အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် Women Generation အဖွဲ့မှ စစ်တွေတွင် လှုပ်ရှားမှုပြုလုပ်
-
ရေးသူ:
Web Master
-
| ရက်စွဲ:
၀၉ မတ် ၂၀၂၁
-
| ကြည့်ရှုသူ:
9.1k
ဇော်ဝင်းဋ္ဌေး( ငခူချောင်း)
နိရဉ္စရာ၊ မတ်လ ၉/ ၂၀၂၁
မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ၌ မျိုးဆက်သစ်အမျိုးသမီးများအဖွဲ့ (Women Generation) အဖွဲ့မှ စစ်တွေကမ်းခြေ၌ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
၎င်းလှုပ်ရှားကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ကို ကြိုဆိုသည့်
အနေဖြင့် မတ်လ ၈ ရက် နေ့လယ် ၁ နာရီခွဲခန့်အချိန်တွင်
စစ်တွေ ကမ်းခြေ၌ Women Generationအဖွဲ့မှ ဒါရိုက်တာ မခင်မြင့်ဇော်က
နိရဉ္စရာသို့ ပြောသည်။
"ဒီနေ့ဟာ နိုင်ငံတကာ အမျိုးသမီးများနေ့ဖြစ်တဲ့အတွက် အမျိုးသမီးတွေရဲ့ဂုဏ်ကို
ဖော်ထုတ်ချင်တာပါ။ အမျိုးသမီး တွေကိုလည်း တန်ဖိုးထားစေချင်ပါတယ်။ အမျိုးသမီးတွေဟာ အဖိနှိပ်ခံမဟုတ်ဘူး
။ အမျိုးသမီးတွေဟာလည်း လုပ်နိုင်စွမ်းရှိပါတယ်။
အမျိုးသမီးတွေကို အဘက်ဘက်က တိုးတက်လာအောင်
အသိပညာတွေ ပေး လုပ်ငန်းတွေ
လုပ်ကိုင် ဆောင်ရွက်ဖို့လိုအပ်မယ် ။ ပြီးတော့ အမျိုးသမီးတွေကို
ပါဝင်အောင်လည်း လက်တွဲခေါ်သင့်တယ်"ဟု ပြောသည်။
၄င်းလှုပ်ရှားမှု ပြုလုပ်ရာတွင်
တဘီတစ်ထည်ပေါ်တွင် " ငါရို့ ထမီ ငါရို့အလံ ငါရို့အောင်ပွဲ"
ဟု စာရေးသားပြီး ၎င်းထဘီကို ကိုင်ဆောင်ကာ အမျိုးသမီးများက လှုပ်ရှားခဲ့ကြသည်ဟု
သိရသည်။
"အဓိကပြောချင်တာကတော့ ထဘီဆိုတာ နစ်နွန်းတဲ့အရာမဟုတ်ဘူး။ ဒါကြောင့်မို့
ထဘီကိုသုံးလိုက်တာပါ ။ အဓိကတော့ နိုင်ငံတာကာ အမျိုးသမီးနေ့ကို လူတွေ သိသွားအောင်လို့ပါ။ ထဘီဆိုတာ အရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်လို့ အသိပညာ ပေးချင်တာပါ။
အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ဖော်ထုတ်တာပါ " ဟု မခင်မြင့်ဇော်က ပြောသည်။
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ၁၉၇၅ ခု မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ
အမျိုးသမီးများနေ့အဖြစ် တရားဝင် အသိအမှတ်ပြုခဲ့ကြောင်း သိရှိရသည်။
Photo Credit: Women Generation