- Web Master
- ၁၇ မေ ၂၀၂၄
ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ မေ ၁၅ / ၂၀၂၁
မြေမြုပ်မိုင်းပေါက်ကွဲ၍ ခြေထောက်နှစ်ဖက်လုံးပြတ်တောက်သွားသော အမ်းမြို့နယ် ဒါးလက်အနောက်ရွာမှ ဦးကျော်ထွန်းဦး (၆၆)နှစ်သည် ယနေ့ နေ့လယ် ၂ နာရီအချိန်ခန့်က သေဆုံးသွားပြီ ဖြစ်ကြောင်း သိရှိရသည်။
၎င်းသည် အနောက်ပိုင်းတိုင်း စစ်ဆေးရုံကို ရောက်ပြီး မိနစ် ၂၀ ခန့်တွင် သေဆုံးသွားကြောင်း အမ်းဒေသခံ ကိုမျိုးလွင်က ပြောသည်။
“ အနောက်ပိုင်း တိုင်းဆေးရုံးကို ရောက်တဲ့အခါမှာသေဆုံးသွားတယ်။ တိုင်းဆေးရုံမှာ မိနစ် ၂၀ လောက်ပဲ ကြာခဲ့တယ်လို့ပြောတယ်။ တိုင်းဆေးရုံက ၃၇၃ တပ်နားမှာ ရှိတာပါ။ တပ်မတော်ဆေးရုံပါ။ သူတို့က ဆေးရုံကို တစ်နာရီနဲ့ မိနစ်၄၀ လောက်မှာ ရောက်တယ်လို့ ပြောတယ်” ဟုပြောသည်။
၄င်းသည် ယနေ့ နံနက် ၁၀ နာရီအချိန်ခဲ့က ရွာ၏အနက်ဖက် ၃ဖာလုံအကွာ ကျောက်တံခါးတောင်ရှိ မိမိပိုင်ဆိုင်သော သီဟိုဠ်ခင်းထဲသို့ သွားရောက်ကြည့်ရှုစဉ် မြေမြုပ်မိုင်း ပေါက်ကွဲခြင်း ဖြစ်သည်။
သေဆုံးသွားသူ၏ ရုပ်အလောင်းအား တိုင်းဆေးရုံမှတဆင့် ဒါးလက်အနောက်ရွာသို့ ပြန်လည်ယူသွားပြီဖြစ်ကြောင်း သိရှိရသည်။