- Web Master
- ၀၃ စက်တင်ဘာ ၂၀၂၂
နိရဥ္စရာ၊ မတ် ၂၃/၂ဝ၂၃
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေဆိပ်ကမ်းမှတဆင့် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ စတင် ကုန်သွယ်မှု မရှိသေးကြောင်း စစ်တွေရှိ အိန္ဒိယကောင်စစ်ဝန်ရုံးမှ အရာရှိတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။
အဆိုပါ ကုန်သွယ်မှုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေရှိ အိန္ဒိယကောင်စစ်ဝန်ရုံးမှ အရာရှိတစ်ဦးကို မတ်လ ၂၃ ရက်နေ့က နိရဥ္စရာက ဆက်သွယ်မေးမြန်းရာ ၎င်းက စစ်တွေဆိပ်ကမ်းမှတဆင့် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ ကုန်စည်များ ကြိုကြားကြိုကြား ကုန်သွယ်နေပြီဟုဆိုခြင်းမှာ သတင်းမှားသာ ဖြစ်သည်ဟု တုံ့ပြန်ပြောဆိုသည်။
“ စတင်ကုန်သွယ်မှုမရှိသေးပါဘူး။ စတင်ကုန်သွယ်နေပြီဆိုတာက သတင်းမှားဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
အိန္ဒိယနိုင်ငံအစိုးရက
အကုန်အကျခံတည်ဆောက်ပြီးစီးသွား
“အခု ဒီဆိပ်ကမ်းကနေပြီးတော့ စစ်တွေနဲ့ ကာလကတ္တားကြားမှာ သင်္ဘောတွေ အခါ အားလျော်စွာ အသွားအပြန်လေးတွေ ရှိနေပြီဖြစ်ပါတယ်။ တရားဝင် ဖွင့်ပွဲကြီး မလုပ်သေးပေမယ့် အဲလိုပေါ့။ သင်္ဘောတွေ အသွားအလာရှိတယ်။ နိုင်ငံတကာဆိပ်ကမ်း အနေနဲ့ အကုန်လုံး ပြည့်ပြည့်စုံစုံ မဖြစ်သေးပေမယ့် ကြားလေးထဲမှာ ကြိုကြား ကြိုကြား အဲလို ကုန်သွယ်မှုတွေရှိနေတယ်ဆိုတာကို ပြောလိုခြင်းဖြစ်ပါတယ်”ဟု ဦးလှသိန်းက VOA ကို ပြောဆိုကြောင်း သတင်းတွင် ဖော်ပြထားသည်။
အဆိုပါနှင့်ပတ်သက်ပြီး
ပိုမို သိရှိနိုင်ရန် ဥပဒေချုပ်
ဦးလှသိန်းအား
နိရဥ္စရာသတင်းဌာနက
အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်က စစ်တွေဆိပ်ကမ်းမှတဆင့် ဆန်တန်ချိန် ၂၆ဝဝ ကျော်ကို ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့ပြီး အိန္ဒိယသို့ ကုန်ပစ္စည်းများ တစ်စုံတစ်ရာ ပို့ဆောင်နိုင်ခြင်း မရှိသေးဟုလည်း ရခိုင်စီးပွားရေး လုပ်ကိုင်နေသူများထံမှ တစ်ဆင့် သိရသည်။
မြန်မာနှင့်
အိန္ဒိယနှစ်နိုင်ငံ ကုန်စည်များ တိုက်ရိုက်ကူးသန်းနိုင်မည့် ကုလားတန်မြစ်ကြောင်း
ဘက်စုံသုံး စီမံကိန်းတွင်ပါဝင်သေ
အဆိုပါဆိပ်ကမ်းကို နိုင်ငံတကာဆိပ်ကမ်းအဖြစ် တိုးမြှင့်ဖွင့်လှစ်ရန်လည်း စစ်ကောင်စီက စီစဉ်ထားသည်။လက်ရှိတွင် အိန္ဒိယနိုင်ငံဘက်က မြန်မာပြည်မှ ပဲများကို ရသလောက် လိုချင်ကြောင်း ကမ်းလှမ်းထားသည်ဟုလည်း ဦးလှသိန်းက သတင်းထဲတွင် ဆိုထားသည်။
စစ်တွေဆိပ်ကမ်းမှတဆင့်
အိန္ဒိယနိုင်ငံသို့ တိုက်ရိုက်ကုန်စည်ကူးသန်းနိုင်
“အဓိက ရခိုင်ပြည်ရဲ့အားသာချက်က
စိုက်ပျိုးထုတ်လုပ်မှုကို အိန္ဒိယစျေးကွက်၊ ဘင်္ဂလားဒေ့ရှ် စျေးကွက်အတွက် စိုက်ပျိုးထုတ်လုပ်မှုကို
အဓိက ဦးစားပေးပြီးတော့
ရင်းနှီးမြှုပ်နှံပြီးတော့ ထုတ်လုပ်ကြဖို့တော့ လိုတယ်။ ဘာဖြစ်လို့လဲဆိုရင်
လယ်သမားတွေမှာက အဲလောက်ထိလုပ်နိုင်စွမ်း၊ ရင်းနှီးမြှုပ်နှံနိုင်စွမ်းက
မရှိဘူး။ ဆိုတော့ ကိုယ်တို့က ရခိုင်စီးပွားရေးလုပ်ငန်းရှင်၊ လယ်သမား
ပူးပေါင်းပြီးတော့ စိုက်ပျိုးကုန်ထုတ်လုပ်မှု၊ မွေးမြူရေးကုန်ထုတ်လုပ်မှု၊
ဒီအပိုင်းတွေ ဒီကဏ္ဍတွေကတော့
ကိုယ်တို့ ရခိုင်ပြည်သူပြည်သားတွေကိုယ်တို
စစ်တွေဆိပ်ကမ်းကို
အိန္ဒိယအစိုးရ၏ကုန်ကျငွေများဖြ
ယခုဆိပ်ကမ်းသည်
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်စည်ကူးသန်းမှုလွယ်ကူစေရန်
ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းကို နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ၂ဝ၁၈ ခုနှစ်တွင် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီး အိန္ဒိယမှ အမေရိကန် ဒေါ်လာသန်း (၅၀၀) ခန့်ရင်းနှီးမြုပ်နှံထားကာ စစ်တွေမှ ပလက်ဝအထိ ရေကြောင်းကနေ ကုန်ပစ္စည်းများကို ပို့ဆောင်ရန်နှင့် ပလက်ဝမှ အိန္ဒိယနိုင်ငံမီဇူရမ်ပြည်နယ်ကို ကုန်းလမ်းဖြင့် ကုန်ပစ္စည်းများကို ပို့ဆောင်ရန် ဖြစ်သည်။
အဆိုပါစီမံကိန်းတွင်
ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့၌
ဆိပ်ကမ်းတစ်ခုစီ တည်ဆောက်ထားပြီး စစ်တွေမှတဆင့် ကုလားတန်မြစ်အတိုင်း ပလက်ဝမြို့သို့သွားရောက်ကာ
ယင်းမှတဆင့် မြန်မာ-အိန္ဒိယ နယ်စပ်ဖြစ်သည့် အိန္ဒိယနိုင်ငံရှိ
မီဇိုရမ်ပြည်နယ်အထိ ကားလမ်းဖြင့် ကုန်သွယ်ရေးလုပ်ငန်းများ
ဆောင်ရွက်သွားမည်ဖြစ်သည်။
လက်ရှိတွင် မီဇိုရမ်ပြည်နယ်၊
လွမ့်တလိုင်း (Lawngtlai) ခရိုင်မှ
မြန်မာနယ်စပ်အထိ ၁၁၇ ကီလိုမီတာ အရှည်ရှိသော နှစ်လမ်းသွား ကားလမ်းကိုလည်း
ဖောက်လုပ်နေပြီဟုလည်း အိန္ဒိယအခြေစိုက် NDTV သတင်းတွင်
ပြီးခဲ့သည့် ဇန်နဝါရီလက ထုတ်လွှင့်သွားခဲ့သည်။အဆိုပါကားလမ်းဖောက်လုပ်ပြီးစီး
ဓာတ်ပုံ -
မကြာမီဖွင့်လှစ်တော့မည့် စစ်တွေဆိပ်ကမ်းကို တွေ့ရစဉ်။