- Web Master
- ၀၄ သြဂုတ် ၂၀၂၂
ဆောင်းဇာခြည်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၂/ ၂၀၂၁
ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ လွတ်မြောက်လာပြီဟု အင်းစိန် အကျဉ်းထောင်ဦးစီးမှ အတည်ပြုပြောကြားသည်။
“ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ လွတ်မြောက်ပါပြီ။ နှစ်ယောက်လုံး လွတ်ပါတယ်” ဟု ပြောသည်။
၄င်းတို့ နှစ်ဦးလွတ်မြောက်လာမည်ဖြစ်၍ မိသားစုဝင်များမှာ ရန်ကုန်မြို့ရှိ အင်းစိန်ထောင်ရှေ့တွင် ကြိုဆိုလျက်ရှိကြကြောင်းလည်း ဒေါက်တာအေးမောင်၏ ဇနီး ဒေါ်မြမြသက်က ပြောသည်။
ဝေဟင်အောင်၏ အစ်ကိုဖြစ်သူ ဦသိန်းဝင်းက “ ကိုဝေဟင်အောင်လွတ်လာပါပြီ။ အခုနားကဘဲ ကိုဝေဟင်အောင်ဇနီးဖြစ်သူနဲ့ ဖုန်းရပါပြီ။ ကျန်းမာရေးကောင်းတယ်လို့ ပြောပါတယ်” ဟု ပြောကြားသည်။