- Web Master
- ၁၇ မေ ၂၀၂၄
နိရဥ္စရာ၊ သြဂုတ်
၃၀/၂၀၂၂
ရခိုင်ပြည်နယ်၊
မောင်တောမြောက်ပိုင်း တရိန်း(မြို)ရွာတွင် တောင်ယာသွားကြည့်သည့် အန်ဂျီအို
ဝန်ထမ်းတစ်ဦး
ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မိုင်းထိဒဏ်ရာရရှိသူမှာ အသက်
(၂၉) နှစ်အရွယ် ကိုဆိန်ကြ ဖြစ်ပြီး မာလ်တီဇာအန်ဂျီအိုအဖွဲ့မှ တရိန်းမြိုရွာနှင့်
ရခိုင်ရွာ၏ ကျန်းမာရေးတာဝန်ခံဖြစ်ကြောင်း သိရသည်။
ယမန်နေ့ သြဂုတ်
(၂၉) ရက် ညနေ ၆ နာရီခွဲခန့်က ရွာနှင့် ၁ မိုင်အကွာ တောင်ယာငှက်ပျောခင်းကို
သွားချိန် မိုင်းနင်းမိခြင်း ဖြစ်ကြောင်း တရိန်း(မြို)ရွာဆရာတော်က
မိန့်သည်။
"ခြေထောက်ပေါင်နားက နည်းနည်းထိသွားပါတယ်။
အရမ်းတော့မများပါဘူး။ နောက်ပြီး ကျောကုန်းတွေကလည်း နာတယ်လို့ပြောတယ်။
အသက်တစ်ခု ရလိုက်တာတော့ ကံကောင်းတယ်"ဟု ပြောသည်။
ကျေးရွာ အနီးအနား
ဖြစ်ပွားခြင်းဖြစ်၍ ကျေးရွာသားများ စိုးရိမ်မှုမြင့်တက်လျက်ရှိကြောင်း ဆက်ပြောသည်။
"ရွာနဲ့ အနီးအနားမှာပဲ
ဖြစ်သွားတာမလို့ ရွာသားတွေကတော့ လုပ်ကိုင် စားသောက်ရမှာ သွားလာရမှာကို
အရမ်းကြောက်နေကြတယ်။ စိုးရိမ်ကြတယ်"ဟု ဆက်ပြောသည်။
လက်ရှိတွင်
မိုင်းထိဒဏ်ရာရသူကို ကြိမ်ချောင်းဆေးရုံမှတဆင့် မောင်တောဆေးရုံသို့ ပို့ဆောင်လိုက်ပြီဟု သိရသည်။
ယခုမိုင်းပေါက်ကွဲခဲ့သည့်နေရာသည်
လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့်နေရာအနီးတွင် တည်ရှိကြောင်း သိရသည်။