တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့တွင် ရခိုင်ပြည် နံ့သာကျွန်းရှိ ဆောင်းခိုငှက်မျိုးစိပ်များနှင့် ရေနေသတ္တဝါများကိုထိန်းသိမ်းကာကွယ်ပေးရန် ရခိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 380

နိရဥ္စရာ၊ မတ် / ၂၀၂၃

ယနေ့ကျရောက်သော နှစ် ၅၀ ပြည့်ရွှေရတုနေ့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့တွင် အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ထားသည့် ရခိုင်ပြညထဲမှ နံ့သာကျွန်းတွင်ရှိသော ဆောင်းခိုငှက်မျိုးစိပ်များနှင့် ရေနေသတ္တဝါများကို ထိန်းသိမ်းကာကွယ်ပေးရန် ရခိုင်ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က တောင်းဆိုလိုက်သည်။

အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ခံထားရသည့် အဆိုပါကျွန်းတွင် ငှက်မျိုးစိပ်များနှင့် ရေနေသတ္တဝါများကို ဖမ်းဆီးခြင်း၊ သဘာဝပေါက်ပင်များကို ခုတ်ယူခြင်း၊ သဲများအား ခိုးယူတူးဆွသယ်ဆောင်ခြင်းစသည်တို့ကို မသမာသူတို့က လုပ်ဆောင်နေကြဆဲဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနက တားမြစ်အရေးယူမှုအားနည်းနေ၍ တောင်းဆိုရခြင်းဖြစ်သည်ဟု ရခိုင်ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နောင်စိုးက ပြောသည်။

"ရေညှောက်နှုတ်ဝိုင်းငှက်က တစ်ကမ္ဘာလုံးအတိုင်းအတာအရဆိုရင် မျိုးတုံးပျောက်ကွယ်လုဖြစ်နေတဲ့ ငှက်မျိုးစိပ်ပေါ့နော်။ ကျနော်တို့နံ့သာကျွန်းမှာဆိုရင် စတွေ့တဲ့ ၂ဝဝ၇ က ၃၇ ကောင်တွေ့တယ်။ အဲဒီကနေ တစ်နှစ်ပြီးတစ်နှစ် လက်ရှိအချိန်ထိဆိုရင် ကောင်ပဲရှိတော့တာ တွေ့ရတယ်။ တခြား ငှက်မျိုးစိပ်တွေနဲ့ ရေနေသတ္တဝါတွေလည်း ဖမ်းယူသတ်ဖြတ်နေမှုတွေရှိလာနေလို့ ဒါတွေကို တားဆီးကာကွယ်ပေးဖို့ တောင်းဆိုရတာပါ" ဟု ပြောသည်။

နံ့သာကျွန်းသည် ရေမြေဧက ၂၂,၉၇၉ ဧကကျယ်ဝန်းပြီး စစ်တွေမြို့နယ်၏ အနောက်မြောက်ဘက် (၁၀)မိုင်အကွာ၊ မေယုမြစ်ဝနှင့် ဘင်္ဂလားပင်လယ်အော်ကြား ရသေ့တောင်မြို့နယ်အပိုင်တွင် တည်ရှိသည်။

အဆိုပါကျွန်းတွင် တစ်ကမ္ဘာလုံး၌ မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိနေသော ရေညှောင့်နှုတ်ဝိုင်းငှက်များ အများဆုံးလာရောက်ဆောင်းခိုလေ့ရှိသည်ဟု သိရသည်။

နှုတ်တိုရှည်ငှက်နှင့် နော်မန်ခြေစိမ်းငှက် အစရှိသော ရွှေ့ပြောင်းငှက်မျိုးစိတ်များနှင့် ဌာနေငှက်များ အပါအဝင် ပင်လယ်လိပ်မျိုးများ၊ ဧရာဝတီလင်းပိုင်၊ ရေနေသတ္တဝါများနှင့် ဒီရေတောများရှိသည့် အတွက် ထိန်းသိမ်း စောင့်ရှောက်ရန်လိုအပ်သည့် ရေဝပ်ဒေသနယ်မြေတစ်ခု ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါနံ့သာကျွန်းကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်အလို့ငှာ မြန်မာနိုင်ငံ၏ ဒုတိယမြောက် အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်တွင် သတ်မှတ်ခဲ့သည်။

ယခုကဲ့သို့ အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ်ပြဋ္ဌာန်းခံလိုက်ရသည့်အတွက် ထိန်းသိမ်းစောင့်ရှောက်ရေး အပိုင်းတွင် ပိုအားကောင်းလာမည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူများက မျှော်လင့်ခဲ့ကြသော်လည်း လက်တွေ့တွင် သက်ဆိုင်ရာဌာနက ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းနေသေးသည်ဟု ပြောကြသည်။

နံ့သာကျွန်းရှိ ရေညှောက်နှုတ်ဝိုင်းငှက်မျိုးစိတ်အပြင် အခြားရှားပါးငှက်မျိုးစိပ်များနှင့် ရေနေသတ္တဝါများကို ခိုးယူဖမ်းဆီးသတ်ဖြတ်ရောင်းချခြင်းများကြောင့် ဆောင်းခိုငှက်များအပါအဝင် ရေနေသတ္တဝါများ တဖြည်းဖြည်း မျိုးတုံးပျောက်ကွယ်လုဖြစ်လာနေကြောင်း ဦးရန်နောင်စိုးက ပြောသည်။

ကမ္ဘာ့ရှားပါးဆောင်းခိုငှက်မျိုးစိပ်ဖြစ်သည့် ရေညှောက်နှုတ်ဝိုင်းငှက်များမှာ မွန်ပြည်နယ်၊ မုတ္တမပင်လယ်ကွေ့၊ ရခိုင်ပြည်နယ် နံသာကျွန်း၊ ဧရာဝတီတိုင်း မိန်းမလှကျွန်းနှင့် တနင်္သာရီတိုင်း မြိတ်ကျွန်းစုများတွင် လာရောက် ဆောင်းခိုကျက်စားလေ့ရှိကြောင်း ဆက်ပြောသည်။

"မုတ္တမပင်လယ်ကွေ့ဘက်မှာလည်း တစ်နှစ်ထက်တစ်နှစ် လျော့ကျလာတယ်လို့ သိရတယ်။ ဆယ်စုနှစ်တစ်ခုအတွင်းမှာ မျိုးတုံးပျောက်ကွယ်သွားနိုင်တယ်ပေါ့နော်"ဟု ပြောသည်။

ရခိုင်ဒေသတွင် နှစ်စဉ်ဆောင်းဦးပေါက်ကာလ၌ဆောင်းခိုငှက်မျိုးစိပ် ၅၀ ခန့်ဝင်ရောက် ကျက်စားခဲ့ကြသော်လည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ဆောင်းခိုငှက်မျိုးစိပ် ၃၀ ခန့်သာ တွေ့ရကြောင်း ရခိုင်ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၏စာရင်းအရ သိရသည်။

ငှက်ပညာရှင်များ၏ လေ့လာချက်အရ ရေညှောက်နှုတ်ဝိုင်းငှက်များ ၁၉၇ဝ ဝန်းကျင်က အကောင်ရေ ၅ဝဝဝ ကျော်ခန့်ရှိခဲ့ရာမှ တဖြည်းဖြည်း အကောင်ရေ နည်းပါးလာခဲ့ရာ ၂၀၁၁ ခုနှစ်တွင် ကောင်ရေ ၅ဝဝ အောက်သာ ကျန်ရှိသည့်အတွက် မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် မျိုးစိတ်အဆင့်သတ်မှတ်ကာ ထိန်းသိမ်းနေရသည့် ငှက်မျိုးစိပ်ဖြစ်သည်။

အဆိုပါရေညှောင့်နှုတ်ဝိုင်းငှက်(ခေါ်) ဒီလုံးငှက်၏ဇာတိမြေမှာ ရုရှားနိုင်ငံ၊ ချူကိုတာဒေသရှိ ဆိုက်ဘေးရီးယား လွင်ပြင်ဒေသဖြစ်ပြီး နှစ်စဉ် ဇွန်၊ ဇူလိုင်လတွများတွင် သားပေါက်ဖွား၍ တစ်ကြိမ်ကို လုံးအထိသာ ဥကာ ကောင် ကောင်သာ ပေါက်ပွားတတ်ကြောင်းလည်း သိရသည်။
ယင်းသို့ရှားပါးမျိုးစိပ်များ မျိုးတုံးပျောက်ကွယ်မသွားနိုင်ရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု အပိုင်းတွင်လည်း အစိုးရဌာနတာဝန်ရှိသူများနှင့် ပြည်သူများကိုယ်တိုင် ပါဝင်ကူညီမှုရှိမှသာ ပို၍ ထိရောက် အောင်မြင်နိုင်မည်ဖြစ်ကြောင်း ဦးရန်နောင်စိုးက နိရဥ္စရာသို့ ပြောသည်။

နံ့သာကျွန်းသည် ရေဝပ်ဒေသအချက် ချက်ဖြင့်ပြည့်စုံသည့်အတွက် ကမ္ဘာအနှံ့အပြားမှ ရေဝပ်ဒေသများကို ထိန်းသိမ်းကာကွယ်ရန်ဖွဲ့စည်းထားသည့် Ramsar အဖွဲ့၏ ရေဝပ်ဒေသ ထိန်းသိမ်းရေးနယ်မြေအဖြစ်လည်း ၂၀၂၀ ပြည့်နှစ်၊ မေလ၂၁ ရက်တွင် သတ်မှတ်ခြင်းခံထားရသော ကျွန်းတစ်ကျွန်းလည်း ဖြစ်သည်။ 

ယနေ့ မတ်လ ရက်တွင်ကျရောက်သော ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့သည် နှစ် ၅၀ ပြည့်ရွှေရတုနေ့လည်း ဖြစ်သည်။

ကမ္ဘာပေါ်ရှိ မျိုးသုဉ်းရန်အန္တရာယ်ရှိသော တောရိုင်း တိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်(The Convention on International Trade in Endangered Species of Wild Fauna and Flora - CITES)ကို ၁၉၇၃ ခုနှစ်တွင် စတင် လက်မှတ်ရေးထိုးခဲ့သည့်နေ့လည်းဖြစ်သည်။ 

ကမ္ဘာလုံးဆိုင်ရာ တောရိုင်းတိရိစ္ဆာန်နှင့် အပင်မျိုးစိတ်များ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အသိပညာ မြှင့်တင်ပေးသည့် အရေးကြီးဆုံးနေ့တစ်ခုလည်း ဖြစ်သည်။

(NN-23)

ဆက်စပ် သတင်းများ