ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

တိုက်ပွဲကြောင့်နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ဆယ်ကျော်သက်မျိုးသမီးငယ်တွေရဲက အခက်အခဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 85

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား စစ်ရေးတင်းမာမှုတွေ တိုးလာနေသလို စစ်ကောင်စီတပ် အကြမ်းဖက်မှုများကို ကြုံတွေ့ရတဲ့ အရပ်သားပြည်သူအရေအတွက် ကလည်း များပြားလျှက်ရှိနေပါတယ်။


ထိုကဲ့သို့ အကြမ်းဖက် စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်ပြီးဝင်ရောက်လာကာ လူနေအိမ်တွေကို မီးရှို့ဖျက်ခဲ့ပြီး ကျေးရွာအတွင်းက အမျိုသမီးငယ်တွေ၊ သက်ကြီးရွယ်အိုတွေအပါအဝင် ဒေသခံအများအပြားအများအပြားလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်းခဲ့ရပါတယ်။


လက်ရှိမှာ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေပြီး ဘာသာရေးအဆောက်ဦတွေ၊ စာသင်ကျောင်းတွေမှာ ခုံလှုံနေထိုင်ကြတဲ့ အမျိုးသမီးငယ်တွေအနေနဲ့လည်း လုံခြုံမှုအားနည်းနေတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က ရဲရိုးပြင်ရွာကို အမျိုးသမီးငယ်တစ်ယောက်ကပြောဆိုပါတယ်။


“ရွာထဲကိုသေနတ်ပစ်ပြီးဝင်လာကြတယ်။ ရွာကိုလည်းကိုလည်း မီးရှိုးလိုက်တော့ ချက်ချင်း အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ မိသားစုလိုက်ထွက်ပြေးခဲ့ရတယ်။ အခုနီးစပ်ရာကျေးရွာတစ်ရွာက စာသင်ကျောင်းမှာနေထိုင်ကြရပါတယ်။ အခက်အခဲတွေကတော့ ပြောမပြတတ်အောင်ပါပဲ။ စားသောက်နေထိုင်ရေး၊ လုံခြံရေးလည်း ပါတာပေ့ါ။ လက်ရှိကတော့ ပြေးလာတုန်းကဝတ်ထားတဲ့ နားကပ်တွေ၊ လက်စွပ်တွေ ရွှေစလေးတွေကိုရောင်းပြီးစားသောက်နေထိုင်ကြရပါတယ်။ အမျိုးသမီးတွေအနေနဲ့ဆိုရင်ပိုပြီး အခက်အခဲဖြစ်ရတယ်။ နေထိုင်နေရာက တံခါးတွေပျက်နေတွေ၊ ပြတင်းပေါက်တွေလည်းဒီတိုင်းဆိုတော့ လုံခြုံမှုလုံးဝမရှိပါဘူး။ နောက်ပြီး အဝတ်အစား၊ အမျိုသမီးလစဉ်သုံးပစ္စည်းတွေကအစ အခက်ခဲဖြစ်ရပါတယ်။” လို့ပြောဆိုပါတယ်။


အဲဒီ ရဲရိုပြင်ကျေးရွာမှာ မီးလောင်မှုကြောင့် ကျေးရွာအတွင်းက လူနေအိမ် ၁၃၀ လောက် မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။ အဲဒီကျေရွာအနီးက ခမောင်တောကျေးရွာမှာလည်း ဒီဇင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီတပ်သားတွေ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ် ၆ လုံးမီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။


အခုလို စစ်ကောင်စီက လက်နက်ကြီးအပါအဝင် ဒရုန်းတွေနဲ့ပါ ပစ်ခတ်မှုကြောင့် ရဲရိုးပြင်အနီးအနားက ကျေးရွာတွေဖြစ်ကြတဲ့ အောင်မြေကုန်း၊ အောင်ဇေယျ၊ ခမောင်းတော၊ ရဲရိုးပြင်၊ ဆားတောင်ပုတ်နဲ့ ကန်ချောင်းစတဲ့ကျေးရွာတွေက ဒေသခံအများအပြားမှာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ မင်းပြားမြို့နယ်မှာလည်း မြိုပြနဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေလုပ်ဆောင်နေသလို မင်းပြားမြို့အနီး စစ်ကောင်စီ ၅၄၁ တပ်က လမ်းသွားလမ်းလာတွေ၊ ဆိုင်ကယ်တွေနဲ့ စက်လှေတွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။


စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတွေသေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရရှိမှုတွေများပြားလာတဲ့မင်းပြားမြို့နယ်မှာလည်း ဒေသခံအေများအပြားဘေးလွတ်ရာကိုထွက်ပြေးတိမ်ရှောင်နေကြရတယ်လို့သိရပါတယ်။ အခုလို ထွက်ပြေးတိမ်ရှောင်နေချိ်န်မှာ အမျိုးသမီးငယ်တွေအနေနဲ့ လုံခြုံရေး၊ စားဝတ်နေရေး စတဲ့အခက်အခဲ တွေပိုမိုကြုံတွေ့နေကြရတယ်လို့လည်း မင်းပြားမြို့နယ်က အမျိုးသမီးတစ်ယောက်ကပြောဆိုပါတယ။်


“လက်နက်ကြီးတော့ ဆက်တိုက်ပိုက်နေတော့ ကြောက်ပြီးမိသားစုလိုက်ထွက်ပြေးကြရပါတယ်။ အသက်ထက် လာမှ အရေးမကြီးဘူးလေး စားသောက်ရိက္ခာတွေ၊ အဝတ်အစားတွေလည်းမယူခဲ့ရဘူး။ နီးစပ်ကျေးရွာတစ်ရွာကိုထွက်ပြေးခဲ့ရတယ်။ သားသမီးသုံးယောက် မှာ သမီးလေးနှစ်ယောက်က ၁၈ နှစ်၊ ၁၆ မှစ်အရွယ်ဆိုတော့ သူတို့အတွက်လည်း လုံခြုံမှုမရှိဘူး။ နေရတဲ့နေရာကလည်း အမိုးအကာတွေ အလုံခြုံဘူး။ အဝတ်အစား ရေချိုးတဲနေရာတွေကအစ အခက်ခဲကြုံရတယ်။ မိခင်တစ်ယောက်အနေနဲ့တော့ စိတ်မကောင်းလည်းဖြစ်ရတယ်။ စိုးရိမ်းစိတ်လည်းဖြစ်ရပါတယ်။” လို့ပြောဆိုပါတယ်။

အလားတူတိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ရသေ့တောင်မြို့နယ်မှာလည်း စစ်ကောင်စီတပ်က ကျေးရွာအနီးအနားတွေကို လက်နက်ကြီးပစ်ခတ်မှုနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေလုပ်ဆောင်နေတဲ့အတွက် ရသေ့တောင်မြို့နယ်က ဒေသခံ ၂,၀၀၀ ခန့် မှာ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့ ကျေးရွာတွေမှာ ရသေ့တောင်မြို့နယ်က ဒုံးပိုက်၊ ချိန်ခါလီ၊ ကိုးတန်ကောက်၊ ကြံတိုင်းအောင်စတဲ့ ကျေးရွာတွေဖြစ်ပြီး တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့အချိန်ကစလို့ ရွာလုံးကျွတ်ထွက်ပြေးတိမ်ရှောင်နေကြရတာလို့လည်း ပြောဆိုကြပါတယ်။


လက်ရှိမှာ နေရပ်စွန့်ခွာထွက်ပြေးလာကြသူတွေအနေနဲ့ နီးစပ်ရာကျေးရွာတွေ ဖြစ်ကြတဲ့ ရသေ့တောင်မြို့နယ်က အောင်ဗလ၊ ဆင်ပိုက်၊ ပေါက်တောပြင်စတဲ့ ကျေးရွာတွေကိုထွက်ပြေးခဲ့ကြပြီး နီးစပ်ရာအသိမိတ်ဆွေတွေရဲ့နေအိမ်နဲ့ ဘသာရေးအဆောက်အအုံတွေမှာ ခိုလှုံနေထိုင်နေကြတယ်လို့ သိရပါတယ်။ အဲဒီပြင် မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်၊ အမ်း စတဲ့မြို့နယ်တွေမှာ နှစ်ဘက်စစ်ရေးတင်းမာမှုတွေရှိနေတဲ့အတွက် ဒေသခံအများအပြားမှာလည်း နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။


နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာကြသူတွေအနေနဲ့ သာဘာရေးအဆောက်အဦတွေမှာ ခိုလှုံနေထိုင်ကြပြီး ထွက်ပြေးတိမ်းရှောင်လာချိန်မှာ စားနပ်ရိက္ခာတွေ သယ်ယူချိန်မရတာကြောင့် လက်ရှိမှာ စားရေးသောက်ရေး အခက်အခဲဖြစ်နေကြရတယ်လို့လည်း သိရပါတယ်။ ရခိုင်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ကစလို့ ရက္ခိုင့်တပ်တော် အေအေ နဲ့ စစ်ကောင်စီတပ်တို့ အလွတ်သဘော အပစ်ရပ်ထားခဲ့ရာကနေ အခုလ နိုဝင်ဘာလ ၁၃ ရက်နေ့တစ်နှစ်မပြည့်ခင်မှာပဲ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာတာဖြစ်ပါတယ်။ ရခိုင်မှာ ၂၀၁၈ ခုနှစ်ကစတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့်နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ဦးရေမှာ ၅သောင်းကျော်ရှိနေသေးတယ်လို့ ရခိုင်လူမှုအဖွဲ့အစည်းတွေရဲ့စာရင်းအရသိရပါတယ်။

ဆက်စပ် သတင်းများ