ငံခြားခရီးသည် ၂၆၀ နှင့် ပြည်မခရီးသည် ၁၅၉၁၇ ဦးဝင်ရောက်လည်ပတ်ခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 7.1k

သဉ္စာနွယ်
နိရဥ္စရာ၊ဧပြီ ၁၉ /၂၀၂၂
ရခိုင်ပြည်နယ်အတွင်းသို့ သင်္ကြန်ကာလ ဧပြီ ၉ ရက်မှ ၁၇ ရက်အတွင်း နိုင်ငံခြားခရီးသည် ၂၆၀ ဦးနှင့် ပြည်မဘက်က ခရီးသည် ၁၅၉၁၇ ဦး လာရောက်လည်ပတ်ခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ပြည်မဘက်မှ ခရီးသွားဧည့်သည် ၅၂၉၀ဦးနှင့် နိုင်ငံခြားဧည့်သည် ၂၁ ဦး၊ သံတွဲမြို့သို့ ပြည်မဘက်မှ ခရီးသွားဧည့်သည် ၆၁၈၆ဦးနှင့် နိုင်ငံခြားဧည့်သည် ၂၃၉ဦး၊ ရခိုင်ရှေးဟောင်း မြို့တော် မြောက်ဦးမြို့ ပြည်မဘက်မှ ခရီးသွားဧည့်သည် ၃၁၉၅ဦးနှင့် ကျောက်ဖြူသို့ ပြည်မဘက်မှ ခရီးသွားဧည့်သည် ၁၂၄၆ဦးအထိရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က နိရဥ္စရာ သတင်းဌာနကိုပြောသည်။
ရခိုင်ပြည်နယ်သို့ ခရီးသွားဧည့်သည် တိုးပွားလာမှုနှင့် ပတ်သက်ပြီး ၎င်းက " ရခိုင်ပြည်မှာ လက်ရှိ အနေထားအရဆိုရင် အေးချမ်းနေတဲ့အနေထားရှိတယ်။ ဒါကြောင့် ခရီးသွားတွေက ရခိုင်ကို လာလည်ကြတယ်လို့ ထင်ပါတယ်"ဟု ပြောသည်။
ရန်ကုန်မှ ရခိုင်သို့ ယခင်က တစ်ရက် လေယာဉ် ၆ကြိမ်မှ ၇ ကြိမ်ထိ ပြေးဆွဲခဲ့ရာမှ ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်းက တစ်ရက်လျှင် အကြိမ် ၂၀ ထိ ပြေးဆွဲ ပျံသန်းခဲ့ကြောင်းသိရသည်။
အဆိုပါ ရက်ပိုင်းအတွင်း ပြည်မဖက်မှ ခရီးသွား ဝင်ရောက်မှုမှာ ယခင် ၁ လအတွင်း ခရီးသွားလာမှုထက် ပိုမိုများ ပြားလာသည်ဟု ပြည်နယ်ကောင်စီမှ တဆင့် သိရသည်။
(Photo by May Hlaing Phyu)

ဆက်စပ် သတင်းများ