တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မောင်တောခရိုင်မှ မွတ်ဆလင်ခေါင်ဆောင်များကို စစ်ကောင်စီကအစည်းအ​ဝေးခေါ်ပြီး လက်နက်ကိုင်ရန်စည်းရုံး


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၇ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 10k

စစ်ကောင်စီသည် မောင်တောမြို့တွင် မွတ်ဆလင်လူကြီးများအား အစည်းအဝေးခေါ်ယူပြီး သူတို့နှင့် အတူ ပူပေါင်းကာ တိုက်ပွဲဝင်ရန် စည်းရုံးနေကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၉ ရက်နေ့က မောင်တောမြို့၊ မြို့သူကြီး နခခ(၅) တပ်ရင်းတွင် တပ်မမှူး သူရိန်ထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး နေဦးတို့က မောင်တောမြို့နယ်ရှိ  မူဆလင်ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် မော်လဝီများကို အစည်းအဝေး ခေါ်ယူခဲ့ယူပြီး မြန်မာစစ်တပ်နှင့် ပူးပေါင်းမည်ဆိုလျှင် လက်နက် တပ်ဆင်ပေးမည်ဟု ပြောကြားခဲ့ကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ခုက နိရဉ္စရာသို့ ပြောကြားသည်။

“ အစည်းအဝေးမှာ တပ်မမှူး သူရိန်ထွန်းပြောတာက မင်းတို့ မွတ်ဆလင်တွေဟာ  ရခိုင်သား တွေကြောင့် ဒုက္ခရောက်နေကြတယ်။ မင်းတို့တွေ လက် နက်ကိုင်ရမယ်။  မင်းတို့ရွာ အနီးအနားမှာ တိုက်ပွဲဖြစ်ရင် တောင် မင်းတို့ ရွာတွေ တခုမဖြစ်စေရ။  ရခိုင်ရွာတွေကိုသာ မီးတိုက်ဖျက်ဆီးဖို့၊ အဲဒီအတွက်နဲ့ ငါတို့တွေနဲ့ ပူးပေါင်းမယ်ဆိုရင်  မင်းတို့ကို လက်နက် ထုတ်ပေးမယ်ဆိုပြီး  ပြောဆို စည်းရုံးခဲ့ပါတယ်” ဟု ၎င်းက ပြောကြားသည်။

အစည်းအဝေး တက်ရောက်လာသော မွတ်ဆလင် အုပ်ချုပ်ရေးမှူးများနှင့် မော်လဝီတချို့မှ ၎င်းတို့ကို နိုင်ငံသားအဖြစ် အသိအမှတ် ပြုပေးမည်ဆိုလျှင် လက်နက်ကိုင်မည်ဟု ပြောဆိုပြီး တချို့သော မွတ်ဆလင်များမှ  လက်နက်အပ်နှံမည်ကို လက်မခံကြကြောင်း သိရှိရသည်။

“ တချို့ကတော့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးရမယ်ပြောတယ်။ အများစုကတော့ လက်နက်ကိုင်မှာကို မလိုချင်ကြဘူး။ တပ်မမှူး သူရိန်ထွန်းနဲ့  ခရိုင်အုပ်ချုပ်ရေးမှူး  နေဦးတို့ကတော့ လက်နက်ကိုင်ဖို့ စည်းရုံး ပြောဆိုနေကြပါတယ်”ဟု ပြောဆိုသည်။

အလားတူ  စစ်ကောင်စီတပ်သည် ဘူးသီးတောင်မြို့နယ်တွင်လည်း မွတ်ဆလင်များကို ခေါ်ယူကာ အစည်း အဝေး ပြုလုပ်ပြီး လက်နက်ကိုင်ရန် စည်းရုံးမှုများ ပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်ကောင်စီတပ်တို့အကြား မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီသည် အရှုံးနှင့် ရင်ဆိုင်နေရသဖြင့် ဒေသအတွင်းရှိ မွတ်ဆလင်များကို လက်နက်ကိုင်ပြီး သူတို့နှင့် အတူ တိုက်ခိုက်ရန် စည်းရုံးမှုများပြုလုပ်နေသသည်ဟု သိရသည်။ 

ဆက်စပ် သတင်းများ