- Web Master
- ၂၈ သြဂုတ် ၂၀၂၄
ရခိုင်အဆိုတော်ရိုက်ဒါသည် ပြီးခဲ့သည့်ရက်ပိုင်းက စစ်တွေတွင် ဖမ်းဆီးခံလိုက်ရသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။
စက်တင်ဘာလ ၁ ရက်၊ ညတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)က ဖမ်းဆီးသွားသည်ဟု သတင်းများထွက်ပေါ်နေကြောင်း သူ၏နီးစပ်သူများက ပြောဆိုနေကြသည်။
ရိုက်ဒါသည် ပရဟိတ လုပ်ဆောင်နေသူ
တစ်ဦးဖြစ်ပြီး ပရဟိတငွေကြေး အလွှဲသုံးစား ပြုလုပ်မှုကြောင့် ဆိုဆုံးမရန်
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(
ယင်းကိစ္စနှင့်ပတ်သက်ပြီး
ULA နယ်မြေတာဝန်ခံများနှင့်
တာဝန်ရှိသူအချို့ကို နိရဉ္စရာက ဆက်သွယ်မေးကြည့်သော်လည်း ယခုကိစ္စကို
မသိရှိဟု ဆိုသည်။
ဆက်လက်ပြီး ULA
၏ ပြောခွင့်ရသူ
ဦးခိုင်သုခကိုလည်း နိရဉ္စရာက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။
သူ့ကို
မည်သည့်နေရာမှတဆင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ဆိုသည်
သူသည် စစ်တွေမြို့၊
ကျေးတောပိုက်ဆိပ်ကျေးရွာတွင် မကြာမကြာနေထိုင်တတ်သည့်အတွက် ယင်းကျေးရွာမှ
တာဝန်ရှိသူအချို့နှင့် ဒေသခံအချို့ကို နိရဉ္စရာက ဆက်သွယ်မေးမြန်းကြည့်သော်လည်း
သူဖမ်းဆီးခံရသည်ကို မသိရှိဟု ပြောကြသည်။
သူ၏လက်ကိုင်ဖုန်းကို
နိရဉ္စရာက ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထား၍ အသေးစိတ်မသိရသေးပါ။ ဆက်လက်ပြီး
သူ၏မိသားစုဝင်များကိုလည်း ဆက်သွယ်နေဆဲ ဖြစ်သည်။ သူ၏မိသားစုဝင်များ အပါအဝင် ကာယကံရှင်ဖြစ်သူနှင့်လည်း အဆက်အသွယ်မရသေး၍ ငွေကြေးအလွဲသုံးစားလုပ်၍ဖမ်းဆီး
သူသည် မကြာသေးခင်ကလည်း
သရုပ်ဆောင် မမဆောင်းတို့နှင့်အတူ မြန်မာလိုသီဆိုထားသည့် MTV သီချင်းတစ်ပုဒ်ကို ရိုက်ကူးထားပြီး
မကြာမီရက်ပိုင်းအတွင်း ထုတ်လွှင့်သွားမည်ဟု
သူ၏လူမှုကွန်ရက်တွင် စက်တင်ဘာလ ၁ ရက်၊ ညနေ ၆ နာရီကျော်က
တင်ခဲ့သေးသည်။ (NN-16)
ဓာတ်ပုံ - ရိုက်ဒါ၏
လူမှုကွန်ရက်