တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

စစ်ကောင်စီ၏ ပိတ်ဆို့မှုကြောင့် ရိက္ခာပြတ်လပ်ပြီး ပလက်ဝမြို့မှ စစ်ဘေးရှောင်များ အငတ်ဘေးနှင့် ရင်ဆိုင်နေရ


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၁၃ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.2k

ချင်းပြည်နယ်၊ပလက်ဝမြို့တွင်စစ်ကောင်စီ၏ဆက်သွယ်ရေး၊ကုန်သွယ်ရေးလမ်းကြောင်းများကို စစ်ကောင်စီက ပိတ်ဆို့ထားသဖြင့်ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်ကာစစ်ဘေးရှောင်များသည်အငတ်ဘေးနှင့်ရင်ဆိုင်နေရသည်ဟုဒေသခံများကပြောသည်။

ထိုသို့ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေသည့်အချိန်တွင် အထောက်အပံ့အကူအညီများ လုံးဝမရဖြစ်နေကြ၍ ပလက်ဝမြို့ပေါ်မှ စစ်ဘေးရှောင် နှစ်ထောင်ကျော်ခန့်မှာ အငတ်ဘေးနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်ဟု ပလက်ဝမြို့ပေါ်စစ်ဘေးရှောင်စခန်းတစ်ခုမှ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။

"
ရှိတာတွေကို ရောင်းစား၊ ပေါင်စားပြီးတော့ စားဝတ်နေရေးကို ဖြေရှင်းနေကြရပါတယ်။ WFP က ထောက်ပံ့တဲ့ ဆန်လည်း စစ်တပ်ကခွင့်မပြုလို့မလာရဘူး။ စားစရာမရှိတော့တဲ့သူတွေက စခန်းထဲမှာအများကြီးပဲ။ အခြားနေရာတွေကိုလည်း ထွက်သွားလို့မရတော့ဘူး။ ငတ်တဲ့သူတွေလည်း ငတ်နေကြပါပြီ။ ကုန်ဈေးကြီးတာနဲ့ ဝယ်စားလို့က အဆင်မပြေတော့ပါဘူး" ဟု ပြောသည်။

အဆိုပါ ပလက်ဝမြို့မှ စစ်ဘေးရှောင်များသို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က ဆန်ရိက္ခာ ထောက်ပံ့ပေးသည် မှာလည်း ပြီးခဲ့သည့်အောက်တိုဘာလတွင်သာ နောက်ဆုံးထားရရှိခဲ့သည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်စခန်း ခုရှိပြီး လူဦးရေ ထောင်ကျော်ရှိသည်ဟု သိရသည်။

စစ်ဘေးရှောင်အများအပြားသည် နေ့စားအလုပ်သမားများအဖြစ် အလုပ်လုပ်ကာ ရှာဖွေ စားသောက်နေကြသူများ ဖြစ်ကြသည်။

ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်များသည် ယခင်တိုက်ပွဲကာလ ၂၀၁၈ ခုနှစ်၊ ၂၀၁၉ ခုနှစ်ခန့်တို့မှစ၍ ပလက်ဝမြို့နယ်ရှိ ကျေးရွာအသီးသီးမှ စစ်ဘေးရှောင်လာကြသူများဖြစ်ကြသည်။

လက်ရှိတွင် ပလက်ဝမြို့ကို စစ်ကောင်စီက အဝင်အထွက်ပိတ်ဆို့ထားမှုများကြော င့် အလုပ်အကိုင် မရှိဖြစ်နေကြပြီး မြင့်တက်လာသည့် ကုန်ဈေးနှုန်းများကြောင့် အငတ်ဘေးနှင့်ရင်ဆိုင်နေကြရသည်ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

"
အခုအလုပ်တွေလည်းမဖြစ်ဘူး။ ဆန်အထောက်အပံ့ရရင်တောင် အဆင်ပြေအုံးမှာ။ ဒီမှာဆန်ချေတစ်အိတ်ကိုတောင် တစ်သိန်းကျော်ဖြစ်နေတော့ ကျမတို့ ဘယ်လိုဝယ်စားကြရမှာလဲ။ ဝင်ငွေလည်းမရှိဘူးလေ။ ပေါင်စားစရာမရှိတဲ့သူတွေဆို အသိအိမ်တွေမှာ ခိုကပ်စားနေကြရပါတယ်" ဟုပြောသည်။

ပလက်ဝမြို့ပေါ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်မှစ၍ တိုက်ပွဲများတကျော့ပြန် စတင်ဖြစ်ပွား ပြီးနောက်ပိုင်း လက်ရှိ စားသုံးဆီတစ်လီတာလျှင် ၁၂၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ်လျှင် တစ်သိန်းခွဲအထိ ဈေးနှုန်းမြင့်တက်နေကာ ကြက်ဥဆိုလျှင် ဝယ်ယူ၍မရ ပြတ်လပ်နေပြီဟု ပလက်ဝဒေသခံများက ပြောသည်။
ပလက်ဝမြို့နှင့်အခြားမြို့များသို့ သွားသည့် ရေကြောင်းလမ်း၊ ကုန်းလမ်းများကို ပြီးခဲ့သည့်နိုဝင်ဘာလ ၁၃ ရက်မှစ၍ စစ်ကောင်စီကပိတ်ဆို့ထားခဲ့ခြင်းဖြစ်ပြီး ပလက်ဝမြို့အဝင်အထွက် ဂိတ်များကိုမူ ဒီဇင်ဘာလ ၁၀ ရက်ကစတင်ပိတ်ဆို့ထားခဲ့သည်။

ထို့အပြင် ပလက်ဝမြို့ကို စစ်ကောင်စီက အင်တာနက်လိုင်းဖြတ်တောက်ထားသည်မှာလည်း နှစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်သည်။

ပလက်ဝမြို့နယ်အတွင်းရှိ ထရွန်အိုင်ဗျူဟာကုန်းကို ဒီဇင်ဘာလ ရက်က ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်းတွင် အခြားဗျူဟာကုန်း တစ်ခုဖြစ်သည့် နှုံးဘူးဗျူဟာကုန်းကိုလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်က အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီဟု AA က ထုတ်ပြန်ထားသည်။ (NN-8)

ဆက်စပ် သတင်းများ