တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်ကောင်စီက အွန်လိုင်းလိမ်လည်မှုအဖွဲ့ အဓိကခေါင်းဆောင် ၆ ဦး အပါအဝင် ၁၀ ဦးအား တရုတ်နိုင်ငံသို့ လွှဲပြောင်း


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၃၁ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2k

စစ်ကောင်စီသည်  မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့ အဓိက ခေါင်းဆောင် ၆ ဦးအပါအဝင်  ၁၀ ဦးကို ယမန်နေ့ (ဇန်နဝါရီ ၃၀ရက်) က တရုတ်အစိုးရထံသို့ လွှဲပြောင်းပေးလိုက်သည်ဟု သတင်းရရှိသည်။

လွှဲပြောင်းခံရသူ ခေါင်းဆောင် ၆ ဦးမှာ  ပယ်ဆောက်ချိန်၊ ပယ်ရင်ချန်၊ ဝေ့ဟွိုင်ရန်၊ လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာတို့ဖြစ်ကြပြီး နောက်ထပ် ၄ ဦးမှာ  အခြားအရေးကြီး ပြစ်မှု ကျူးလွန်ကြောင်းသံသယရှိနေသူများဖြစ်ကြသည်ဟု ဆိုသည်။



ယခုအကြိမ်လှုပ်ရှားမှုသည် တရုတ်-မြန်မာနှစ်နိုင်ငံက နိုင်ငံတကာရဲရေးရာ တရားဥပဒေစိုးမိုးမှု ပူးပေါင်းဆောင်ရွက်ရာတွင် နောက်ထပ်ရရှိသည့် အထင်ကရ အောင်မြင်မှုရလဒ်ပင် ဖြစ်သည်ဟုဆိုသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံမြောက်ပိုင်း အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူပေါင်း ၄၄,၀၀၀ ကို တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်။

၎င်းတို့အနက် နောက်ကွယ်မှ “ငွေကြေးထောက်ပံ့သူ” ၊ အဖွဲ့ခေါင်းဆောင်နှင့်အမာခံများ ၁၇၁ ဦး၊ တရားခံပြေး ၂၉၀၈ ဦးပါဝင်သည်ဟု ဆိုသည်။


Ref: Xinhua

ဆက်စပ် သတင်းများ