ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

မိုင်းရှင်းလင်းရေးမလုပ်ပေးဘဲ နေရပ်ပြန်ခိုင်း၍ စိုးရိမ်သည်ဟုပလက်၀စစ်ဘေးရှောင်များပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.9k

မြထွီးသျှင်

နိရဥ္စရာ၊ အောက်တိုဘာ ၂၉/၂၀၂၁

ကျေးရွာများနှင့် အနီးဝန်းကျင်ကို  မိုင်းရှင်းလင်းရေး မပြုလုပ်ဘဲ ချင်းပြည်နယ်၊ ပလက်ဝမြို့ ပေါ်ရှိ စစ်ဘေးရှောင်စခန်းအသီးသီးမှ မိသားစုများကို အစိုးရက ထောက်ပံ့ငွေပေးကာ အသုတ်လိုက် နေရပ် ပြန်လွတ်ခိုင်းနေသဖြင့် စိုးရိမ်မှုများ ရှိနေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ပလက်၀မြို့ ဘောလုံးကွင်းစစ်ရှောင်စခန်းမှ အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက  ကျနော်တို့ စခန်းကတော့ နည်းနည်း ပါးပါးပြန်သွားကြပါပြီ။ ထောက်ပံ့ကြေးငွေလည်း အစီအစဉ်တကျ ပေးတာမျိုးတော့မဟုတ်ဘူး။ နေအိမ်တွေလည်း ပြန်ပြုပြင်ထားတာမရှိသေးဘူး။ မိုင်းတွေလည်း ရှင်းလင်းတာတွေတော့ မမြင်ရတော့ စိုးရိမ်ရတယ်။ ေရပ်ပြန်တာကိုတော့ စက်လှေတွေနဲ့ ကားတွေနဲ့ စစ်တပ်ဖက်က လိုက်ပို့ပေးတာရှိတယ်ဟုပြောသည်။

ပလက်၀မြို့ပေါ် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသူများမှာ တမန်းကျေးရွာ၊ ပလပ်ချောင်း၀ ကျေးရွာ၊ အန်ခိုး၀ကျေးရွာ၊ ဆီဖလောင်းကျေးရွာ၊ အောင်မီးလက်၀ကျေးရွာ၊ စိမ့်စမ်း၀ကျေးရွာ ၊ ငဗွီကျေးရွာနှင့်  ဘောင်ဝစသည့် ကျေးရွာများမှဖြစ်ကြပြီး မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)  တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည့် ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်အတွင်းက ကျေးရွာများကို စွန့်ခွာ ထွက်ပြေး လာကြသူများ ဖြစ်ကြသည်။

ပလက်၀မြို့ပေါ်တွင် စခန်း ၅ ခုရှိရာ ယင်းအထဲမှ ောလုံးကွင်း စစ်ဘေးရှောင်စခန်းမှ အိမ်ထောင်စု ၃၁၉ စုရှိရာအထဲက အိမ်ထောင်စု ၁၂ဝစု ပြန်သွားခဲ့ကြပြီး ပလက်ဝမြို့ရှိ စိုက်ပျိုးရေးကွင်း စစ်ရှောင် စခန်းကမူ အိမ်ထောင်စု ၄ စု နေရပ် ပြန်သွားကြပြီဖြစ်ကြောင်းသိရသည်။

အောက်တိုဘာ ၂၆ ရက်နှင့် ၂၇ ရက်နေ့များက ပြန်သွားကြသည့်  ကျေးရွာသားများမှာ  တမန်းကျေးရွာ၊ ပလပ်ချောင်း၀ ကျေးရွာ၊ အန်ခိုး၀ ကျေးရွာ၊ ဆီဖလောင်းကျေးရွာ၊ အောင်မီးလက်၀ ကျေရွာ၊ စိမ့်စမ်း၀၊ ငဗွီကျေးရွာမှ ဖြစ်ကြသည်ဟု ဆိုသည်။  

 စိုက်ပျိုးရေးကွင်းစစ်ရှောင်စခန်းမှ အမည်မဖော်လိုသူ  စစ်ရှောင်တစ်ဦးက နေရပ်ပြန်ဖို့အတွက် မိုင်းတွေဘာတွေ ရှင်းလင်းပေးတာတွေတော့ မမြင်ဘူး။ နယ်မြေတစ်လျှောက် မိုင်းတွေကို ရှင်းလင်း ပေးဖို့အတွက်တော့ ကျနော်တို့ တောင်းဆိုခဲ့တာတွေ ရှိတယ်။ တချို့တွေဆိုရင် နေမယ့် အိမ် မပြင်ရသေးဘဲ ပြန်သွားရတာတွေရှိတယ်။ ဆန္ဒအရ ပြန်တယ်လို့တော့ မဟုတ်ဘူး။ ထောက်ပံကြေးပေးပြီး ပြန်လွတ်ရင်ပြန်ရတာပါဘဲဟုပြောသည်။

ထောက်ပံ့ကြေးပေးရာတွင် မီးလောင်၍ ပျက်စီးသွားသည့် နေအိမ် တစ်လုံးအတွက် မိသားစု တစ်စုစီကို ကျပ် ၅၈၃ဝဝဝ နှင့် ေအိမ်ပြုပြင်ရန်လိုအပ်သည့် အိမ်ထောင်စုတစ်စုစီကို ကျပ် ၃၈၆၀၀၀ ကျပ်စီပေးကြောင်း သိရသည်။

 မိုင်းများကို မရှင်းလင်းသေးဘဲ ပြန်ပို့ပေးနေသည့်အတွက် မိုင်းအန္တရာယ် စိုးရိမ်ပြီး တောင်ယာ လုပ်ငန်းများ ပြန်လည်ုပ်ကိုင်ရာတွင်လည်း အခက်အခဲဖြစ်လာနိုင်သည်ဟုလည်း စိုက်ပျိုးရေးကွင်း စစ်ရှောင်စခန်းမှ အမည်မဖော်လိုသူ စစ်ရှောင်က ြောကြားသွားသည်။


(ဓာတ်ပုံ- Khonumthung)

 

ဆက်စပ် သတင်းများ