တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ကာလကတ္တားဆိပ်ကမ်းမှ စစ်တွေဆိပ်ကမ်းသို့ အိန္ဒိယကုန်တင်သင်္ဘော ပထမဆုံးပြေးဆွဲခြင်း အထိမ်းအမှတ်အခမ်းအနားပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 316

နိရဉ္စရာ၊ မေ ၄/ ၂၀၂၃

 

အိန္ဒိယနိုင်ငံ ကာလကတ္တားဆိပ်ကမ်းမှ စစ်တွေဆိပ်ကမ်းသို့ အိန္ဒိယကုန်တင်သင်္ဘော ပထမဆုံးအကြိမ် ပြေးဆွဲခြင်း အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်က ကာလကတ္တားမြို့၊ Netaji Subhas Dock တွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

 

ကုလားတန်ဘက်စုံ သယ်ယူပို့ဆောင်ရေးစီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ် ဘိလပ်မြေများ တင်ဆောင်ထားသည့် MV ITT Lion အမည်ရှိ အိန္ဒိယကုန်တင်သင်္ဘောသည် ကာလကတ္တား Syama Prasad Mookerjee ဆိပ်ကမ်းမှ မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းသို့ ယနေ့ ပထမဆုံးခရီးစဉ် စတင် ပြေးဆွဲသည်ဟု သိရသည်။

 

၎င်းအထိမ်းအမှတ် အခမ်းအနားကို မေ ၄ ရက် နံနက်ပိုင်းက ပြုလုပ်ရာ ကာလကတ္တားမြို့၊ စကစ မြန်မာကောင်စစ်ဝန်  ဦးတင်မိုး၊   အိန္ဒိယနိုင်ငံ ဆိပ်ကမ်း၊ သင်္ဘောနှင့် ရေလမ်းကြောင်းဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး Shri Shantanu Thakur  အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန ဆိပ်ကမ်း၊ သင်္ဘောနှင့် ရေလမ်းကြောင်းဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း အာဏာပိုင်အဖွဲ့နှင့် Syama Prasad Mookerjee ဆိပ်ကမ်း တို့မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။  

 

စစ်တွေဆိပ်ကမ်း အပါအဝင် ပလက်ဝကုန်းတွင်းဆိပ်ကမ်း၊ ကုလားတန်မြစ်ကူးတံတား၊ ပလက်ဝ-မီဇိုရမ်ကားလမ်းများ ပါဝင်သည့် ကုလားတန်ဘက်စုံစီမံကိန်း တည်ဆောက်ခြင်းလုပ်ငန်းသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော အိန္ဒိယအရှေ့မြောက် ကုန်းတွင်းပိတ်ဒေသများအတွက် လိုအပ်သည့် ကုန်ပစ္စည်းများကို စစ်တွေဆိပ်ကမ်းမှတစ်ဆင့် ပလက်ဝမြို့ကိုဖြတ်၍ ရေလမ်း ကုန်းလမ်းမှ တစ်ဆင့် သယ်ယူပို့ဆောင်နိုင်ရန် ရည်ရွယ်ထားကာ အမေရိကန်ဒေါ်လာသန်း (၅၀၀) နီးပါး ရင်းနှီးမြှုပ်နှံထားကြောင်း သိရှိရသည်။

 

လက်ရှိ အိန္ဒိယက တည်ဆောက်သော စစ်တွေဆိပ်ကမ်းမှာ ပြီးစီးသွားပြီဖြစ်ပြီး ၎င်းစီမံကိန်းတွင် ပြေးဆွဲမည့် သင်္ဘော (၄) စီးလည်း ရောက်ရှိနေသည်မှာ ကြာနေပြီဟု သိရသည်။

 

 NN – 25

ဆက်စပ် သတင်းများ