စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

နည်းပညာတက္ကသိုလ်(စစ်တွေ)မှ ကျောင်းသားများသမဂ္ဂ၏ရုံးသုံးဘာသာစကားကို ရက္ခိုင်ဘာသာအဖြစ် သတ်မှတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 6.7k

နွေဦးမေ
နိရ ဉ္စရာ၊ မတ် ၁၈ / ၂ဝ၂၂
နည်းပညာတက္ကသိုလ်(စစ်တွေ)မှ ကျောင်းသားများသမဂ္ဂ၏ ရုံးသုံးဘာသာစကားကို ရက္ခိုင်ဘာသာအဖြစ် တရားဝင်သတ်မှတ်လိုက်ပြီဟု သိရသည်။
အနာဂတ်လူငယ်များ မိမိရခိုင်စာပေကို ပြန်လည်အသုံးတွင်ကျယ်လာစေရန်ရည်ရွယ်၍ မတ်လ ၁၇ ရက်မှစတင်ကာ စစ်တွေဒေသိယလေသံကိုအခြေခံရေးသားသော ရခိုင်ဘာသာဖြင့် ယခုကဲ့သို့သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု
အဆိုပါကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုခိ်ုင်စိုးလင်းက နိရဥ္စရာကို ပြောသည်။
“ကျနော်တို့ ဒီလိုဘာသာစကားကိုပြောင်းလဲသုံးစွဲတဲ့နေရာမှ အခက်ခဲတော့ရှိတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ရခိုင်မှာက ဒေသိယစကားတွေအများကြီး ကွဲပြားတာအများကြီးရှိတယ်။ စာရေးတဲ့ဟန်တွေလည်း ကွဲပြားတာတွေလည်း ရှိတယ်။ ရခိုင်ဘာသာစကားမှာက တရားဝင်သတ်မှတ်ထားတဲ့ စာလုံးပေါင်းသတ်ပုံကျမ်း အဘိဓာန်မရှိသေးဘူးဆိုတော့။ ဒါကြောင့် ကိုယ့်ထက်ကြီးတဲ့သူတွေ တတ်သိတဲ့သူတွေက အမှားတွေကို ဝေဖန်ထောက်ပြစေချင်တယ်” ဟု ပြောသည်။
အခြားရုံးစာများနှင့် သတင်းပြန်ကြားခြင်းများကို လိုအပ်ချက်အရ ရက္ခိုင်ဘာသာအပြင် မြန်မာဘာသာဖြင့်ပါ သုံးစွဲသွားမည်ဖြစ်ပြီး ထုတ်ပြန်ချက်များ၊ ကြေညာချက်များတွင် ရက္ခိုင်စာပေအရေးအသားနှင့်ပတ်သက်၍ ဝေါဟာရ၊ သတ်ပုံအမှားအယွင်းများရှိပါက ကျောင်းသူ၊ ကျောင်းသားများနှင့် ရဟန်းရှင်လူပြည်သူများက ပြင်ဆင်တည့်မတ်ပေးကြရန်လည်း နည်းပညာတက္ကသိုလ်(စစ်တွေ)မှ ကျောင်းသားများသမဂ္ဂက မေတ္တာရပ်ခံထားသည်။
မတ်လ ၁၅ ရက်ကပြုလုပ်ခဲ့သည့် နည်းပညာတက္ကသိုလ်(စစ်တွေ)မှ ကျောင်းသားများသမဂ္ဂ၏ ဗဟိုအမှုဆောင်အဖွဲ့(ယာယီ) တတိယအကြိမ်ပုံမှန်အစည်းအဝေးတွင်ဆွေးနွေးအတည်ပြုချက်အရ ယခုကဲ့သို့ သတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း အဆိုပါသမဂ္ဂ၏ မတ်လ ၁၇ ရက်ကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ