ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ပဲခူးတိုင်း မုန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်တို့ တိုက်ခိုက် သိမ်းပိုက်


  • ရေးသူ: Web Master (NN 24)
  • | ရက်စွဲ: ၀၃ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 687

ပဲခူးတိုင်း၊ညောင်လေးပင်ခရိုင်၊မုန်းမြို့နယ်ထဲရှိစစ်ကောင်စီတပ်၏တပ်ရင်းခုတို့တပ်စွဲထားသည့် သစ်ချဆိပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLAတပ်မဟာ () လက်အောက်ခံတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

ယင်းစခန်းကို ဩဂုတ်လ (၃၁) ရက်နေ့၊ နံနက် () နာရီ၌ K.N.L.A တပ်ရင်း () တပ်ရင်း () ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း () တို့ ပူးပေါင်းထားသည့် တပ်မဟာဌာနချုပ် စစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ရာ စက်တင်ဘာလ () ရက်နေ့၊ ညနေ  နာရီခွဲခန့်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက စက်တင်ဘာ ရက်တွင် ထုတ်ပြန်ထားသည်။

သိမ်းပိုက်ခံရသည့်တပ်စခန်း၌ ခလရ၄၃၉၊ ခလရ၆၀၊ ခမရ၃၅၀ နှင့် ခမရ၃၅၁ စသည့် တပ်ရင်းများ တပ်စွဲထားပြီး စစ်ကောင်စီတပ်ဘက်မှ (၁၅) ဦးသေဆုံးခဲ့ကာ ကွန်မန်ဒိုပြောင်း () လက်၊ စက်လတ် () လက် နှင့် လက်နက်ငယ် စုစုပေါင်း (၁၉) လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။



တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူများ၏ နေအိမ်များ၊ ကျောင်းများ၊ ဆေးရုံများအတွင်းမှနေကာ ပြန်လည်ခုခံခြင်း၊ ခလရ၄၃၉ ဘက်မှ ၁၂၂ မမ၊ ၁၅၅ မမ ဟောင်ဝစ်ဇာများ၊ ကျောက်ကြီး သံဘိုရှိ ခလရ၆၀ မှ ၁၂၀ မမ စသည့် လက်နက်ကြီးများဖြင့် ပစ်ခတ်သလို လေကြောင်းမှပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ခက်ခက်ခဲခဲဖြင့် တိုက်ခိုက်သိမ်းပိုက်ခဲ့ရသည်ဟု ဆိုထားသည်။

ယင်းတိုက်ပွဲအတွင်း (K.L.N.A) ပူးပေါင်းတပ်ဖွဲ့များဘက်မှ () ဦး ကျဆုံးခဲ့ရကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုများကြောင့် သစ်ချဆိပ်ရွာအပါအဝင် ဖိုးသောစ၊ မျက် ရဲကရင်၊ မျက်ရဲဗမာ၊ တိုင်ပင်၊ ကျွန်းကုန်း၊ ဥသျှစ်ခင်နှင့် ငလောက်တိုက်ရွာ စသည့် ရွာပေါင်း ရှစ်ရွာမှ ဒေသခံ  ထောင်ကျော်တို့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း KNU ထုတ်ပြန်ချက်အရ သိရသည်။

Photo - 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

ဆက်စပ် သတင်းများ