- Web Master
- ၂၅ အောက်တိုဘာ ၂၀၂၄
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်
အဆိုပါအမျိုးသားနှစ်ဦးမှာ ကျောက်တော်မြို့ပေါ်မှဖြစ်ပြီး
တောင်ပြိုလက်ဝဲမြို့တွင် တာဝန်ကျနေသည့် လျှပ်စစ် EPC ဝန်ထမ်းများဖြစ်ကြောင်း
သိရသည်။
သူတို့ကို ယမန်နေ့
အောက်တိုဘာ ၂၃ ရက်၊ ညနေပိုင်းတွင် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု
ကျောက်တော်ဒေသခံတစ်ဦးက နိရဥ္စရာကို ပြောသည်။
"မနေ့က
ညကဖမ်းသွားတယ်ကြားတယ်။ စစ်သားတွေက လိုက်ဖမ်းတာ။ စစ်တပ်က ဖမ်းတာ"ဟုပြောသည်။
၎င်းတို့နှစ်ဦးကို
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်
"သူတို့နေတဲ့နေရာကိုဝင်ပြီး
မွှေသွားတာ။ AA နဲ့ဆက်စပ်တယ်ဆိုပြီးဖမ်းတာ"
ဟု ပြောသည်။
ဖမ်းဆီးခံရသူများကို တောင်ပြိုလက်ယာရှိ စစ်တပ်တစ်ခုတွင် ထိန်းသိမ်းထားကြောင်းသိရပြီး နောက်ဆက်တွဲသတင်းကို နိရဥ္စရာက စုံစမ်းနေဆဲဖြစ်သည်။ (NN-11)
ဓာတ်ပုံ - တောင်ပြို ပြန်/ဆက်