စနေ၊ မေလ ၄ရက်၊ ၂၀၂၄

မောင်တောတွင် သတ်ဖြတ်ခံထားရသည့် မွတ်ဆလင် ၅ ဦး၏ ရုပ်အလောင်း ကိုတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 886

သဉ္ဇာနွယ်နိရဉ္စရာ၊ ဧပြီ ၂၃/၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် သတ်ဖြတ်ခံထားရသည့် မွတ်ဆလင် ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း သတင်းရရှိသည်။

သေဆုံးသူများမှာ အဘူဂျာရွာ ကျေးရွာမှ ဦး မော်လဝီ-ဆော်အိဒ် ၊ဦးအဒုလ်အာမိန်၊ ဦးအာဘုလ်ကာလာမ်၊ ဦးအီဆာလာမ်နှင့်ဦး အာယာစ် တိုဖြစ်ကြသည်။

မောင်တောမြို့နယ် မြောက်ပိုင်း သရက်အုပ်ကျေးရွာအုပ်စု၊အဘူဂျာ ကျေးရွာတွင် သေဆုံးနေသည့် မွတ်ဆလင် (၅)ဦး၏ ရုပ်အလောင်းကို ဧပြီ ၂၂ရက်နေနံနက်ပိုင်းက ပုစွန်ကန်အနီးတွင် တွေ့ရှိခဲ့သည်ဟု မောင်တောဒေသခံ တစ်ယောက်က နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

" သူတို့၅ ယောက်က  ပျောက်နေတာ တစ်ပတ်လောက်ရှိပြီ။ အဖမ်းခံရတာလား ဘာဖြစ်တယ်ဆိုတာမသိရဘူး။ သေနေတဲ့ရုပ်အလောင်းတွေပဲတွေ့ရတယ် " ဟုပြောသည်။

သေဆုံးသူများမှာ မည်သည့်အဖွဲ့အစည်းကသတ်ရသည်ကို မသိရသေးသော်လည်း သရက်အုပ်ကျေးရွာ အုပ်စုတွင် စစ်ကောင်စီအ‌ခြေစိုက် နယ်ခြား‌ စောင့်ရဲတပ်အပြင်၊ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်(ARSA)တပ် တို့စစ်ရေးလှုပ်ရှားမှု ရှိကြောင်း  ၎င်းဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" မောင်တော မြောက်ပိုင်းမှာ အာဆာတွေလည်းရှိတယ်။ အဲ့ရွာအနားမှာဆိုရင် အာဆာက စစ်‌ရေး လှုပ်ရှားတာတွေ ရှိတယ်။ ပြီးရင် နယ်ခြား စောင့် ရဲကင်းရှိတယ်" ဟုပြောသည်။

 

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အာရ်အက်ဖေ (မြန်မာပိုင်းအစီအစဉ်)က AA က သတ်ဖြတ်ခြင်း ဖြစ်ကြောင်း ခေါင်းစဉ်တပ် သတင်းရေးသားထားသဖြင့် အာရက္ခတပ်တာ် ( AA) ပြောခွင့်ရသူ ဦးခိုင်သုခကို နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ ၎င်းသတ်ဖြတ်မှုမှာ တစ်စုံတစ်ရာပတ်သက်ခြင်း မရှိကြောင်း ပြောကြားသည်။

 

ဒီကိစ္စကတော့ ကျနော်တို့အဖွဲ့အစည်းနှင့်လုံးဝပတ်သက်မှုမရှိပါဘူး။ သူတို့ပြောသလို ဖမ်းဆီးတာလဲ မရှိပါဘူး။ အဲဒီနေရာမှာ ဘင်္ဂါလီမူဆလင်အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ ARSA , ARA , RSO နှင်တခြား မူဆလင်မူးယစ်ဂိုဏ်းတွေ လှုပ်ရှားပြီးတော့ရှုပ်ထွေးတဲ့နေရာ ဖြစ်ပါတယ်။ သူတို့ရာဇဝတ်ဂိဏ်းတွေ ကြားမှာ တဖက်နှင့်တဖက်မကြေနပ်လို့ လုပ်ကြံသတ်ဖြတ်တာတွေဘဲ ဖြစ်ပါလိမ့်မေ။ ခင်များတို့သိတဲ့အတိုင်းဘဲ သူတို့ ဘင်္ဂါလီမူဆလင်ဒုက္ခသည် စခန်းတွေမှာလဲ လုပ်ကြံသတ်ဖြတ်မှုတွေ အများကြီးရှိနေပါတယ်။ ကျနော်တို့အဖွဲ့အစည်းကိုမကျေနပ်တဲ့အကြမ်းဖက်အဖွဲ့တွေက ကျနော်တို့ အဖွဲ့အစည်းကိုဒေသခံတွေ အထင်အမြင်လွဲမှားမှုတွေဖြစ်လာအောင် ဖန်တီးလုပ်ကြံတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ ကျနော်တို့ ULA/AA အနေနှင့်ကတော့ စစ်မြေပြင်ကဖမ်းဆီးရမိတဲ့ ရန်သူသုံ့ပန်းတွေကိုတောင်မှ ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားတာဖြစ်ပါတယ်။ ဒီလိုမျိုး ဥပဒေမဲ့ မတရားသတ်ဖြတ်တာမျိုး ဘယ်တော့မှမလုပ်ပါဘူးဟု ပြောကြားသည်။

 
အဘူဂျာကျေးရွာတွင် ဧပြီ ၂၁ရက်နေ့ကလည်း စစ်ကောင်စီ၏ဗုံးသီးကို ထုခွဲဆော့ကစားမိ၍ အသက် (၁၀)နှစ်အောက်အရွယ်ကလေးငယ် (၂)ဦးသေဆုံးခဲ့ကြောင်းဒေသခံများက‌ ပြောသည်။ 

ဆက်စပ် သတင်းများ