စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

စစ်ကောင်စီက AA ၏ထိုးစစ်ကိုခုခံရန် ခရိုင်မြို့ကြီးနှစ်ခုအပါအဝင် မြို့အချို့တွင် ရေကြောင်းဖြင့်အင်အားဖြည့်တင်းလာ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၇ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.5k

စစ်ကောင်စီသည်ရခိုင်မြို့နယ်အချို့နှင့် ပလက်၀ဒေသတွင် စစ်ရေးရှုံးနိမ့်မှုများဖြင့် ရင်ဆိုင်လာပြီးနောက် မြို့ပေါ်တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသည့် ခရိုင်မြို့ကြီးခု အပါအဝင်မြို့အချို့တွင် ရေကြောင်းဖြင့်အင်အား ဖြည့်တင်းကာ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လာသည်ဟု သတင်းရရှိသည်။

ရခိုင်မှ ခရိုင်မြို့ကြီးများဖြစ်ကြသည့် တရုတ်စီမံကိန်းကြီးများတည်ရှိသော ကျောက်ဖြူမြို့နှင့် စစ်တပ်အသိုင်းအဝိုင်းနှင့် ခရိုနီစီးပွားရေးသမားများ ရင်းနှီးမြုပ်နှံမှု အများဆုံးပြုလုပ်ထားသော ငပလီကမ်းခြေရှိရာ သံတွဲမြို့ တို့တွင် ရေကြောင်းဖြင့် အင်အားဖြည့်တင်းမှုကို ပိုမိုတိုးချဲ့ ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအပြင် ရေကြောင်းဖြင့် ဝင်ထွက်သွားလာ၍ ရသည့် ရမ်းဗြဲမြို့၊ မာန်အောင်မြို့နှင့် ဂွမြို့တို့တွင်လည်း ရေကြောင်းမှ တစ်ဆင့် စစ်ရေး ပြင်ဆင်မှုများကို ပြုလုပ်လာသည်ဟု ဆိုသည်။

ယခုကဲ့သို့ ပြုလုပ်လာခြင်းမှာ မြေပြင်စစ်ကူအင်အား ထောက်ပို့ ပေးနိုင်စွမ်းမရှိနိုင်တော့သည့် အတွက်  ရေကြောင်းဖြင့် လက်နက်၊ စစ်ကူအင်အားများကို စစ်ကောင်စီက  ဖြည့်တင်းလာခြင်းဖြစ်ကြောင်း ညီနောင်သုံးဖွဲ့ ဇန်နဝါရီ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့၊ ကျောက်ဖြူ၊ မာန်အောင်၊ ဂွနှင့် သံတွဲမြို့နယ်များတွင် မြေပြင်စစ်ကူအင်အား ထောက်ပို့ ပေးနိုင်စွမ်းမရှိနိုင်တော့သည့် စစ်ကောင်စီသည် ရေကြောင်းဖြင့် လက်နက်၊ စစ်ကူ အင်အားများ ဖြည့်တင်းလျက်ရှိကာ ရေကြောင်းအင်အားကို ယခုရက်များအတွင်း ပေါ်ပေါ်ထင်ထင် ပိုမိုတိုးချဲ့လှုပ်ရှားလာနေကြောင်း ဆက်လက်ဖော်ပြထားသည်။


စစ်ကောင်စီသည် ရခိုင်စစ်မျက်နှာတွင် မြေပြင်တပ်များနှင့် ရက္ခိုင့်တပ်တော် (AA) ကို ပြန်လည်ခုခံ တိုက်ခိုက်နိုင်စွမ်း မရှိတော့၍ လေတပ်နှင့် ရေတပ်ကို ပိုမို အသုံးပြုတိုက်ခိုက်နေရပြီး အထူးသဖြင့် ရေကြောင်းကို ပိုမို အင်အားဖြည့်တင်းလာသည်ဟု သိရသည်။

ရက္ခိုင့်တပ်တော်နှင့် အကြီးအကျယ် တိုက်ပွဲဖြစ်ပွားရာ ပေါက်တောမြို့တွင်လည်း စစ်ကောင်စီသည် ရေကြောင်းဖြင့် စစ်ကူအင်အားများ ထပ်မံဖြည့်တင်းလာသည့်အတွက် ရက္ခိုင့်တပ်တော် (AA) နှင့် နှစ်ဘက်ရင်ဆိုင်ထိတွေ့တိုက်ပွဲများမှာ ဇန်နဝါရီ ရက် တစ်နေ့လုံး ဆက်လက်ပြင်းထန်လျက် ရှိသည်ဟုဆိုသည်။

ရက္ခိုင့်တပ်တော်သည် ဇန်နဝါရီ ရက်နေ့က ကျောက်တော်မြို့နယ်၊ တင်းမ တောင်ရှည်တောင် ဗျူဟာကုန်းကြီးကို အောင်မြင်စွာ သိမ်းပိုက်လိုက်ပြီး ၎င်းဗျူဟာကုန်းမှ  စစ်သားများမှာလည်း တစ်ယောက်မကျန် လက်နက်ချ အညံ့ခံခဲ့သည်ဟု သိရသည်။

လက်ရှိ တိုက်ခိုက်ခံနေရသည့် ပလက်ဝမြို့မှ အဓိကနှင့် အမာခံစခန်းကုန်းကြီးများဖြစ်သည့် စကခ () တပ်မ (၁၁)ရှေ့တန်း တပ်မဌာနချုပ် () ခု အပါအဝင် ပလက်ဝ-ကျောက်‌‌တော်အစပ်ရှိမီးဝဗျူဟာကုန်းများမှာလည်း မကြာခင် AA လက်ထဲ ကျသွားနိုင်သည့် အနေအထားရှိနေသည်ဟု သိရသည်။

၎င်းစခန်းများအားလည်း  အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ရက္ခိုင့်တပ်တော်ကလည်း သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ ဇန်နဝါရီ ရက် တစ်နေ့လုံးနီးပါး ပလက်၀တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး  စစ်ကောင်စီ၏ စခန်းကုန်းများမှလည်း ပလက်ဝမြို့နှင့် အနီးတစ်ဝိုက်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပလက်ဝမြို့မှ အဓိကနှင့် အမာခံစခန်းကုန်းကြီးများဖြစ်သည့် စကခ () တပ်မ (၁၁)ရှေ့တန်းတပ်မဌာနချုပ် () ခု အပါအဝင် ပလက်ဝ-ကျောက်‌‌တော်အစပ်ရှိမီးဝဗျူဟာကုန်းများ ကျသွားပါက ပလက်၀နယ်မြေတစ်ခုလုံကို ရက္ခိုင့်တပ်တော်က ထိန်းချုပ်သွားမည်ဖြစ်ပြီး ကုန်းတွင်းပိတ် မြို့များဖြစ်ကြသည့် ကျောက်တော်၊ ဘူးသီးတောင်၊ မြောက်ဦးမြို့နှင့် မင်းပြားမြို့များမှာ ရက္ခိုင့်တပ်တော်၏ ထိုးစစ်ကို မလွှဲမသွေ ရင်ဆိုင်လာရနိုင်ဖွယ်ရှိနေသည်။  

လက်ရှိ ကျောက်တော်မြို့နှင့် ပလက်၀မြို့အကြား ကုလားတန်မြစ်ဘေးတွင် တည်ရှိသည့် အဓိက ဗျူဟာကုန်းကြီး တစ်ခုဖြစ်သည့် တောင်ရှည်တောင် ဗျူဟာကုန်းကြီး AA လက်ထဲ ကျရောက်သွားပြီး ၎င်းမြို့နှစ်ခုအကြားရှိ နောက်ထပ် အရေးကြီးသည် မီး၀ ဗျူဟာကုန်းမှာလည်း AA ထိုးစစ်ဆင် တိုက်ခိုက်မှုကို ခံနေရပြီး များမကြာမီ ကျသွားနိုင်ကြောင်း ရခိုင် စစ်ရေး လေ့လာသူများက သုံးသပ်ထားသည်။ 

လက်တလော ရက်များအတွင်း ရက္ခိုင့်တပ်တော်(AA)သည် စစ်ကောင်စီ၏ အဓိက အရေးပါသည့် တရွန်အိုင်ဗျူဟာ၊ နုံးဗူးဗျူဟာ၊ ခဝဲဗျူဟာ၊ တောင်ရှည်တောင်ဗျူဟာ၊ ချင်းလက်၀အမာခံစခန်း၊ မြိတ်၀ အမာခံစခန်း၊ ခမောင်း၀ အမာခံစခန်း၊ ပွိင့် (၃၇၇) ခြေကုပ်စစ်စခန်း၊ မြောက်ဦး ခရိုင်ရဲစခန်း၊ မြောင်းဘွေရဲစခန်းတို့ကို တစ်ခုပြီး တစ်ခု သိမ်းပိုက်ထားပြီး စစ်ရေးအရှိန်ကိုမြင့်ကာ တစ်ဆင့်ပြီးတစ်ဆင့် ရှေ့တိုး လုပ်ဆောင်လာနေသည်ကို တွေ့ ရှိရသည်။

ရက္ခိုင့်တပ်တော် (AA) သည် ၎င်းတို့အဖွဲ့အစည်းမှ သတ်မှတ်ထားသော စစ်ရေးရည်မှန်းချက်များကို တစ်ဆင့်ချင်းတစ်ဆင့်ချင်း အကောင်အထည်ဖော်လျက်ရှိကြောင်း၊ စစ်ကောင်စီလက်အောက်ရှိ တပ်ဖွဲ့ဝင်များအနေဖြင့်လည်း ပြည်သူ့ရင်ခွင်ထဲ အမြန်ဆုံး ခိုလှုံကြရန်တိုက်တွန်းကြောင်း ဒီဇင်ဘာလ (၃၀) ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ