ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့ ပေါ်ရှိစစ်ဘေးရှောင်စခန်းတွင်အသက်မွေးဝမ်းကျောင်း စက်ချုပ်သင်တန်းဖွင့်လှစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 7.1k


အောင်လင်းထွန်း
နိရ ဉ္စရာ၊ ဇူလိုင် ၆/ ၂၀၂၁
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ ရန်အောင်မြေစစ်ဘေးရှောင်စခန်းတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်သင်တန်းတစ်ခုကို ယနေ့ ဖွင့်လှစ်ခဲ့ကြောင်းသတင်းရရှိသည်။
ရန်အောင်မြေဆရာတော် ဦးဣန္ဒဝံသက “ကျောင်းမှာအလုပ်လက်မဲ့တွေကို အလုပ်ရအောင်အတွက် ကော်မတီကဝိုင်ဝန်းပြီး သူတို့ကိုထောက်ပံ့ပေးတဲ့ အနေနဲ့ စက်ချုပ်သင်တန်းကို ပြုလုပ်ပေးတဲ့ သဘောမျိုးနဲ့လုပ်ပေးတာပါ။ သူတို့ကို အတတ်သင်အနေနဲ့ သင်တန်းက လေးလသတ်မှတ်ထားတယ်” ဟု မှမိန့်သည်။
စစ်ဘေးရှောင်စခန်းတွင်နေ့ထိုင်ကြသည့် အမျိုးသမီးများကို ကိုယ်ပိုင် လုပ်ငန်းများကို လုပ်ကိုင်နိုင်ရေးအတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး သင်တန်းတွင် သင်တန်းသူ ၁၄ ဦးတက်ရောက်သင်ကြားနေကြောင်း ဆရာတော်က မိန့်ကြားသည်။
သင်တန်းသူ မအေးသိန်းမြတ် “အခုလိုအအလုပ်မရှိ ဖြစ်နေတဲ့အခါ ဒီလို သင်တန်းဖွင့်ပေးလို့အများကြီးကျေးဇူးတင်ပါတယ်။ ဘာလို့ဆိုရင် ဒီသင်တန်းပြီးလို့ စက်ချုပ်ဖို့တတ်ရင် မိဘကိုအများကြီး အထောက်အကူ ပြုလို့ရတယ်။ ဒီသင်တန်းပြီးရင်လည်း ကိုယ့်အိမ်မှာ စက်ချုပ်ဖို့အတွက် ရည်ရွယ်ထားပါတယ်” ဟု မှပြောသည်။
ဘူးသီးတောင်မြို့နယ် ရန်အောင်မြင်ဘုန်တော်ကြီးကျောင်း စစ်ဘေးရှောင် စခန်းတွင် စစ်ဘေးရှောင် ၈၀၀ ရာခန့် ခိုလှုံနေထိုင်နေကြသည်ဟု သိရသည်။
ဓာတ်ပုံ- ရန်အောင်မြေဆရာတော် ဦးဣန္ဒဝံသ

ဆက်စပ် သတင်းများ