တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

တောင်ကုတ်မြို့ပေါ်မှ နေအိမ် ၇ လုံးကို ကျူးကျော်ဟုဆိုကာ စည်ပင်က ဖယ်ရှားခိုင်းနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 486

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်မှ နေအိမ် လုံးခန့်ကို စည်ပင်သာယာမြေပေါ်တွင် ကျူးကျော် ဆောက်လုပ်ထားသည်ဟုဆိုကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အတင်းဖယ်ရှားခိုင်းနေကြောင်း သတင်းရရှိသည်။

ယင်းသို့ ဖယ်ရှားခိုင်းခံနေရသည့် နေအိမ်များမှာ ကိုင်းရှည်ရပ်ကွက်၊ တာဝတိံသာလမ်းအစွန်ဆုံးတွင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုကပင် လယ်ပိုင်ရှင်တစ်ဦး၏ ဘိုးဘွားပိုင်မြေကို စာချုပ်စာတမ်းနှင့်ဝယ်ယူခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနေအိမ်များကို စည်ပင်သာယာမြေပေါ်တွင် ကျူးကျော်ဆောက်လုပ်ထားသည်ဟုဆိုကာ ပြီးခဲ့သည့်ဇွန်လ ၃ဝ ရက် နောက်ဆုံးထားပြီး နေရာမှဖယ်ရှားပေးရန် တောင်ကုတ်မြို့စည်ပင်သာယာ အဖွဲ့က ညွှန်ကြားစာပေးပို့ခဲ့ကြောင်း အိမ်ပိုင်ရှင်အမျိုးသားတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

"ကျွန်တော်တို့အိမ်တွေဟာ ကျူးကျော်မြေမှာဆောက်ထားတဲ့အတွက် ဖယ်ရှားပေးရမယ်လို့ ဇွန်လ ၂၇ ရက်နေ့စွဲနဲ့ စာတစ်စောင်ရောက်လာပါတယ်။ ကျွန်တော်တို့က သူတို့ပြန်မေးကြည့်တော့ ဒီနေရာဟာ သူတို့စည်ပင်မြေထဲမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ဆောက်ထားတဲ့အဆောက်အဦတွေကို ဇွန်လ ၃၀ ရက်နောက်ဆုံးထားပြီးဖယ်ရှားပေးရမယ်လို့ပြောပါတယ်" ဟု ပြောသည်။

လက်ရှိတွင် စည်ပင်က သတ်မှတ်ထားသည့်ရက်ကျော်လွန်သွားပြီဖြစ်၍ အဆိုပါနေအိမ်များ ဖြိုဖျက်ခံရမည်ကို အလွန်တရာစိုးရိမ်သောကဖြစ်နေကြရကြောင်းလည်း နေအိမ်ပိုင်ရှင်များက ပြောသည်။

လက်ရှိစည်ပင်သာယာအဖွဲ့က ဖယ်ရှားခိုင်းနေသည့်အလျားပေ ၂၅၀ ခန့်ရှိသည့် လမ်းထဲတွင် နေအိမ်စုစုပေါင်း ၁၄ အိမ်ခန့်ရှိပြီး တစ်ဘက်ခြမ်းရှိနေအိမ် လုံးကိုသာ ဖယ်ရှားခိုင်းနေခြင်း ဖြစ်ကြောင် နေအိမ်ပိုင်ရှင်အမျိုးသားတစ်ဦးက ပြောသည်။

"ကျွန်တော်တို့မှာ မြေဝယ်ပြီးတော့အိမ်ဆောက်ထားတာကတော့ ငါးနှစ်လောက်တော့ရှိနေပါပြီ။ တချို့တွေဆို ဆယ်နှစ်ကျော်နေပြီ။ အခုချိန်ကျမှ ကျနော်တို့အိမ်တစ်ဆောင်လုံး ဖယ်ပေးရမယ်ဆိုတော့ ဘာလုပ်ရမှန်းမသိဖြစ်နေပြီ။ ကျွန်တော်တို့ဒီမြေနေရာတွေကို လယ်ပိုင်ရှင်တစ်ယောက်ဆီက စာချုပ်စာတမ်းနဲ့ဝယ်ခဲ့တာပါ" ဟု ပြောသည်။

စည်ပင်ကဖယ်ရှားပေးရန်ဖိအားပေးနေသည့် နေအိမ်မြေနေရာများမှာ  အလျားပေ ၆၀ အနံပေ ၄၀ ခန့်ရှိပြီး စည်ပင်ကခိုင်းသည့်အတိုင်းဖယ်ရှားပေးရပါက နေအိမ်တစ်ဆောင်လုံး ဖြိုဖျက်ပေးလိုက်ရမည်ဖြစ်ကာ  အိမ်နောက်ဖေး မြေနေရာ ၁၀ ပေခန့်သာကျန်ရှိမည်ဟု သူက ဆက်ပြောသည်။

အဆိုပါနေအိမ် လုံးထဲတွင် အုတ်စီပျဉ်ထောင်ပုံစံ အခိုင့်အခံ့ဆောက်လုပ်ထားသည့် နေအိမ်များလည်းပါဝင်ပြီး မြေတန်ဖိုးနှင့်ဆိုလျှင် ကာလပေါက်စျေး ကျပ်သိန်း ၁၀၀၀ ဝန်းကျင်ရှိသည့် နေအိမ်များဖြစ်နေကြောင်း နောက်ထပ်နေအိမ်ပိုင်ရှင်အမျိုးသမီးတစ်ဦးက နိရဥ္စရာသို့ပြောသည်။

"ကျွန်မတို့အိမ်တွေက အခုလက်ရှိစျေးနဲ့ဆို မြေနေရာနဲ့အိမ်နဲ့က ကျပ်သိန်း ၈၀၀ လောက် စျေးရှိပါတယ်။ ကျွန်မတို့ဒီမှာနေတာလည်း နှစ်ပေါင်းတစ်ဆယ်ကျော်နေပါပြီ။ အိမ်တွေလည်း မရှိတဲ့ကြားကငွေကုန်ကြေး ကျခံပြီး ဆောက်ခဲ့ရတာ။ အခုကျမှ ဖယ်ပေးရမယ်ဆိုတော့ ကျွန်မတို့လည်း ဘယ်ကိုဖယ်ပေးရမယ်မှန်းလဲမသိတော့ဘူး" ဟု ပြောသည်။

အဆိုပါနေအိမ် လုံးကိုဖယ်ရှားခိုင်းနေသည့်ကိစ္စနှင့်ပတ်သက်၍ တောင်ကုတ်မြို့စည်ပင်သာယာရေး အဖွဲ့မှ AE ဦးကျော်စွာသိန်းကို နိရဥ္စရာက ဆက်သွယ်မေးမြန်းခဲ့ရာ စည်ပင်အကြီးအကဲ ဦးမောင်စိန်ထံ ဆက်သွယ်မေးမြန်းရန် တုံ့ပြန်ပြောဆိုခဲ့သည်။

ဆက်လက်ပြီး စည်ပင်သာရေးအဖွဲ့ AD ဦးမောင်စိန်အား ဆက်သွယ်ပြီး နေအိမ်များ ဖယ်ရှားခိုင်းနေသည့် ကိစ္စကိုမေးမြန်းရာ မေးခွန်းမဆုံးခင် ဖုန်းချသွားခဲ့သည်။

တောင်ကုတ်မြို့စည်ပင်သာယာရေးအဖွဲ့သည် တောင်ကုတ်မြို့သူမြို့သားစေတနာရှင်များ၏ မတည်အလှူငွေများဖြင့်ပေါ်ပေါက်လာသည့် ဦးဥတ္တမကလေးကစားကွင်းကိုလည်း စည်ပင်သာယာက ပိုင်ဆိုင်သည်ဟုဆိုကာ မြို့ခံများ၏ဆန္ဒနှင့်ဆန့်ကျင်ပြီး လေလံတင်ရောင်းချရန် စီစဉ်နေကြောင်း မြို့ခံများကနိရဥ္စရာသို့ပြောဆိုကြသည်။ (NN-23)

ဆက်စပ် သတင်းများ