စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

စစ်တွေမြို့တွင် ဒေသခံပြည်သူ ၇၀ ခန့်ကို စစ်ကောင်စီထပ်မံဖမ်းဆီး


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၀၅ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်နယ်မြို့တော်စစ်တွေမြို့တွင်စစ်ကောင်စီက လွတ်လပ်ရေးနေ့အတွက် လုံခြုံရေး အထူးတင်းကျပ်ထားပြီးဒေသခံ ၇၀ ခန့်ကို ထပ်မံဖမ်းဆီးထားသည်ဟု သိရသည်။

ယနေ့ ဇန်နဝါရီ ရက် နံနက်  နာရီမှ  နာရီခန့်အထိ ဆက်ရိုးကျလမ်းဆုံတွင် လမ်းသွား လမ်းလာများ အားလုံးကို စစ်ဆေးကာ ဆန်ကားများနှင့် ဒေသခံတချို့ကို စစ်ကောင်စီတပ်သားက ဖမ်းဆီးထားကြောင်း မျက်မြင်တစ်ဦးက ပြောသည်။

"မနက် ၆နာရီကနေ  နာရီလောင်အထိ လမ်းသွားလမ်းလာတွေကို စစ်ဆေးပြီ ဖမ်းပါတယ်။ သုံးဘီး၊ နှစ်ဘီး၊ ဆန်သယ်တဲ့ ကားတွေအားလုံးကို စစ်ပြီး မသင်္ကာရင်ဖမ်းပါတယ်။ စက်လှေသမားတွေနဲ့ မ်းသွားလမ်းလာ  ယောက် ဖမ်းသွားတာကိုတွေ့လိုက်တယ်။ ထပ်ဖမ်းတာတွေလည်း ရှိတယ်လို့ သိရတယ်"ဟု ပြောသည်။

ယင်းအပြင် ယနေ့ နံနက်အာရုဏ်  နာရီခွဲခန့်တွင်လည်း ကုလားချောင်းအနီးတွင် အလုပ်သွားသည့် အလုပ်သမား ၃၀ ကျော်အား ဖမ်းဆီး ထားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"ကုလားချောင်းနားမှာ ဗျိုင်းဖြူရွာနဲ့ ရွှေပြည်သာက အလုပ်သွားလုပ်တဲ့ ကလေးတွေကိုလည်း ဖမ်းသွားပါတယ်။ ၃၀ ကျော်လောက်ပါသွားတယ်လို့ သိရပါတယ်"

အလားတူ စစ်တွေ မြို့မစျေးထဲမှ ဟင်းသီးဟင်းရွက်ရောင်းချသည့် စျေးသည်များ နှင့် အလုပ်သမား ၄၀ ခန့်အား ဖမ်းဆီးခေါ်ဆောင်သွားပြီး ပေါက်တောဘက်မှ လာသည့်  ငါးဖမ်းစက်လှေတစ်စီးကိုလည်း ဖမ်းဆီးထားသည်ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

"ဟင်းသီးဟင်းရွက် ၊ရောင်းချသူတွေနဲ့ ငါးလာထမ်းတဲ့ ကလေးတွေကိုလည်း ဖမ်းသွားတယ်။ လူမနည်းဘူး။ ၃၀ ကျော် ၄၀ လောက်တောင် ရှိနိုင်တယ် နောက်ပြီး ညဥ့်  နာရီလောက်မှာလည်း ပွဲကြည့်တောင်နားမှာ ရပ်ထားတဲ့ နေဗီက ငါးလာရောင်းတဲ့ စက်လှေတွေကို စက်သေနတ်တွေနဲ့ ပစ်လို့ တစ်စီးမှ မလာရဲကြတော့ဘူး။ စိုးမဲကျီဘက်ကလာတဲ့ စက်လှေတစ်စီးကိုလည်း ရဲနဲ့ စစ်တပ်က ဖမ်းထားတာတွေ့ပါတယ်။ အဲ့ဒီစက်လှေကို သူတို့ဖမ်းထားတဲ့ သဗ္ဗန်တွေနဲ့ ရောပြီး အဓိဌာန် ဘုရားနားမှာ ချည်ထားတယ်။ အဲ့ဒီစက်လှေက ငါးခြောက်ထုပ်တွေကိုလည်း ကားနဲ့ တင်သွားတာ တွေ့ပါတယ်"ဟု ပြောသည်။

ဖမ်းဆီးခံထားရသူများအထဲမှ တချို့ မှာ ပိုက်ဆံ သိန်းမှ ၁၀ သိန်းအထိ ငွေကြေးပေးဆောင်ကာ လွတ်မြောက် လာသည်ဟုလည်း ပြန်လွတ်လာသူတစ်ဦးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"ဘယ်လောက်ပြန်လွတ်လဲ ကျနော်မသိပါဘူး။ အကြောင်းပြချက်မရှိ ဖမ်းချင်သလို ဖမ်းပြီး ဒီလောက် ကျပ်တည်းတဲ့ ကာလမှာ သူတောင်းစားလို ပိုက်ဆံတောင်းစားနေကြတာပါ" ဟု ပြောသည်။

ယခုကဲ့သို့ ဖမ်းဆီးထားသည့် ဒေသခံများအထဲမှ တချို့ ပြန်လွတ်လာသည်ဟုလည်း သိရသော်လည်း မည်မျှ ပြန်လွတ်လာ၍ မည်မျှဖမ်းဆီးခံထားရဆဲဖြစ်ကြောင်းကို မသိရှိရသေးပါ။

အဆိုပါ ဖမ်းဆီးမှုများနှင့် ပတ်သက်၍ နိရဥ္စရာအနေနှင့် အတည်ပြုနိုင်ရန် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ နှင့် ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းတို့အား နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်းဆက်သွယ်၍ မရရှိခဲ့ပေ။

စစ်တွေတွင် ယခု ရက်ပိုင်းအတွင်း ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး လက်ရှိမှာ ဖမ်းဆီး ခံထားရသူ စုစုပေါင်း အနည်းဆုံး ၁၀၀ ကျော်ခန့် ရှိလာပြီဟု သိရသည်။  (NN-7) 

ဆက်စပ် သတင်းများ